သွေးကလာပ်စည်းများက ကင်ဆာဆဲလ်ကို အားပေးကြောင်း တွေ့ ရှိ


သွေးထွက်သည့်အခါ သွေးကိုခဲစေသည့် သွေးကလာပ်စည်းများက ကင်ဆာဆဲလ်များကို ရုပ်ဖျက်နိုင် အောင် ထောက်ပံ့ကူညီပြီး ခန္ဓာကိုယ်၏ ရောဂါတိုက်ဖျက်ရေး T-cell များက မမှတ်မိအောင်၊ ရှာမတွေ့  အောင် အားပေးကူညီနေသည်ကိုတွေ့ ရကြောင်း အမေ၇ိကန်ပြည်ထောင်စု၊ University of South Carolina တက္ကသိုလ်မှ သုတေသီများက ပြောသည်။

 သွေးကလာပ်စည်းတွေကိုယ်၌က ကင်ဆာဆဲလ်ကိုအားပေးနေတာတွေ့ ရတဲ့အတွက် အဲဒီကလာပ်စည်း တွေကိုအလုပ်မလုပ်နိုင်အောင်ထိန်းချုပ်ပေးတဲ့ ဆေးတွေကို တိုက်ကျွေးလိုက်တဲ့အခါ ကင်ဆာဆဲလ်တွေ ကို T-cell နဲ့  ကုသတဲ့ကုထုံးဟာလည်း အောင်မြင်မှုတွေ ပိုရခဲ့တာကိုတွေ့ ရပါတယ် ဟု သုတေသီတစ်ဦး ဖြစ်သူ ဒေါက်တာ Zihai Li က ပြောပြသည်။

ကင်ဆာအကျိတ်တွေက ရောဂါတိုက်ဖျက်ရေးဆဲလ်တွေဖြစ်တဲ့ T-cell တွေကနေ ရှာမတွေ့ အောင် ပုန်း နိုင်တာ အံ့သြစရာပဲမို့  သေသေချာချာ စူးစမ်းလေ့လာကြည့်တဲ့အခါ အဲဒီကင်ဆာဆဲလ်တွေကို T-cell က မတွေ့ အောင် ဖွက်ပေးထာ၊ ရုပ်ဖျက်ပေးတာ သွေးထဲက platelet လို့ ခေါ်တဲ့ ကလာပ်စည်းကိုယ်တိုင်ပဲ ဖြစ်နေတာကို တွေ့ ရပါတယ်။ ဒါကြောင့် အခုအချိန်ကစပြီး ကင်ဆာကုတော့မယ်ဆိုရင် အဲဒီကလာပ်စည်း တွေကို ခေတ္တထိန်းချုပ်ထားပြီးကုရင် အကျိုးသက်ရောက်မှု ပိုကောင်းမှာဖြစ်ပါတယ်ဟု ၄င်းက ဆက်လက် ရှင်းပြသည်။ TGB-beta က လှုပ်ရှားမှုမရှိသလောက်ဖြစ်ပါတယ်။

 ဒါပေမယ့် ကလာပ်စည်းတွေရဲ့ မျက်နှာပြင်မှာ GARP ပရိုတိန်းကို တွေ့ ရပါတယ်။အဲဒီပရိုတန်းက TGF-beta တွေကို အသက်သွင်းပေးပါတယ်။ TGF-beta တွေ က T-cell ကို ထိန်းချုပ်ပါတယ်။ အဲဒီအခါ ကင်ဆာဆဲလ် ဆက်လက်ပျံ့ နှံ့ ပါတယ် ဟု ၄င်းက ဆက်လက် ရှင်းပြသည်။ အဆိုပါကလာပ်စည်းများသည် မော်လီကျူးတစ်မျိုးကိုထုတ်လွှတ်ကာ T-cell များကို ပုံမှန်မလှုပ်ရှားနိုင် အောင် နှောက်ယှက်ကြောင်း၊ အဆိုပါမော်လီကျူးမှာ TGF-beta ဖြစ်ပြီး ကင်ဆာပြန့် ပွားမှုကိုအားပေး သည့် မော်လီကျူးဖြစ်သည်ကို ဆယ်စုနှစ်နှင့်ချီ၍ သိရှိပြီးဖြစ်ကြောင်း၊ သို့ သော် ၄င်းမော်လီကျူးကို ထုတ် လွှတ်နေသည်မှာ သွေးထဲရှိ platelet ကလာပ်စည်းကိုယ်တိုင်ဖြစ်နေသည်ကို ယခုမှသိရှိရခြင်းဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ