နှလုံးဝေဒနာရှင်များ အက်စပရင်ပုံမှန်သောက်ခြင်းဖြင့် အကျိုးမထူးနိုင်ဟုဆ


နှလုံးဝေဒနာရှင်များအကြား အက်စပရင်တစ်လုံး နေ့ စဉ်သောက်သုံးလျင် အကျိုးထူးသည်ဟူသည့် ယုံကြည်မှု ပျံ့ နှံ့ လျက်ရှိရာဝယ် အက်စပရင်တစ်လုံးနေ့ စဉ်သောက်ပေးခြင်းဖြင့် နှလုံးဝေဒနာအတွက် အကျိုးမထူးသည့်အပြင်အခန့်မသင့်လျင်အန္တရာယ်ကိုပင်ဖြစ်စေနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု Salt Lake City မှ သုတေသီများက ပြောသည်။ သုတေသီများသည် အက်စပရင်တစ်လုံး နေ့ စဉ်သောက်သုံးနေ သည့် နှလုံးဝေဒနာရှင်များအား ၃ နှစ် ကြာအောင် စောင့်ကြည့်ခဲ့ကြောင်း၊ ၄င်းတို့ တွင် နှလုံးခုန်နှုန်း မမှန်သူများ ၊ နှလုံးတစ်ရှူးပျက်စီးမှု ခံစား နေရသူများပါဝင်ခဲ့ကြောင်း၊ အက်စပရင် တစ်ရက်တစ်လုံးကို ရေရှည်သောက်ခဲ့ကြရာ အစာအိမ်သွေးယို ခြင်း၊ အစာအိမ်လေနာခြင်း အစရှိသည်တို့ ကိုခံစားခဲ့ကြရပြီး နှလုံးရောဂါကြောင့် လေဖြတ်နိုင်ခြေ နည်း ပါးသွားခြင်း မရှိခဲ့ကြောင်း ၊ ထို့ ကြောင့် အက်စပရင် တစ်ရက်တစ်လုံး ပုံမှန်သောက်သုံးလျင် နှလုံးဝေဒနာ ရှင်များ၌ လေဖြတ်နိုင်ခြေကို လျော့သွားစေသည်ဟု ယူဆထားကြသည်မှာ မှန်ကန်မှုမရှိကြောင်း သုတေ သီ ဒေါက်တာ Jared Bunch က ပြောပြသည်။ အက်စပရင်တစ်လုံး နေ့ စဉ်သောက်သုံးတာ နှလုံးရောဂါအတွက် အထောက်အကူလုံးဝမပြုဘူးလို့ တော့ မပြောနိုင်ပါဘူး။ ထို့ အတူ အထောက်အကူပြုတယ်လို့ လည်း တပ်အပ်မပြောနိုင်ပြန်ပါဘူး။

 နှလုံးရောဂါ အမျိုးအစားအလိုက် အချို့ နှလုံးရောဂါအတွက် အထောက်အကူပြုနိုင်ပေမယ့် အချို့ နှလုံးရောဂါအတွက် တော့ ဘာမှအကျိုးမထူးနိုင်တဲ့အပြင် ကာယကံရှင်က ဘေးထွက်ဆိုးကျိုးကိုပါ ခံစားရတာဖြစ်ပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။

ဘယ်လိုနှလုံးရောဂါရှိ၊ရှိအက်စပရင်တစ်ရက်တစ်လုံးသောက်ရမယ်ဆိုတာ မမှန်ပါဘူး။ နားလည်တတ် ကျွမ်းတဲ့ သမားတော်တွေက ညွှန်မှသာ သောက်သင့်ပါတယ်။ မလိုအပ်ဘဲသောက်မိနေရင် ဘေးထွက် ဆိုးကျိုးတွေကလည်း အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်ဟု ၄င်းက ဖြည့်စွက်ရှင်းပြ သည်။ အက်စပရင်သည် နှလုံးဝေဒနာရှင်များ၌ လေဖြတ်ခြင်းကို ကာကွယ်ပေးသည်ဟူသည့်အယူအဆမှာ အရပ် အယူအဆသာဖြစ်ပြီး ဆေးပညာတွင် ခိုင်မာတိကျသည့် သက်သေသာဓက မရှိသေးကြောင်း၊ မစူးစမ်း မဆင်ခြင်ဘဲ အက်စပရင်တစ်လုံး နေ့ စဉ်သောက်သုံးနေခြင်းကို ရပ်တန်းကရပ်သင့်ကြောင်းနှင့် နားလည် တတ်ကျွမ်းသည့် ဆရာဝန်က ညွှန်းမှသာ သောက်သင့်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ