သက်ကြီးအ၀လွန်သူများ ကယ်လိုရီလျှော့ပေါ့စားသုံးသင့်။


လူလတ်ပိုင်းအရွယ်ကိုကျော်လွန်နေပြီး အ၀လွန်နေသူ အမျိုးသား၊အမျိုးသမီးများအနေဖြင့် ကိုယ်ခံအားကောင်း အောင် လေ့ကျင့်လှုပ်ရှားပေးသင့်သည့်အပြင် ကယ်လိုရီစားသုံးမှုကိုလျှော့ချခြင်းဖြင့်လည်း ခန္ဓာကိုယ်က အစား အစာကို ဓာတ်ပြောင်းလဲဖွဲ့ စည်းသည့်စနစ်အချို့ ကို ပို၍အားကောင်းစေနိုင်သည်ကိုတွေ့ ရကြောင်း အမေရိကန် ပြည်ထောင်စု၊ ကာရိုလိုင်းနားပြည်နယ်(မြောက်ပိုင်း) Winston-Salem ဆေးကျောင်းမှ သုတေသီများက ပြောသည်။
အ၀လွန်သူတွေမှာ ကိုယ်ခံအားကောင်းအောင် လေ့ကျင့်လှုပ်ရှားပေးရုံနဲ့  အဆီပိုတွေ ကျမသွားရတဲ့ အကြောင်းရင်း က ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကနေ အစာအဟာရတွေကို ဆဲလ်တွေက စုပ်ယူ အသုံးပြုနိုင်တဲ့ အာဟာရအဖြစ် ပြောင်းလဲပေးနိုင် စွမ်း နည်းပါးသွားခြင်းကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ဆီးချိုအမျိုးအစား(၂)သမားတွေနဲ့  နှလုံး ရောဂါရှိသူတွေမှာ ဒီပြဿနာကိုတွေ့ ရပါတယ်။

 ဒါပေမယ့် အဆီပိုတွေမကျလို့ ဆိုပြီး ကိုယ်လက်လှုပ်ရှားမှုကို မလုပ် လို့ လည်း မဖြစ်ပါဘူး။ အရိုးနဲ့ ကြွက်သား သန်မာမှုအတွက် လေ့ကျင့်ခန်းတွေက လုပ်ရမှာပါပဲ။ အဆီပိုတွေကျဖို့ ကို တော့ ကယ်လိုရီစားသုံးမှုကို လျှော့ချပေးခြင်းဖြင့် ထိရောက်တဲ့အကျိုးကို ခံစားရနိုင်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။

နှလုံးရဲ့ စွမ်းဆောင်ရဲအ၀၀ကိုလည်း ကိုယ်ခံအားကောင်းစေတဲ့လေ့ကျင့်ခန်းတွေလောက်နဲ့ ပဲ တိုးတက်အောင် လုပ်ဖို့ ဆိုတာ ခဲယဉ်းပါတယ်။ သက်ကြီးအ၀လွန်သူတွေကိုကြည့်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ် အားနည်းတဲ့ဝေဒနာခံစားနေရတာကို တွေ့ ရပါလိမ့်မယ်။ ၀မ်းဗိုက်ပိုင်းမှာ အဆီပိုတွေများနေတာ၊ ကိုလက်စထရော နဲ့  ထရီဂလီစီရိုက် ပါဝင်မှုနှုန်းများနေတာ၊ သွေးတိုးရှိတာ၊ အဆစ်အမြက်ရောင်နာဖြစ်တာ၊ အင်ဆူလင်ထုတ်လုပ်မှုနဲ့  သုံးစွဲမှု ဟန်ချက်မညီမျှတာ အစရှိတာတွေဟာ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ် အားနည်းတဲ့ဝေဒနာကို ခံစားနေရတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။

ဖော်ပြပါ ဇီဝကမ္မဖြစ်စဉ် အားနည်းခြင်းအတွက် ကိုယ်အလေးချိန်လျှော့ချခြင်းက အကျိုး သက်ရောက် မှုကောင်း ကြောင်း၊ လူလတ်ပိုင်းအရွယ်တွင် အစားမရှောင်သောငြား ကိုယ်ခံအားကောင်းအောင် လေ့ကျင့်လှုပ်ရှားပေးခြင်းဖြင့် ကိုယ်အလေးချိန်ကျဆင်းလေ့ရှိကြောင်း၊ သက်ကြီးအ၀လွန်သူများတွင် တူသောအကျိုးကိုခံစားရမည်မဟုတ် ကြောင်း၊ ကယ်လိုရီလျှော့စားပြီး ကိုယ်လက်လှုပ်ရှားမှုကို မှန်ကန်စွာပြုလုပ်နိုင်ရန် လိုအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ကယ်လိုရီကြွယ်ဝသဖြင့် လျှော့စားရမည့်အစားအစာများမှာ ကြာရှည်ခံအောင်စီမံထားသောအသားများ၊ အားလူး ကြော်၊ ရေခဲမုန့် ၊ ငါးသေးသေးလေးကြော်၊ အသင့်ရသစ်သီးဖျော်ရည်၊ ပေါင်မုန့် အဖြူ၊ ဘီစကစ် အစရှိသည်တို့  ဖြစ်ကြောင်း သိရသည်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ