ဆေးဖက်ဝင် အပင်မျိုးစိတ်ပေါင်း ၂ ဝဝဝ ကျော် ရှိကြောင်း ဗြိတိန် ပညာရှင်များ တွေ့ရှိ


ကမ္ဘာပေါ်တွင် အပင်မျိုးစိတ် စုစုပေါင်း ၂၈ဝဝဝ ကျော်သည် ဆေးဖက်ဝင်သော်လည်း အချက်အလက်များ စုဆောင်းမှု အားနည်းခြင်းကြောင့် လူများအနေဖြင့် ၎င်းတို့ကို ကျန်းမာရေး အတွက် အကျိုးရှိစွာ အသုံးမချနိုင်ခြင်း ဖြစ်ကြောင်း မေ ၁၈ ရက်တွင် ထုတ်ပြန်သည့် လေ့လာဆန်းစစ်မှု စာတမ်းအရ သိရသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ တော်ဝင်ရုက္ခဗေဒ ဥယျာဉ်မှ ပြုစုသည့် နှစ်ပတ်လည် လေ့လာဆန်းစစ်မှု စာတမ်းအရ ဆေးဖက်ဝင် အပင်မျိုးစိတ် စုစုပေါင်း ၂၈၁၈၇ ရှိကြောင်းနှင့် အလွန်ရှေးကျသော ပြယုဂ်တစ်ခု ဖြစ်နိုင်သည်ဟု ၎င်းစာတမ်းတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် တစ်နှစ်တာ အတွင်း ရှာဖွေတွေ့ရှိသည့် အပင်မျိုးစိတ်များတွင် အပေါ်သို့ နွယ်တက်သည့် အပင်မျိုးစိတ် ကိုးမျိုးလည်း ပါဝင်ပြီး ၎င်းတို့ကို ပါကင်ဆန်ရောဂါ ကုသရာတွင် အသုံးပြုနိုင်ကြောင်း သုတေသန ပညာရှင်များက တွေ့ရှိထားသည်။ အဆိုပါ လေ့လာဆန်းစစ်မှု စာတမ်းမှ ဆိုလိုသည့် အဓိက အချက်မှာ ဆီးချိုရောဂါနှင့် ငှက်ဖျားရောဂါ တို့ကိုပင် ပျောက်ကင်း စေနိုင်သည့် အပင် မျိုးစိတ်များ အများအပြား ရှိနေသေးကြောင်း ဖြစ်သည်ဟု သုတေသန ပညာရှင် မောနစ်ဆင်မွန်းက ပြောသည်။

၂ဝ၁၅ ခုနှစ်တွင် လူပေါင်း လေးသိန်းကျော်ကို သေဆုံးစေသည့် ငှက်ဖျားရောဂါအား တိုက်ဖျက်ရာတွင် အဓိကကျသည့် လက်နက်များမှာ အာတီမီဆီနင်နှင့် ကွီနင်း အပင်တို့ ဖြစ်ကြောင်း အဆိုပါ စာတမ်းတွင် ဖော်ပြထားချက် အရသိရသည်။ အဆိုပါ စာတမ်းကို ပြုစုသည့် တော်ဝင်ရုက္ခဗေဒ ဥယျာဉ်သည် အပင် အမျိုးပေါင်း ၈ ဒသမ ၅ သန်းကို စုဆောင်းထားပြီး UNESCO ၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာ အဖြစ် သတ်မှတ်ခံထား ရသည်။ ယခုပြုလုပ်သည့် အပင်မျိုးစိတ်သစ်များ ရှာဖွေမှုတွင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ သိပ္ပံပညာရှင် ၁၂၈ ဦးက ပထမဆုံး အကြိမ်အဖြစ် ပါဝင်ထားပြီး မျိုးစိတ်အသစ် ၁၇၃ဝ ကို ရှာဖွေတွေ့ရှိကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ