ကော်ဖီ


ကော်ဖီဆိုတာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး beverage လို့ ပြောလို့ရ ပါတယ်။ လူကြီး၊လူငယ်မရွေး ကော်ဖီကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးနေကြပါ တယ်။ ကျွန်မတို့ကို ကော်ဖီချစ်သူတွေအတွက်ကတော့ မနက်တိုင်းကော်ဖီတစ်ခွက် ဟာ မသောက်မနေရပါပဲ။ လူတော်တော်များများရဲ့ မနက်စာမှာ ကော်ဖီ ၁ ခွက်ဟာ ပါဝင်နေပါတယ်။ ကော်ဖီမှမသောက်လိုက်ရရင် စိတ်မကြည်တာ၊ ခေါင်းကိုက်တာ မျိုး၊ တစ်ခုခု လိုအပ်နေသလိုမျိုး ခံစားနေရတတ်ကြပါတယ်။ ကော်ဖီအမြဲသောက်နေ ကြသူတွေဟာ မနက်ခင်းတိုင်းမှာ ကော်ဖီ ၁ခွက်မသောက်လိုက်ရတဲ့နေ့များမှာဆို ဘာလုပ်လုပ်အဆင်မပြေတဲ့နေ့တွေတောင်ရှိတယ်လို့ ပြောလေ့ရှိကြပါတယ်။ ဒါကြောင့် ကော်ဖီဟာ လူတော်တော်များများရဲ့ သည်းခြေကြိုက်ဖြစ်လို့နေပါတယ်။
ကော်ဖီနဲ့ ပတ်သက်ပြီးတော့ ကောင်းတာတွေရော၊ ဆိုးတာတွေရော အမျိုး မျိုး အဖုံဖုံပြောကြပါတယ်။ သုတေသနပြုလုပ်ချက်များကလည်း ကော်ဖီရဲ့ ကောင်းကျိုး၊ ဆိုးကျိုး အမျိုးမျိုးကို လေ့လာဖော်ထုတ် ခဲ့ကြပါတယ် ။

ဆက်လက်ပြီး လည်း ရှာဖွေနေကြဆဲဖြစ်ပါတယ်။ တချို့သုတေသနစစ်တမ်းများအရ ကော်ဖီဟာ အ၀လွန်စေတယ်။ နှလုံးရောဂါဖြစ်စေတယ်။ အရိုးပွခြင်း၊ အရိုးပါးခြင်းကို ဖြစ်စေနိုင် တယ်လို့ပြော ကြပါတယ် ။ တချို့စစ်တမ်းများမှာကြတော့ ကော်ဖီဟာ နှလုံးရောဂါကို ကာကွယ်ပေးတယ်လို့ ဆိုထား ပါသေးတယ် ။ ပါကင်ဆန် (Parkinson disease) ကို ကာကွယ်ပေးနိုင်တယ်လို့ ရှာဖွေတွေ့ရှိထား တာတွေလည်းရှိပါတယ် ။ သုတေသန စစ်တမ်းများကတော့ အမျိုးမျိုးပါပဲ။ မိမိဖတ်မိတာက ကော်ဖီရဲ့ကောင်းကျိုးဆိုရင် တစ်မျိုး၊ ဆိုးကျိုးဆိုရင်တစ်မျိုး အမျိုးမျိုးတွေးထင်နိုင်ပါတယ်။ မိမိရဲ့ ကျန်းမာရေး အတွက် ကောင်းတာ၊ ဆိုးတာတွေကို နှိုင်းယှဉ်ပြီး ကော်ဖီကို သင့်တော်မတော် ဆုံးဖြတ်သင့်ပါတယ်။
ကော်ဖီလို့ခေါ်တာမှာ အမျိုးအစား အမျိုးမျိုးရှိပါတယ်။ Instant Coffee (အသင့်သောက်ကော်ဖီ)၊ အိမ်မှာဖျော်တဲ့ နှပ်ကော်ဖီ၊ ဆိုင်မှာရနိုင်တဲ့ Cuppucino၊ americano၊ latter ၊ mocha စသဖြင့် အမျိုးစုံရနိုင်ပါတယ်။ ကော်ဖီအမျိုးအစားကို လိုက်ပြီး ပါဝင်ပစ္စည်းများနှင့် ပါဝင်ပစ္စည်းများရဲ့ အချိုးအစားက ကွဲပြားပါတယ်။ အာဟာရတန်ဖိုးနဲ့ ကယ်လိုရီပမာဏကလည်း ကော်ဖီတစ်မျိုးနဲ့ တစ်မျိုးမတူညီ နိုင်ပါဘူး။ မိမိနှစ်သက်တဲ့ ကော်ဖီအမျိုးအစား၊ မိမိသောက်နေကျ အမျိုးအစားရဲ့ အာဟာရတန်ဖိုးနဲ့ ကယ်လိုရီတန်ဖိုးတွေကို သိထားသင့်ပါတယ်။ ဒါမှပဲ မိမိနဲ့ သင့်မသင့်ကို စဉ်းစားဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ တကယ့်လို့ ကိုယ်သောက်နေတဲ့ ကော်ဖီအမျိုးအစားက ကိုယ်ရဲ့ကျန်းမားရေးနဲ့ မသင့်တော်ဘူးဆိုပါက လျှော့သင့် ပါကလျှော့၊ ကော်ဖီဖြတ်သင့်ပါက ဖြတ်ဖို့ဆုံးဖြတ်နိုင်မှာပါ။

ကော်ဖီတစ်ခွက်ရဲ့ ပါဝင်မှုကို ကြည့်ကြမယ်ဆိုရင် အဓိကပါဝင်တာကတော့ ကော်ဖီမှုန့် ၊ နို့ နဲ့ သကြား ဖြစ်ပါတယ်။ ဒါကိုမှ အချိုးအစားအမျိုးအမျိုးပြောင်းပြီး ကော်ဖီမျိုးစုံကို ဖျော်စပ်ကြတာပါ။ တချို့ကော်ဖီတွေက caffeine ပါဝင်မှု များပါတယ်။ တချို့အမျိုးအစားတွေကတော့ နို့များတဲ့အတွက် ပျော့ပါတယ်။ ကိုယ်အကြိုက်အပေါ်လိုက်ပြီး နှစ်သက်ရာကို ရွေးချယ်ကြပါတယ်။ နို့မပါတဲ့ ကော်ဖီခါးခါးကိုမှ နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးကြသူတွေလည်း ရှိပါသေးတယ်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုသလိုပဲ ကော်ဖီကို ရွေးချယ်ရာမှာလည်း ကွဲပြား သွားပါတယ်။ မိမိရဲ့ ရွေးချယ်မှုဟာ မိမိနဲ့သင့်တော်နေလား မသင့်တော် ဘူးလား ဆိုတာ ပြန်လည်ဆန်းစစ်ကြဖို့ လိုပါတယ်။ ဥပမာ - ဆီးချိုရောဂါရှင်များဟာ နို့များများ၊ သကြားများများပါတဲ့ ကော်ဖီတွေသောက်နေမယ်ဆိုရင် ကျန်းမားရေး အတွက် မကောင်းနိုင်ပါဘူး။ ဆေးတွေသောက်သုံးနေပေမယ့် ရောဂါကိုမထိန်း နိုင်တာမျိုး တွေ့ရတတ်ပါတယ်။ ဒါကြောင့် မိမိရဲ့ သတိမထားမိတဲ့ စားသောက်မှု ပုံစံဟာ မိမိရဲ့ ကျန်းမားရေးကို အများကြီးသက်ရောက်မှု ရှိပါတယ်။
ကော်ဖီတစ်မျိုးခြင်းရဲ့ ပါဝင်မှုကို လေ့လာကြည့်ရမယ်ဆိုရင် အောက်ပါ အတိုင်း တွေ့ရပါတယ်။ ကိုယ်သောက်နေကြ ကော်ဖီအမျိုးအစားရဲ့ အာဟာရတန်ဖိုးတွေကို အနည်းငယ် လေ့လာမိနိုင်ကြရန် မျှဝေလိုက်ပါတယ်။ အောက်ပါ အာဟာရတန်ဖိုးများကို The Healthy coffee Guide (www.dailymail.co.uk website) မှကူးယူဖော်ပြထားပါသည်။(updated at 22, Nov, 2002). ကော်ဖီတစ်ခွက်မှာ ပါဝင်တဲ့ကဖိန်း၊ ပရိုတိန်းနဲ့ ကယ်လိုရီ ပမာဏများဖြစ်ပါသည်။
Types Caffeine Protein
(From milk) Calories
Espresso 80-100mg - 5 kcal
Cappuccino 80-100 mg 6 g 150 kcal (whole milk)
95 kcal (skim milk)
Latte 80–100 mg 10 g 225 kcal (whole milk)
135 kcal (skim milk)
Mocha
(wntan chowlate 80 mg 10 g 310 kcal (whole milk)
230 kcal (skim milk)
Americano 120-160 mg - - (if no milk)
90 kcal (milk)
Macchiato 80 g 3 g 90 kcal
Ground coffee
(Brew coffee) 94.8 mg 0.3 g 2.4 kcal
(ကော်ဖီတစ်ခွက်မှာ ပါဝင်တဲ့ အချိုးအစားများ - 8 oz ခန့်)
8 oz = 1 cup
ကော်ဖီအမျိုးအစားအလိုက် ပါဝင်မှုကို သိရင်ပြီဆိုရင် မိမိသောက်သုံးနေတဲ့ ပမာဏကို နှိုင်းယှဉ်နိုင်ပါပြီ။ ကိုယ်ဝန်ဆောင် မိခင်များ အနေနဲ့ကတော့ ကော်ဖီတစ်နေ့တာ ကဖိန်း 200 mg ထက် မများသင့်ဘူး လို့ဆိုပါတယ်။ ကဖိန်းဓာတ်လွန်ကဲတာဟာ ကိုယ်ဝန်ဆောင်တွေမှာ သွေးအားနည်းခြင်းကို ဖြစ်စေပါတယ်။ မိခင်သွေးအားနည်း တယ်ဆိုရင် မိမိရဲ့ရင်သွေးအတွက် မကောင်းပါဘူး။ ကဖိန်းပါဝင်တဲ့ အရာတွေဟာ ကိုယ်ဝန်ဆောင်တွေမှာ safe ဖြစ်တယ်လို့ သေချာမသိရသေးပါဘူး။ ဖြစ်နိုင်ရင် လျှော့ချသင့်ပါတယ်။ မိခင်က ကော်ဖီသောက်လိုက် တဲ့အခါ အချင်းမှတစ်ဆင့် က လေးဆီကိုရောက်သွားပြီး ကလေးရဲ့ ခန္တာကိုယ်ထဲမှာ ကဖိန်းကတော်တော် ကြာကြာ ရှိနေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်များအနေနဲ့ တစ်နေ့ကို ကော်ဖီ (2)ခွက်ထက် ပိုမသောက်သင့်ပါဘူး။ လက်ဖက်ရည်နဲ့ ရေနွေးကြမ်းမှာလည်း ကဖိန်းပါဝင်တဲ့ အတွက် ကိုယ်ဝန်ဆောင်များအနေနဲ့ တစ်နေ့ကို (4)ခွက်ထက် ပိုမသောက်သင့်ပါ ဘူး။


ကလေးငယ်များကိုတော့ ကော်ဖီမတိုက်သင့်ပါဘူး။ ကော်ဖီ အသောက်များ တာဟာ အရိုးပါးခြင်း ၊ အရိုးပွခြင်းနှင့် ဆက်စပ်တယ်လို့ ပြောကြပါတယ်။ ခန္တာကိုယ် ကြီးထွားဖွံ့ဖြိုးတဲ့ အရွယ်မှာ ကော်ဖီအစား အာဟာရရှိတဲ့ အစားအစာ ၊ နို့၊ ဒိန်ချဉ် စတာတွေကိုသာ တိုက်ကျွေးသင့်ပါတယ်။ မိမိ ကလေးငယ်များကို လက်ဖက်ရည်၊ ကော်ဖီတိုက်တာဟာ အလေ့အကျင့်မှား ဖြစ်ပါတယ်။ မိဘများဆင်ခြင်သင့်တဲ့ အချက်တစ်ချက်ပါ။ ကော်ဖီဟာ ကလေးငယ်တွေအတွက် ကောင်းကျိုး မပေးပါဘူး။
အလုပ်လုပ်တဲ့လူငယ်တွေ၊ လူငယ်တွေ၊ လူလတ်ပိုင်းတွေအနေနဲ့ကတော့ စဉ်းစားချင့်ချိန်ပြီး သောက်သုံးသင့်ပါတယ်။ တစ်ချို့လေ့လာချက်များမှာတော့ တစ် နေ့ကို (3)ခွက်ထက် ပိုမသောက်သင့်ဘူးလို့ ဆိုကြပါတယ်။ အလွန်အကျွံ သောက် သုံးသူများဟာ ကော်ဖီစွဲတဲ့ လက္ခဏာများခံစား ရတတ်ပါတယ်။ ကော်ဖီမသောက် ရရင် ခေါင်းကိုက်တာ၊ စိတ်မငြိမ်တာ၊ အလုပ်ထဲအာရုံမရောက်တာမျိုးတွေ ဖြစ်နေပြီးဆိုရင် ဒါဟာကော်ဖီစွဲတဲ့ လက္ခဏာများ ဖြစ်ပါတယ်။ ကော်ဖီကို ဖြည်းဖြည်းချင်း လျှော့ချသင့်ပါတယ်။ ချက်ချင်းဖြတ်လိုက်လို့ အဆင်မပြေပါဘူး။ ညနေခင်း (3)နာရီနောက်ပိုင်းကို ကော်ဖီမသောက်တာ အကောင်းဆုံးလို့တောင် ပြောကြပါတယ်။ အိပ်မပျော်တာများတဲ့ သူများဟာလည်း (3)နာရီနောက်ပိုင်းကို ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်၊ အားဖြည့်အချိုရည်များကို ရှောင်ကျဉ် သင့်ပါတယ်။

အဆုံးသတ်ပြောရမယ် ဆိုရင်တော့ မိမိရဲ့ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေ စတာတွေအပေါ်မူတည်ပြီး ကော်ဖီသောက်သုံးမှု ပမာဏကို ချိန်ဆသင့်ပါတယ်။ ကိုယ်ဝန်ဆောင်များကတော့ အတတ်နိုင်ဆုံးလျှော့သောက်သင့် ပြီး ၊ ကလေးငယ်များကိုတော့ မတိုက်သင့်ပါဘူး။ လူကြီးများအနေနဲ့ကလည်း မိမိမှာ ဆီချိုရှိပါက နို့၊ သကြား လျှော့ထားတဲ့ ကော်ဖီမျိုးကိုသာ ရွေးချယ်သင့်ပါတယ်။ ညနေခင်းဘက်ကို ကော်ဖီမသောက်တာဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ့် အချက်တစ်ချက် ဖြစ်ပါတယ်။ မိမိနဲ့သင့်မသင့်ကို ချင့်ချိန်ပြီး ကော်ဖီအမျိုးအစားနဲ့ ပမာဏကို ရွေးချယ်နိုင်ကြစေရန် အကြံပြုလိုက်ရပါတယ်။
ကျန်းမားပျော်ရွှင်ကြပါစေ

Dr. Jasmine
Health Guide
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ