အဝတ်မပါဘဲ အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးများ


ညစဉ်ပြုလုပ်ရတဲ့ အလုပ်တစ်ခုဖြစ်တဲ့ အိပ်စက်ခြင်းဟာဆိုရင်တော့ လူတွေအတွက် လွန်စွာမှ အရေးပါလှပါတယ်။ အိပ်ရေးဝဝအိပ်စက်ရခြင်းဟာ ကျန်းမာရေးကောင်းကျိုးတွေကို အတော်လေးများစေပါတယ်။ သင့်အနေနဲ့ အိပ်စက်မှုပြုလုပ်ရာမှာ အဝတ်မပါဘဲ ကိုယ်လုံးတီးအိပ်စက်တာက သင့်ရဲ့ ကျန်းမာရေးကို အတော်လေးအကျိုးရှိစေပါတယ်။

သင့်ကို လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုတွေပေးနိုင်မယ်

အဝတ်မပါဘဲ အိပ်စက်တာကို စဉ်းစားကြည့်ပေါ့။ အရာအားလုံးက သဘာဝအတိုင်းဖြစ်နေရင် သင့်ရဲ့ စိတ်ကလည်း အလိုလိုနေရင်း ပေါ့ပါးသွားတာကိုတော့ သတိပြုမိပါလိမ့်မယ်။ လူတိုင်းကတော့ အဝတ်မပါဘဲ အိပ်စက်တာဟာ လွတ်လပ်တဲ့ အရသာကို သိသွားတဲ့အပြင် ပိုပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတာကြောင့် ပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။

ပိုပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်

သင့်အနေနဲ့ ညအိပ်ဝတ်တီရှပ်တွေ ၊ ညအိပ်ဝတ်စုံတွေ ဝတ်အိပ်ထားတာ မဟုတ်တာကြောင့် သင့်ကြွက်သားတွေက တုပ်နှောင်မှုမရှိဘဲ လွတ်လွတ်လပ်လပ်ဖြစ်နေပါလိမ့်မယ်။ ဒီလိုလွတ်လပ်နေတာက လူကို ပေါ့ပေါ့ပါးပါးဖြစ်စေပြီး အသက်ရှူချောင်နေစေတာကြောင့် သင့်ကို ပိုပြီးအိပ်ပျော်စေပါတယ်။

အသားအရေကို ဝင်းလက်လာစေတယ်

သင့်ရဲ့ ခန္ဒာကိုယ်အစိတ်အပိုင်းတွေကလည်း လေဝင်လေထွက်ရနေမှာဖြစ်တာကြောင့် အသားအရေက ပိုပြီး ဝင်းလက်လာစေပါတယ်။ သင့်ရဲ့ ပစ္စည်းကြားတွေ ၊ ဂျိုင်းကြားတွေမှာလည်း လေဝင်လေထွက်ကောင်းနေတာကြောင့် အနံ့ဆိုးထွက်တဲ့ ပြဿနာတွေကို ဒီလိုအိပ်စက်ခြင်းက လျှော့ချပေးနိုင်ပါလိမ့်မယ်။

ဝိတ်ကျစေတယ်

ဟုတ်ပါတယ်။ ဒီလိုမျိုး အဝတ်မပါဘဲ အိပ်တာက အမှန်တကယ်ကို ဝိတ်ကျစေပါတယ်။ သင့်ရဲ့ ခန္ဒာကိုယ်အပူချိန်ဟာ သာမန်အိပ်ချိန်မှာဆိုရင်တော့ ပုံမှန်ထက်ကျဆင်းနေတတ်ပြီး အဝတ်မပါဘဲ အိပ်စက်ချိန်မှာတော့ ခန္ဒာကိုယ်အပူချိန်က မျှခြေဖြစ်နေတတ်ပါတယ်။ ဒီလိုအခြေအနေမှာ ခန္ဒာကိုယ်တွင်း ကော်တစ်ဆောဓာတ်က ပိုထွက်ရှိလာပြီး သင့်ရဲ့ အစားစားချင်စိတ်ကို တိုက်ဖျက်ပေးမှာဖြစ်တာကြောင့် ဝိတ်ကျလာစေပါသတဲ့။ ဒါ့အပြင် စိုးရိမ်သောကတွေနဲ့ စိတ်ဖိစီးမှုတွေကိုလည်း တိုက်ဖျက်ပေးပြီး အိပ်ရာနိုးတဲ့အခါမှာ သင့်စိတ်ဓာတ်က အမြင့်ဆုံးကို ရောက်ရှိနေပါလိမ့်မယ်။

သွေးလှည့်ပတ်မှုကောင်းစေတယ်

ရိုးရိုးအိပ်ချိန်မှာ သွေးလှည့်ပတ်မှုက ပိုနှေးသွားတတ်ပြီး အဝတ်မပါဘဲ အိပ်ချိန်မှာတော့ သွေးလှည့်ပတ်မှုက ပိုကောင်းပြီး သင့်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကလည်း ပုံမှန်အတိုင်းပဲ ဟန်မပျက်ဆက်သွားနေပါလိမ့်မယ်။

သာယာတဲ့အိမ်ထောင်ရေးကို ရလိမ့်မယ်

သင့်အနေနဲ့ လက်ထပ်ပြီးတဲ့သူတစ်ယောက်ဆိုရင်တော့ သင့်ရဲ့ အဖော်နဲ့ အိပ်ယာထဲမှာ ချစ်တင်းနှောဖို့ အခွင့်အရေးပိုရပါလိမ့်မယ်။ အဝတ်မပါတာက သင့်ရဲ့ လိင်အင်္ဂါကိုတက်ကြွနေစေပြီး ဟော်မုန်းထုတ်လုပ်မှုကိုလည်း အားပေးနေပါတယ်။ ဒါ့အပြင် အသားချင်းထိနေတာဟာ နှစ်ယောက်လုံးရဲ့ လိင်စိတ်ကို နိုးကြွစေပြီး  ကျန်းမာပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးကို တည်ဆောက်နိုင်မှာပါ။



( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Lifehack

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ