ဗြိတိန်တွင် ပလပ်စတစ်များကြောင့် လေထုညစ်ညမ်းမှုနှင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေကြောင်း ယူကေသုတေသီများက ထုတ်ပြန်


ဗြိတိန်ကျွန်းစု၏ နိုင်ငံတစ်နိုင်ငံ ဖြစ်သော စကော့တလန်နိုင်ငံ ဘာဝစ်ခ်မြို့တော်၏ မြောက်ဘက် (၃)မိုင်အကွာခန့်တွင် ရှိသော ကျောက်ကျွန်းစုတွင် ပလပ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် လေထုညစ်ညမ်းမှုနှင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေပြီး ကျောက်ကျွန်းစုအတွင်းရှိ ဝေလငါးများမှာ ရေထုညစ်ညမ်းမှုကြောင့် သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း ယူကေသုတေသီများက မေလ(၁၄) ရက်နေ့တွင် ထုတ်ပြန်သွားခဲ့သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး NGO အဖွဲ့အစည်း တစ်ခုဖြစ်သည့် Greenpeace UK မှ သုတေသီတစ်ဦးက “ဘာဝစ်ခ်မြို့ မြောက်ဘက်မှာ ရှိတဲ့ ကျောက်ကျွန်းစုမှာ ပလပ်စတစ်စွန့်ပစ္စည်းတွေ၊ အမှိုက်သရိုက်စွန့်ပစ်ပစ္စည်းတွေ အများကြီးတွေ့ရတယ်၊ ဒီလို စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် ရေထုညစ်ညမ်းမှုတွေ လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတယ်၊ ရေထုညစ်ညမ်းမှုကြောင့် ဝေလငါးတွေ နေ့စဉ်နဲ့အမျှ သေဆုံးနေရပါတယ်၊ အာဏာပိုင်တွေ အနေနဲ့ ဒီလိုလုပ်ရပ်တွေကို ထိန်းသိမ်းသင့်ပါတယ်၊ မဟုတ်ရင်တော့ လူသားတွေ အတွက်ပါ အန္တရာယ်ပေး လာနိုင်တယ်” ဟု ပြောကြား သွားခဲ့သည်။

 ဆက်လက်ပြီး ၎င်းက “ဒါတွေကို ထိန်းသိမ်းဖို့ ဆိုရင်တော့ အာဏာပိုင်တွေ အနေနဲ့ ကိုကာကိုလာ အချိုရည်ကုမ္မဏီလို ပလပ်စတစ် ပစ္စည်းတွေ အမြောက်အမြားသုံးစွဲနေတဲ့ ကုမ္မဏီတွေကို ထိန်းသိမ်းရမယ်၊ ကိုကာကိုလာ ကုမ္မဏီဟာ တစ်မိနစ်ကို ပလပ်စတစ်ဗူးခွံ (၁၆)သန်းအထိ ထုပ်လုပ်နေတဲ့ ကုမ္မဏီဖြစ်ပါတယ်၊ ဒါတွေဟာ စွန့်ပစ်ပစ္စည်း ဖြစ်လာမယ့်အရာတွေပါ၊ ဒါတွေကို ကန့်သတ်ထိန်းချုပ်နိုင်မယ် ဖြစ်ပါမယ်” ဟု အကြံပြုသွားခဲ့သည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ