Coca Cola လိုမျိုး အက်စစ်ပါဝင်နှုန်းမြင့်တဲ့ အရည်သောက်သုံးပေးတာက အဆုတ်ကင်ဆာကို သက်သာစေ


အဆုတ်ကင်ဆာဝေဒနာခံစားနေရတဲ့သူတွေအနေနဲ့ Coca Cola သောက်သုံးပေးရင် ကင်ဆာရောဂါကို သက်သာစေပြီး ကင်ဆာဆေးတွေကို ပိုပြီးအစွမ်းထက်အောင် ပြုလုပ်ပေးနိုင်တယ်လို့ နောက်ဆုံးလေ့လာမှုတစ်ခုက ဆိုပါတယ်။

ရှာဖွေမှုအရတော့ အဆုတ်ကင်ဆာကို သက်သာစေတဲ့ ဆေးတစ်မျိုးဖြစ်တဲ့ Tarceva ဆေးဟာဆိုရင်တော့ pH level ပိုမြင့်မားတဲ့အချိန်မှာ ဆေးစွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ ဂုဏ်သတ္တိရှိတယ်လို့ သိရပါတယ်။ အစာအိမ်တွင်းမှာ pH ပါဝင်မှုနှုန်း ပိုပြီးမြင့်မားတာဟာ Tarceva ဆေးရဲ့ ကင်ဆာဆဲလ်လေးတွေကို တိုက်ဖျက်မှုနှုန်းကို လျော့ကျစေပြီး အဆုတ်ရောဂါဖြစ်ပွားဖို့ကို ပိုပြီးအားပေးနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ လေ့လာမှုတစ်ခုအရတော့ အစာအိမ်တွင်းအက်ဆစ်ပါဝင်မှုနဲ့ အပူတွေကို လောင်ကျွမ်းစေတဲ့ Prilosec ဆေးဝါးဟာ သွေးတွင်းမှာ Tarceva ဆေးပျော်ဝင်မှုကို ၆၁ ရာနှုန်းအထိ လျှော့ချသွားနိုင်တယ်ဆိုတာကို သိရှိခဲ့ရပါတယ်။

ပညာရှင်တွေကတော့ ရိုးရိုးပူးပေါင်းပါဝင်သူတွေကို ရေနဲ့ Prilosec ဆေးတွေကို ခုနစ်ရက်အထိ ထည့်သွင်းတိုက်ကျွေးခဲ့ရာမှာတော့ သူတို့ရဲ့ သွေးတွင်းကို Tarceva ဆေးရဲ့ အကျိုးသက်ရောက်မှုက မရှိသလောက်ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ Coca Cola လို အက်စစ်ဓာတ်များတဲ့ အရည်တစ်မျိုးနဲ့ Tarceva ဆေးကို မှီဝဲခိုင်းချိန်မှာတော့ ဆေးက ပိုပြီး အကျိုးသက်ရောက်တဲ့အပြင် ကင်ဆာဆဲလ်တွေကိုလည်း ပိုပြီးမြန်မြန်တိုက်ဖျက်နိုင်တာကို တွေ့ခဲ့ရပါတယ်။

ဒါ့ကြောင့် Coca Cola လို အက်စစ်ဓာတ်များတဲ့အရည်မျိုးဟာ အဆုတ်ကင်ဆာရောဂါတိုက်ဖျက်ရာမှာ ကူညီပေးပြီးတော့ ဆေးကို ပိုအကျိုးသက်ရောက်စေတာကို သိရှိခဲ့ရတာပါ။ လူနာတွေကိုတော့ ဆေးသောက်ချိန်မှာ Coca Cola နဲ့ တွဲသောက်ခိုင်းဖို့ ပညာရှင်တွေက စီစဉ်နေပြီး အဆုတ်ကင်ဆာလူနာတွေဟာ ရေများများမသောက်သင့်ဘူးလို့လည်း ကောက်ချက်ဆွဲခဲ့ကြပါတယ်။


( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : WebMD

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ