Air Freshener (လေသန့်စင်ဆေးဘူး) တွေက ထွက်ရှိတဲ့ ကာဗွန်မိုနောက်ဆိုဒ်က အသက်အန္တရာယ်ပါ ထိခိုက်နိုင်


တစ်နှစ်ကို ဥရောပတစ်လွှားက လူပေါင်း ၉၉၀၀၀ လောက်ဟာ လေသန့်စင်ဆေးရည်ဘူး (Air Freshener) နဲ့ အိမ်တွင်းသုံးပစ္စည်းတွေကနေ ထွက်ရှိတဲ့ အဆိပ်သင့်အခိုးအငွေ့တွေကို ရှူရှိုက်မိကာ သေဆုံးလျက် ရှိရကြောင်း အစီရင်ခံစာတစ်စောင်မှာ ဖော်ပြပါရှိပါတယ်။

ယခုအစီရင်ခံစာကို အင်္ဂလန်နိုင်ငံရဲ့ နာမည်ကျော် တော်ဝင်သမားတော်ကောလိပ် (Royal College of Physicians) နဲ့ ကလေးအထူးကုဆေးပညာကောလိပ် (Royal College of Paediatrics and Child Health) တို့က တင်သွင်းခဲ့တာဖြစ်ပြီး၊ ဘေးကင်းတယ်လို့ယူဆခဲ့ကြတဲ့ အိမ်တွင်းသုံးပစ္စည်းတွေရဲ့ ပုန်းကွယ်နေတဲ့ ဆိုးကျိုးအန္တရာယ်တွေကို လူတွေသတိထားဆင်ခြင်နိုင်အောင်ဖြစ်ပါတယ်။

ချို့ယွင်းချက်ရှိနေတဲ့ရေနွေးအိုးတွေကအစ ယင်ပြေးဆေးတွေ အပါအ၀င် အိမ်သုံး၊မီးဖိုချောင်သုံးပစ္စည်းတွေဟာ အိမ်တွင်းလေသန့်စင်မှုကိုကျဆင်းစေပြီး၊ ကျန်းမာရေးရေရှည်ထိခိုက်မှုရှိနိုင်ကြောင်း ဖော်ပြထားပါတယ်။

Air Freshener တွေကထွက်တဲ့ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့က အဆိုးရွားဆုံးဖြစ်ပြီး၊ အဆုတ်နဲ့ နှလုံးပိုင်းဆိုင်ရာ ရောဂါဖောက်ပြန်မှုတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ကြောင့် သန္ဓေသားဘ၀မှာ အဆုတ်နဲ့ ကျောက်ကပ်အပါအ၀င် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှေးကွေးတာ၊ ကိုယ်ဝန်ပျက်ကျတာတွေနဲ့၊ လူကြီးအရွယ်တွေမှာ နှလုံးနဲ့ပတ်သတ်တဲ့ ရောဂါတွေ၊ ပန်းနာရင်ကျပ်၊ ဆီးချို၊ စိတ်ဖောက်ပြန်မှုရောဂါ၊ အ၀လွန်ခြင်းနဲ့ ကင်ဆာအဆင့်အထိပါ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

အိမ်တွင်းလေညစ်ညမ်းမှုအပြင်၊ ပြင်ပလေညစ်ညမ်းမှုအတွက် အစိုးရအနေနဲ့ ကျောင်းနဲ့ နီးတဲ့နေရာတွေမှာ ကားအ၀င်အထွက်ပိတ်ပင်တာတွေ လုပ်သင့်ပြီး၊ လေညစ်ညမ်းမှုကို လျော့ချသင့်ကြောင်း အဆိုပါအစီရင်ခံစာ မှာ တောင်းဆိုထားတာကို တွေ့ရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Mirror

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ