အီလက်ထရောနစ်စီးကရက်တွေမှာ ကင်ဆာပိုမိုဖြစ်စေတဲ့ဓာတ်တွေ တွေ့ရ


ကျွန်တော်တို့အပါအဝင် လူအများစုဟာ e-cigarettes လို့ခေါ်တဲ့ အီလက်ထရောနစ် ဆေးလိပ်တွေအနေနဲ့ သာမန်ဆေးလိပ်တွေထက်ပိုပြီး ရောဂါဖြစ်ပွားမှုနည်းစေနိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလို e-cigarette တွေကလည်း သင့်အတွက် အတိအကျကောင်းမွန်စေတော့မှာ မဟုတ်ပါဘူး။

လေ့လာချက်များစွာအရ e-cigarette vapor မှာ အဆိပ်သင့်စေတဲ့ ဓာတုဓာတ်များစွာ ပါဝင်ပါတယ်။ သုတေသီတွေရဲ့ ပြောကြားချက်အရ e-cigarette ရဲ့လောင်စာအရည်မှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းနှစ်မျိုး ပါဝင်တာကို တွေ့ရှိခဲ့ရတာပါ။

ဒီလေ့လာမှုကို Lawrence Berkeley National Laboratory က သုတေသနပညာရှင်တွေက ပြုလုပ်ခဲ့တာဖြစ်ပြီး Glycol နဲ့ Glycerin တွေမှာတွေ့ရတတ်တဲ့ အဆိပ်ဓာတ်နှစ်မျိုးကို Vapor Smoke တွေမှာ တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် သုတေသနပညာရှင်တွေက e-cigarette သောက်တာဟာလည်း လုံခြုံမှုမရှိကြောင်း ကင်ဆာရောဂါတွေကို ဖြစ်ပွားစေနိုင်ကြောင်း ဆိုခဲ့ကြတာပဲ ဖြစ်ပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: Engadget

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ