အုန်းရည်သောက်ခြင်းဖြင့် အသားအရေ ၀င်းလက် တောက်ပစေနိုင်

သစ်သီးများနှင့် သစ်သီးဖျော်ရည်များ စားသောက်ခြင်းသည် အသားအရေအတွက် ကောင်းသလို အဆီများပြီး မဆလာများသော အစားအစာများကို ရှောင်ရှားလျှင် အသားအရေအတွက် အကောင်း ဆုံးဖြစ်သည်။ လိမ္မော်ရည်သည် အသားအရေအတွက် အကောင်း ဆုံးဖြစ်သည်ဟု လူသိများသော်လည်း အုန်းရည်သည် အသားအ ရေထိန်းသိမ်းစောင့်ရှောက်မှုအတွက် အကျိုးကျေးဇူးများသည်ကို လူအများစု သတိမမူမိပေ။

သောက်ရေနောက်တွင် ဒုတိယအသန့်ရှင်းဆုံးဖြစ်သည့် အုန်း ရည်သည် အသားအရေကို စိုပြည်တောက်ပစေသည်။ အုန်းရည်တွင် ပါဝင်သော ဓာတ်တိုးပစ္စည်း ဆန့်ကျင်ဆေးများနှင့် cytokinin များ သည် အရွယ်တင်နုပျိုမှုကို ဖြစ်စေသည်ဟု သုတေသနများက ဖော်ပြသည်။ အုန်းရည်တွင် အာဟာရတန်ဖိုး မြင့်မားသောကြောင့် အားနည်းလျှင် (သို့မဟုတ်) အစာအိမ်ပြဿနာများဖြစ်လျှင် အုန်းရည်သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်စွမ်းအင်များ တိုးလာနိုင်သည်။

အခြားသစ်သီးဖျော်ရည်များထက် သာလွန်သော အချက်မှာအုန်းရည်သည် လုံးဝနီးပါး အဆီကင်းမဲ့ပြီး သကြားကင်းမဲ့သောကြောင့် တစ်နေ့တစ်ခွက် အလွယ်တကူ ပုံမှန်သောက်နိုင်သည်။ အသားအရေကို အုန်းရည်ဖြင့် တို့သုတ်ခြင်းသည် အသားအရေအတွက် ကောင်းသည်ဟူ၍ လေ့လာသူများက ဖော်ပြသည်။ အုန်းရည်သောက်ခြင်းသည် အသားအရေကို ၀င်းလက်တောက်ပစေသည်။

အုန်းရည်တွင် ဘေးထွက်ဆိုးကျိုးရှိသည်ဟူသော လေ့လာတွေ့ရှိချက်များ မရှိသေးသော်လည်း အုန်းနို့တွင် ဆိုဒီယမ်ပမာဏ အတော်အသင့် ပါဝင်သောကြောင့် ဆားစားသုံးမှုကို လျှော့ရမည့်လူများအနေဖြင့် အုန်းနို့ကို ရှောင်ရှားသင့်သည်။

—Ref: Times of India

7DAY DAILY

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ