ဗက်တီးရီးယားကူးစက်မှုကို ကုသနည်းအသစ် တွေ့ ရှိ


ဆွီဒင်နိုင်ငံ၊ Lund University မှ သုတေသီများက ခန္ဓာကိုယ်၏ ဗက်တီးရီးယားကာကွယ်ရေးယန္တရား အလုပ်လုပ်ပုံကို တွေ့ ရှိဖော်ထုတ်နိုင်ခဲ့ကြပြီး ဒဏ်ရာအနာတရဖြစ်သည့်အခါ အနာထဲသို့ ဗက်တီးရီးယား များ စုပြုံရောက်ရှိလာသော်လည်း ခန္ဓာကိုယ်အနှံ့  ပျံ့ နှံ့ မသွားရသည့်အကြောင်းရင်းကို ဆက်လက် ဖော် ထုတ်နိုင်ပြီဖြစ်ရာ ဗက်တီးရီးယားတိုက်ဖျက်သည့်နည်းစနစ်ကို ပို၍အဆင့်မြင့်အောင် ဆောင်ရွက်သွားနိုင် ရန် မျှော်လင့်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

အခုတွေ့ ရှိချက်အရ ဗက်တီးရီးယားတွေကို ပဋိဇီဝဆေးတွေနဲ့ သတ်ဖြတ်ဖို့ မလိုဘဲ တစ်နေရာထဲမှာ စုပေး လိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ ရောဂါခုခံတဲ့စနစ်တွေနဲ့  သဘာဝအတိုင်း ရှင်းထုတ်ပစ်နိုင်မယ့် ဗက်တီးရီး ယား ပြဿနာလို့ မြင်ပါတယ်ဟု သုတေသီတစ်ဦးဖြစ်သူ Jitka Petrlova က ပြောပြသည်။ ဒဏ်ရာ၊အနာ အစရှိသည်တို့ တွင် သွေးထဲ၌ thrombin ပရိုတိန်းအပိုင်းအစများကို တွေ့ ရကြောင်း၊ ၄င်း thrombin တို့ က ဗက်တီးရီးယားတို့ ကို ၄င်းတို့ ၏ အဆိပ်အတောက်များနှင့်အတူ စုစည်းထားလေ့ရှိ ကြောင်း၊ ၄င်းဗက်တီးရီးယားနှင့်အဆိပ်အစုအဝေးကို ခန္ဓာကိုယ်၌ ရောင်ရမ်းစေသောဆဲလ်များက အလျင် အမြန် စားပစ်လေ့ရှိကြောင်း၊ တစ်နည်းအားဖြင့် အနာ၊ဒဏ်ရာ ရောင်နေခြင်းသည် ဆဲလ်များက အဆိပ် အတောက်ရှိသည့်ဗက်တီးရီးယားများကို စားပစ်နေသည့်အချိန်ဖြစ်ကြောင်း သိရသည်။

ခန္ဓာကိုယ်က ဗက်တီးရီးယားနဲ့  အဆိပ်အတောက်တွေကို တစ်နေရာထဲစုပြီး ဆဲလ်တွေနဲ့ စားပစ်တဲ့ အတွက် အဲဒီဗက်တီးရီးယားတွေက တစ်ကိုယ်လုံးကို ပျံ့ နှံ့ မသွားတာဆိုတာကို ကျွန်တော်တို့  တွေ့ ရှိ ခဲ့တာပါ။ ဒါဖြစ်ရင် နောက်ပိုင်း ဗက်တီးရီးယားကူးစက်မှုတွေမှာလည်း ဒီစနစ်ကိုသာ အသုံးပြုနိုင်မယ်ဆို ရင် လူတွေကို အခုထက်အများကြီးပိုထိရောက်၊ ပိုသက်သာတဲ့ နည်းစနစ်တွေနဲ့  ကုသပေးနိုင်မယ်လို့  မျှော်လင့်ပါတယ်ဟု Petrlova က ပြောပြသည်။

ယခုအခါ နိုင်ငံတကာ၌ ဆေးယဉ်ပါး ဗက်တီးရီးယားပြဿနာကြောင့် အကျပ်ရိုက်နေချိန်တွင် ဗက်တီးရီး ယား ပိုးမွှားများကို ကိုင်တွယ်ကုသနည်းအသစ်အား တွေ့ ရှိခြင်းသည် လာခြင်းကောင်းသောတွေ့ ရှိမှု အဖြစ် ဆေးပညာလောက၌ ကြိုဆိုနေကြကြောင်း သိရသည

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ