သွေးတွင်းသကြားဓါတ်လျော့နည်းမှုအတွက် ဂလူးကို့ စ်ဆေးလုံးများ ပို၍ အကျိုးထူး။


ဆီးချိုသွေးချိုဝေဒနာရှင်များအနေဖြင့် သွေးတွင်းသကြားဓါတ်ရုတ်တရက်လျော့သွားသည်ကိုကြုံတွေ့ ရတတ်ရာဝယ် သကြားဓာတ်ပါဝင်မှုများသော အချိုရည်၊ချိုချဉ် အစရှိသည်တို့ ကို စားသောက်ပေးရလေ့ရှိကြောင်း၊ ယင်းသို့  အချို ပါသောအစားအစာများကို စားပေးရာတွင် ခန္ဓာကိုယ်က ဆင့်ကဲရယူရန်အချိန်ကြာမြင့်ခြင်း၊ မည်ရွေ့ မည်မျှစားရ မည်ကို ခန့် မှန်းရန်ခက်ခဲခြင်းတို့ ကြောင့် ဂလူးကို့ စ်ဆေးလုံးများကို သောက်သုံးခြင်းက ပို၍ထိရောက်မည်ဖြစ်ကြောင်း အမေရိကန်သုတေသီများက ပြောသည်။

ဆီးချိုသွေးချိုသမားတွေဟာ ဟိုက်ပိုဂလိုက်ကိုမီးယား လို့ ခေါ်တဲ့ သွေးတွင်းသကြားဓာတ် ရုတ်တရက် ကျဆင်းသွား တာကို မကြာခဏကြုံရတတ်ပါတယ်။ တစ်နေ့ တာ စားရမှာကို နပ်မမှန်ရင်ဖြစ်စေ၊ ကိုယ်လက်လှုပ်ရှားမှုများသွား ရင် ဖြစ်စေ၊ အင်ဆူလင် ဒါမှမဟုတ် ဆီးချိုသွေးချိုကျဆေး သောက်တာ လွန်သွားရင်ဖြစ်စေ သွေးတွင်းသကြားဓာတ် ကျဆင်းသွားလေ့ရှိပါတယ်။ အဲဒီအချိန်မှာ နွမ်းလျခြင်း၊ ဇောချွေးပြန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ချွေးစေးပြန်ခြင်း၊ စိတ်ရှုပ် ထွေးခြင်း တို့ ကနေ လေဖြတ်တာ၊ တက်တာ၊ ကိုးမားရတာ အထိ ခံစားရနိုင်တဲ့အတွက် အသက်အန္တရာယ်ရှိတဲ့ ကိစ္စ ဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။

သုတေသီများက သွေးတွင်းသကြားဓာတ်ကျဆင်းမှုကို အစားအစာများနှင့်တစ်မျိုး၊ ဂလူးကို့ စ်ဆေးလုံးဖြင့်တစ်ဖုံ စမ်းသပ်ခဲ့ရာဝယ် ဆီးချိုသွေးချိုသမားများ သကြားဓါတ်ကျဆင်းလျင်စားရသော Skittles ချိုချဉ်၊ လိမ္မော်ရည်၊ ပူရှိန်း ချိုချဉ်၊ ဂျယ်လီ၊ ပြောင်းဖူးအချိုရည်၊ နွားနို့ ၊ ဂလူးကို့ စ်ဂျယ်လီ များကို စားသုံးစေခြင်းနှင့် ဂလူးကို့ စ်ဆေးလုံးကို သောက်သုံးစေခြင်းတို့ ဖြင့် ခွဲခြားစမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဂလူးကို့ စ်ဆေးလုံးသောက်သူများ နှစ်ဖွဲ့ လုံးတွင် (၁၅) မိနစ်အတွင်း သွေးတွင်းသကြားဓာတ်ပမာဏ ပုံမှန်ပြန်ဖြစ်မလာသော်လည်း ဂလူးကို့ စ်ဆေးလုံးသောက်သူများ သည် ၁၀ မိနစ်ခန့် တွင် နေသာထိုင်သာရှိသွားကြကြောင်း၊ အချိုမျိုးစုံကိုစားပေးသူများသည် ၁၅ မိနစ်မှ ၃၀ မိနစ် အထိ သွေးတွင်းသကြားပမာဏကျဆင်းသောဝေဒနာမျိုးစုံကို ခံစားနေရဆဲဖြစ်သည်ကို တွေ့ ရှိရကြောင်း သိရသည်။

သို့ ဖြစ်၍ ဆီးချိုသွေးချိုသမားများ သွေးတွင်းသကြားပမာဏကျဆင်းသွားလျင် အချိုမျိုးစုံကို စားပေးသည် ထက် ဂလူးကို့ စ်ဆေးလုံးများကိုသောက်ပေးခြင်းက ပို၍အကျိုးထူးမည်ဖြစ်ကြောင်း အမေရိ ကန်ပြည်ထောင်စု ၊ ရောဂါထိန်း ချုပ်ရေးနှင့်တားဆီးကာကွယ်ရေးဌာန CDC က ထုတ်ပြန်ကြေညာ ထားသည်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ