Choosing Wisely campaign ဆေးကုတာမှာ လိုတာထက်မပိုစေပါနဲ့


၁၃-၅-၂ဝ၁၅ နေ့ဗြိတိသျှဆေးပညာဂျာနယ်မှာရေးလိုက်တဲ့ ဆေးပညာသတင်းဖြစ်ပါတယ်။ ဆးကုရာမှာ လိုတာထက် ပိုလုပ်ရင် အကျိုးမထူးတာရော ဆိုးတာပါဖြစ်စေနိုင်တယ်။ တချို့ဆရာဝန်တွေက မလိုအပ်တဲ့ဆေးစစ်မှုတွေ လုပ်နေကြတယ်။ ဆေးတွေလည်း လိုတာထက်ပိုပေးနေကြတယ်။

လူနာတွေအနေနဲ့ သူတို့ကိုပေးမယ့်စစ်ဆေးမှုနဲ့ ကုသမှုတွေကို ဘယ်ကြောင့်လိုအပ်သလည်းဆိုတာ မေးသင့်ကြတယ်။ ဒီစမ်းသပ်နည်းက တကယ်လိုပါသလား။ ဒိထက် ရှင်လင်းလွယ်ကူတာရှိပါသလား ဒါမလုပ်ရင်ဘာဖြစ်နိုင်ပါသလည်း။

(၁) သာမန်စိတ်ကျရောဂါမျိုးကို ဆေးပေးစရာမလိုပဲ အုပ်စုလိုက်စိတ်ကုသပေးမှုနဲ့ရတယ်။
(၂) သမားရိုးကျသွေးစစ်ဆေးမှုတွေ များပြားလွန်းရင် အသက်ကြီးသူတွေမှာ အရေပြားအားနည်းနေလို့ခက်တယ်။
(၃) သွေးတိုးဖြစ်ကာစလူနာကို လူနေမှုပုံစံပြောင်းစေတာနဲ့ လုံလောက်တယ်။

များလေကောင်းလေဆိုတဲ့အယူအဆက မှားတယ်။ အဲလိုအသိရှိလာ လိုက်နာလာအောင်လုပ်တာကို Choosing Wisely campaign အသိဥာဏ်နဲ့သာဆေးကုပါ ကင့်ပိန်းလို့ ခေါ်တယ်။ ကနေဒါနဲ့ ယူအက်စ်မှာစလုပ်နေပါတယ်။
တချို့အထူးကုဆရာဝန်တွေက ပြန်ငြင်းဆိုတာလည်းရှိပါတယ်။ ကင်ဆာလိုရောဂါဆိုရင် စစ်ဆေးမှုမစုံရင် လွတ်သွားနိုင်တယ်။

မေးခွန်းတွေထဲမှာ ကျွန်တော်-ကျမ ဘန်ကောက်သွားဆေးစစ်တယ စသဖြင့်ရေးကြတယ်။ စစ်ဆေးတာနဲ့ ကုသတာ မတူတာလည်း သတိပြုစေချင်တယ်။ ကုသမှုမှာမှာ ပိုပြီး အချိန်နဲ့ ငွေကုန်စေတာက ပိုသင့်မြတ်ပါတယ်။

ဓါတ်ပုံ = ကနေဒါ အသိဉာဏ်နဲ့သာဆေးကုပါကင့်ပိန်း (ကျမ ဓါတ်မှန်ဖြစ်ဖြစ် MRI ဖြစ်ဖြစ် တကယ်လိုပါသလား။ ထပ်စဉ်းစားပါရစေလားရှင်။)

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ