Constipation and pregnancy ကိုယ်ဝန်ဆောင်ဝမ်းချုပ်ခြင်း


သမီးအသက် ၂၃ ကိုယ်ဝန် နှစ်လကျော်ပါဆရာ။ ၀မ်းအရမ်းချူ ပ်နေလို့ဝမ်းနှုတ်ဆေးအနေနဲ့ MOM သောက်ခိုင်းပါတယ်။ အစာနဲ့ဝေးဝေး တနေ့သုံးလုံးသောက်ခိုင်းပါတယ်။ ဒီနေ့ည မှစသောက်မှာပါဆရာ။ သမီးတို့ မြန်မာအယူနဲ့ ၀မ်းကြီးနာဆွဲလို့ ခေါ်မလားဆရာ။ အိမ်က မေကြီးက အဲ့လို သုံးနှုန်းလို့ပါ ဆရာ။ အဲ့လို ၀မ်းကြီးနာဆွဲတာ သူများထက်ပိုဆိုးနေပါတယ်ဆရာ။ စားသမျှလည်း စားပြီး ခဏနေပြန်အန်ပါတယ် ဆရာ။ အဲ့ဒါ ၀မ်းချူ ပ်နေတဲ့အတွက်ကြောင့် စားပြီးအန် ဘာစားစား လည်ပင်းမှာ တစ်နေသလိုမျိုး ခံစားနေရလို့ပါဆရာ။ အရေးအသားမှားရင် ခွင့်လွှတ်ပေးပါဆရာ။
ဝမ်းချူ ပ်နေတဲ့အတွက်ကြောင့်များ တခြားသူတွေထက် ပိုဆိုးရွားနေတာလား ဒါမှမဟုတ် သဘာဝ ကြောင့်ပဲလားဆိုတာ သိချင်တာပါ။ ဆေးရုံသွားပြတော့လည်း ဆရာဝန်က ဘာမှမပြောဘဲ အန်တာသက်သာတဲ့ဆေးပဲ ပေးတယ်ဆရာ။

ဝမ်းချုပ်တာ အကျင့်ဖြစ်တယ်။ ရေ-အရည် များများသောက်တာ၊ အသီးအရွက် များများစားတာကနေ ဝမ်းလွယ်စေတာ မှန်တယ်။ မန်ကျီးမှည့်၊ သဘောင်္သီးမှည့်တွေက ဝမ်းသက်စေတာမှန်တယ်။ ဝမ်းနုတ်ဆေးကို တခါတလေသာအားကိုးပါ။ ဘယ်ဝမ်းနုတ်ဆေးမဆို သောက်ရင်အကျင့်ဖြစ်နိုင်တယ်။ ဝမ်းနုတ်ဆေးတလွဲသုံးတယ်ဆိုတာ ရှိတယ်။ မလိုဘဲနဲ့ ဝမ်းနုတ်ဆေးသောက်နေရာကနေ အူမကြီးအပျင်းရောဂါရပြီး ဆေးမသောက်ပဲ ဝမ်းက မသွားချင်တော့ဘူးဖြစ်မယ်။
အကောင်းဆုံးနည်းကတော့ (ဖိုက်ဘာ) ပါတဲ့အစားအစာ များများစားပေးဘို့ပါ။ Fiber (ဖိုက်ဘာ) ဆိုတာ ဟင်းသီး ဟင်းရွက်တွေထဲမှာပါတယ်။ အမေရိကန်အာဟာရအသင်းကနေညွှန်တာက တနေ့မှာ ယောက်ျား 38 grams နဲ့ မိန်းမ 25 grams စားသင့်တယ်လို့ဆိုတယ်။ စားလိုက်ရင် အစာလမ်းကနေ စုပ်ယူမသွားဘဲ ကျန်နေတာမျိုးဖြစ်တယ်။ ဝမ်းထုထည် များစေမယ်။ ဝမ်းပျော့စေမယ်။ သစ်သီးတွေထဲမှာများတယ်။ တမျိုးနဲ့တမျိုးတော့ မတူကြပါ။ လေထတာတော့ ရှိနိုင်တယ်။ ကိုယ်နဲ့သင့်တာကို မှတ်သားထားပြီးစားပါ။ အူထဲနေတဲ့ ဗက်တီးရီးယားတွေကနေဖြစ်စေလို့ပါ။ ရေလဲများများသောက်ပါ။ တနေ့ကို ရေ-အရည် (အရက်မဟုတ်တာ) ၈ အောင်စခွက်နဲ့ ၈ ခွက်သောက်ပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။ ဝမ်းသွားရင်မညှစ်ပါနဲ့။ ဆေးတွေလဲရှိတယ်။ Psyllium (Metamucil) နဲ့ Methylcellulose (Citrucel) တွေက ဝမ်းပျော့ဆေးတွေဖြစ်တယ်။ အမှန်က Fiber supplement (ဖိုင်ဘာ) အပိုဆောင်းပေးတာ ဖြစ်တယ်။
ဝမ်းနှုတ်ဆေးတွေ
1. Lubricant laxatives ချောဆီသဘော ဝမ်းနုတ်ဆေး
Mineral oil ဆီတွေသုံးတယ်။ ရေနဲ့ရောထားတဲ့ Emulsion လဲသုံးတယ်။ ဆီကနေ ဆီထဲပျော်ဝင်တဲ့ ဗီတာမင်တွေကို စုပ်ယူသွားနိုင်တာသတိထားရမယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မသင့်ပါ။ Warfarin (Coumadin) ဆေးနဲ့ oral contraceptives ကိုယ်ဝန်တားဆေးတွေကို သက်ရောက်စေနိုင်တယ်။ အစွမ်းနည်းစေမယ်။
2. Emollient laxatives ဝမ်းပျော့ဆေး
Docusate လိုဟာပါတယ်။ ဥပမာ Colace က ဝမ်းကိုရေများစေတယ်။ ဆီစုပ်ယူတာကို ပိုစေနိုင်တယ်။ အသည်းနဲ့ တက်စိတွေမှာ လာစုနေမယ်။
3. Hyperosmolar laxatives ဟိုက်ပါအော့စမိုလာ ဝမ်းနုပ်ဆေး
ဝမ်းကိုပျော့စေမယ်။ Lactulose (Kristalose) လက်ကျုလို့စ်၊ Sorbitol ဆော်ဘီတော နဲ့ Polyethylene glycol (MiraLax) ပေါ်လီအက်သလင်း ဂလိုင်ကောလ်တွေဖြစ်တယ်။ တာရှည်သုံးနိုင်တယ်။ ဗက်တီးရီးယားတွေကြောင့် လေပွနိုင်တယ်။
4. Saline laxatives ဆာရည်ဝမ်းနုပ်ဆေး
Magnesium hydroxide, Sulfate, Sodium phosphate နဲ့ Citrate တွေပါမယ်။ ဝမ်းပျော့စေမယ်။ ကျောက်ကပ် မကောင်းသူတွေအတွက် မသင့်ဘူး။ သက်ရောက်မှု မြန်တယ်။ ခဏခဏမသုံးသင့်ဘူး။ ဝမ်းသြးတာ များစေနိုင်တယ်။ ဓါတ်ဆားရည်သောက်ဘို့အထိ လိုချင်လိုမယ်။ အပျော့စားဖြစ်တဲ့ Milk (Cream) of magnesia ကိုအများဆုံးသုံးတယ် Epsom Salt (Magnesium sulfate) ဆားခါးက ပိုပြင်းတယ်။
5. Stimulant laxatives စတီမျူလင့် ဝမ်းနုပ်ဆေး
ကြွက်သားတွေကို ပျော့ပေးတယ်။ ဝမ်းထဲရေများစေမယ်။ Cascara (castor oil) ကြက်ဆူဆီ၊ Senna ပွေးကိုင်း၊ Aloe တွေသုံးတယ်။ ပြင်းလို့ ဝမ်းသွားတာများမယ်။ ပိုတက်ဆီယမ်နည်းမှာ သတိထားရမယ်။ ရေရှည်မသုံးသင့်ဘူး။ Bisacodyl (Dulcolax, Correctol) ဆေးဖြစ်တယ်။
6. Enemas ဝမ်းခြူခြင်း
Phosphate enemas (Fleet phosphosoda) ဖေါ့စ်ဖတ်၊ Mineral oil enemas ဆီ နဲ့ Emollient enemas (Colace Microenema) အီမိုးလီယင့်တွေဖြစ်တယ်။ ဝမ်းကမာနေပြီးဆို့နေတာမျိုးသုံးသင့်တယ်။ ခဏခဏမသုံးသင့်ပါ။
7. Suppositories ဝမ်းခြူတောင့်
Bisacodyl (Dulcolax) နဲ့ Glycerin suppositories တွေသုံးတယ်။
8. Combination products တွဲဖက်ဆေး
ပွေးကိုင်းနဲ့ရောထားတဲ့ Senna and Psyllium (Perdiem)၊ Senna and Docusate (Senokot-S) နဲ့ Senna and Glycerin (Fletcher's Castoria) တွေဖြစ်တယ်။ Casanthranol, Docusate, and Glycerin (Sof-lax Overnight) က ၃ မျိုး ရောထားတာဖြစ်တယ်။ ရေရှည်မသုံးသင့်ဘူး။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ