သွားပွတ်တံကျန်းမာရေး


ခံတွင်းနှင့်သွားများ သန့် ရှင်းစင်ကြယ်စေဖို့ အတွက် သွားပွတ်တံတွေကမရှိမဖြစ်ပါ။ သို့ သော် သွားပွတ်တံတွေမှာ ဘက်တီးရီး ယားမှိုပိုးတွေကပ်ငြိနေမယ်ဆိုရင်တော့ သွားနှင့် သွားဖုံးများ ပျက်စီးစေရုံမျှမက ၊ ခံတွင်းရောဂါများဖြစ်လာနိုင်တာကြောင့် သွားပွတ်တံကို သန့် သန့် ရှင်းရှင်းထားပေးဖို့  အထူးလိုအပ်လှပါတယ်။
၁၉၂၀ ခုနှစ်တွင် ကျန်းမာရေးသုတေသီများဟာသွားပွတ်တံကျန်းမာရေးနှင့်ပတ်သက်၍ လေ့လာ စမ်းစစ်မှု များပြုလုပ်ခဲ့ရာ၊ နံက်ပိုင်းတွင် သွားတစ်ကြိမ်တိုက်ပြီးနောက် ရေဖြင့်စင်စင်မဆေးကြောဘဲ၊ ၄င်း သွားပွတ်တံကို ညအိပ်ယာဝင်ခါနီး ထပ်မံ၍အသုံးပြုပါက သွားပိုးပေါက်တွေ ဖြစ်လာစေ နိုင်ကြောင်းလေ့လာတွေ့ ရှိခဲ့ပါတယ် ။
ဒါကြောင့်လည်းကျန်းမာရေးသုတေသီများဟာအသုံးပြုပြီးသောသွားပွတ်တံကိုရေဘုံဘိုင်အောက်မှာဇောက်ထိုးထား၍ အထပ်ထပ်အခါခါ ဆေးကြောပေးသင့်တယ်လို့  အကြံပြုခဲ့ကြပါတယ်။
လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့် ကလည်းသွားနှင့်ခံတွင်းကျန်းမာရေးသုတေသီများ၏ လေ့လာမှု မှတ်တမ်းများအရသွားပွတ်တံပေါ်မှာ Streptococcus mutansလို့ ခေါ်တဲ့ ဘက်တီးရီးယားပိုးတွေ များစွာရှိနေကြောင်း၊ ၄င်းဘက်တီးရီးယားများဟာ ခံတွင်းထဲသို့ရောက်သွားတဲ့အခါ အဆမတန်ပွား များပေါက်ပွားလာကြပြီးသွားအပေါ်ယံကြွေသွားတွေ ပါးလွှာယိုယွင်းလာကာသွားများပျက်စီးစေကြောင်း၊ ဒါ့ပြင် pseudomonads ခေါ် ဘက်တီးရီးယားပိုးတစ်မျိုးကလည်းခံတွင်းမှတဆင့် ၀မ်းဗိုက်ထဲသို့ ပျံ့ နှံ့ သွား ပြီး ၀မ်းလျှောဝမ်းပျက်ခြင်း၊ ခန္ဓာကိုယ်အရေပြားယားယံနီရဲလာခြင်း၊ နားပိုးဝင်ခြင်းစတဲ့ ရောဂါများဖြင့် ဆက်နွယ်လာကြောင်းသတိပေးထားပါတယ်။
၁၉၈၈ ခုနှစ်မှာတော့ အာရီဇိုးနားတက္ကသိုလ်ရှိRichard Glassလို့ အမည်ရတဲ့ ပရောဖက်ဆာတစ်ဦးကလူသားတွေ အသုံးပြု လျက်ရှိကြသော သွားပွတ်တံများကိုလေ့လာ စမ်းစစ်ကြည့်ခဲ့ရာမှာ၊ ရေမစိုဘဲခြောက်သွေ့ နေသောသွားပွတ်တံအဟောင်းပေါ်မှာရေယုန်ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေဟာအနည်းဆုံး ၄၈ နာရီကြာတဲ့အထိရှင်သန်နေနိုင်ပြီး၊ ရေချိုးခန်းတို့ လိုအစိုဓာတ်ရှိတဲ့ နေရာမှာဆိုရင် ၄င်းရေယုန်ဗိုင်းရပ်စ်တွေဟာ ရက်သတ္တ တစ်ပတ်ထက်ပို၍ ရှင်သန် နိုင်ကြောင်းကြောက်ခမန်း လိလိတွေ့ ရှိခဲ့ပါတယ်။
၂၀၁၅ ခုနှစ်တွင် အင်္ဂလန်နိုင်ငံကျန်းမာရေးသုတေသီများ၏ နောက်ဆုံးတွေ့ ရှိချက်အရ၆၀ ရာခိုင်နှုန်းသောသွားပွတ်တံ(ခေါ်)သွားတိုက်တံများပေါ်မှာတွယ်ကပ်နေသောအီကိုလိုင်းဘက်တီးရီးယားပိုးများ နှင့် အခြားပိုးကောင်ရေပေါင်းသန်း ၁၀၀ ထက်မနည်းကျက်စားလေ့ရှိကြောင်း၊ ထို့ ပြင် မစင်(ကျင်ကြီး) နှင့်ထပ်တူညီသောဘက်တီးရီးယားပိုးများလည်းကပ်ငြိပါလာသေးကြောင်း၊ ဒါတင်မက အသည်းရောင် အသားဝါပိုးတွေ ရှင်သန်နေနိုင်ကြကြောင်း၊ အကယ်၍ သွားပွတ်တံ တစ်ချောင်းတည်းကိုသာ ဇနီးမောင်နှံနှစ်ဦးအတူ တကွမျှဝေသုံးစွဲပါက မစင်(ကျင်ကြီး) နှင့် ထပ်တူညီသောဘက်တီးရီးယား ပိုးများပေါက်ပွားမှုအလားအလာမှာ ၂၀ ရာခိုင်နှုန်းသေချာနေပြီဖြစ်ကြောင်း၊ ဒါကြောင့် သွားပွတ်တံကို မိမိတစ်ဦးတည်းသာကိုယ်ပိုင်သီးသန့်  သုံးစွဲကြရန် နှင့် သုံးလတစ်ကြိမ် သွားပွတ်တံ အသစ်လဲလှယ် အသုံးပြုကြပါရန် အကြံပြုထားပါတယ်။
တစ်ကိုယ်ရေသန့် ရှင်းရေးအတွက် ပျမ်းမျှ အနည်းဆုံး တစ်နေ့ နှစ်ကြိမ် သွားတိုက်လေ့ရှိကြသော်လည်း၊ သတိမထားမိတဲ့ သွားပွတ်တံသိမ်းနည်းအမှားမျိုးတွေ မပြုမိကြစေဖို့ အတွက် အောက်ပါအတိုင်း အကြံပြုလိုက်ပါရစေ။
အမှား (၁) အိမ်သာ(သန့် စင်ခန်း)နှင့် ၆ ပေ အတွင်းမှာသိမ်းထားခြင်း။
မျက်နှာသစ်ဘေစင် နှင့် အိမ်သာတို့ ကို တွဲလျက်ထား၍သုံးခြင်းက အန္တရာယ်ကိုလွယ်ထားခြင်းဖြစ်ပါတယ်။ အဘယ်ကြောင့်ဆို သော် မျက်စေ့ဖြင့်မမြင်နိုင်တဲ့ မစင်အညစ်အကြေး နှင့် ၄င်းအနံ့ အသက်ဆိုးတွေက သွားတိုက်တံမှာ ကယ်ငြိသွားကြတာကြောင့်၊ ထိုသွားတိုက်တံဘရက်ရှ်တွေက မိလ္လာထိုင်ခုံထက်ပို၍ ညစ်ပတ်သွားပြီဖြစ်ပါတယ်။ ဒါကြောင့် သွားတိုက်တံကို အိမ်သာ(သန့် စင်ခန်း)နှင့် အနည်းဆုံး ၆ ပေထက် ပိုဝေးတဲ့နေရာမှာ သိမ်းထားသင့်ပါတယ်။
အမှား(၂) ပလပ်စတစ်ဗူးထဲမှာ သိမ်းထားခြင်း။
သွားတိုက်တံကို သုံးပြီးတဲ့အခါတိုင်း ရေစင်စင်ဆေးဖို့ လိုအပ်ပြီး၊ လေ၀င်လေထွက်ကောင်း၍ ရေမခိုအောင်းနိုင်တဲ့ ပလပ်စတစ် ခြင်းတောင်း(ကြဲကြဲ)လေးထဲမှာသိမ်းရပါမယ်။ သွားတိုက်တံရဲ့ ဘရက်ရှ်ကိုအပေါ်ဖက်မှာထား၍ လက်ကိုင်ပိုင်းကတော့ ခြင်းတောင်းထဲမှာ စိုက်ထောင်၍သိမ်းပေးပါ။ သွားတိုက်တံတွေကို ပလပ်စတစ်ပါကင်ဗူးဖြင့် ထုပ်ပိုးရောင်းချလေ့ရှိသော်လည်း၊ အသုံးပြုပြီးတဲ့ အခါမှာတော့ ထိုပလပ်စတစ်ဗူးခွံထဲ သိမ်းမထားသင့်တော့ပါဘူး။ ဤသို့ သိမ်းမိပါက သွားတိုက်တံရှိ ရေအကြွင်းအကျန်များက ပလပ်စတစ်ဗူးထဲမှာ လေလုံ၍ မှိုပိုးများပေါက်ပွားလာစေတတ်လို့ ပါ။
အမှား(၃) မိုက်ကရိုဝေ့မီးဖိုမှာ အပူပေးခြင်း။
အချို့ သူများက သွားတိုက်တံကို မိုက်ကရိုဝေ့မီးဖိုမှာ အပူပေးပိုးသတ်လေ့ရှိကြပါတယ်။ ထိုနည်းက လွန်စွာမှားယွင်းတဲ့နည်းဖြစ်ပါတယ်။ များသောအားဖြင့် သွားတိုက်တံတွေကို ပလပ်စတစ်၊ စီလီကွန်၊ နိုင်လွန် တွေဖြင့်ပြုလုပ်ထားကြပြီး ၄င်းပလပ်စတစ် အမျိုးအစားတွေကို မီးဖိုမှာအပူငွေ့ ပေးလိုက်တဲ့အခါ၊ bisphenol-A(BPA) ခေါ် ဓာတုဓာတ်ပစ္စည်းတစ်မျိုး ထွက်ရှိလာပါတော့တယ်။ထိုဓာတ်က ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်စေတဲ့အပြင်၊ ကျားမသဘာဝ မြုံခြင်းကိုပါဖြစ်စေတတ်ပါတယ်။ အကောင်းဆုံးနည်းကတော့ သွားတိုက်တံတစ်ချောင်းကို အများဆုံး သုံးလထက်ပို၍မသုံးဘဲ အသစ်လဲလှယ်ပါ။ မိမိကိုယ်ပိုင်သီးသန့် သွားတိုက်တံသုံးပါ။ ဖြစ်နိုင်ရင် သွားတိုက်တံမသုံးမီ ရေခပ်နွေးနွေးဆပ်ပြာတို့ ဖြင့်စိမ်၍ သန့် စင်ဆေးကြောပြီးမှသုံးပါ။
အမှား(၄) ခံတွင်းသန့် ဆေး မှားယွင်းစွာရွေးချယ်မိခြင်း။
ယေဘုယျအားဖြင့် လူသားအားလုံး၏ ခံတွင်းထဲမှာ oral microbiome(ခေါ်)ကျန်းမာတဲ့ ဘက်တီးရီးယားပိုးတွေ သန်းချီ၍ ရှိနေ ကြပြီး၊ ထိုအကျိုးပြုဘက်တီးရီးယားတွေက ပြင်ပပိုးမွှားတွေ ခံတွင်းထဲသို့ အန္တရာယ်မပြုနိုင်အောင် ခုခံစောင့်ရှောက်ပေးပါတယ်။ သို့ သော် သွားဖြူစေဖို့ အတွက် detergent ကြေးချွတ်ဆေးများများပါတဲ့သွားတိုက်ဆေးများ နှင့် alcoholပါဝင်မှုများတဲ့ ခံတွင်းသန့် စင်ဆေးရည်တွေက ထိုအကျိုးပြု oral microbiome ဘက်တီးရီးယားတွေကို အားယုတ်စေတာကြောင့် ခံတွင်းကျန်မာရေးကို အထောက်အကူ မဖြစ်စေနိုင်တော့ပါဘူး။ ဒါကြောင့် ဖလိုရိုက်ပါသော ပုံမှန်သွားတိုက်ဆေးကိုသာသုံးပါ။ မိမိကျန်းမာရေး အတွက် မဖြစ်မနေလိုအပ်မှသာ alcohol ဓာတ်ပါဝင်မှုနည်းတဲ့ ခံတွင်းသန့် စင်ဆေးရည်ကိုရွေးချယ်သုံးပါ။
သို့ ပါ၍ ခံတွင်းနှင့်သွားများကျန်းမာရေးအတွက် သွားမတိုင်ခင်မှာမိမိအသုံးပြုမည့် သွားပွတ်တံဟာ အမှန်တကယ် သန့် ရှင်းပါ၏လောဟုသေသေချာချာစူးစမ်းဆင်ခြင်သင့်ပါတယ်။ ဒါ့ပြင် သွားပွတ်တံ ထည့်သောခွက်ကလည်း သန့် ရှင်းဖို့ အရေးကြီးသလို၊ သွားပွတ်တံများ၏ ဘရက်ရှက်ကိုလည်း တစ်ခုနှင့်တစ်ခုမထိမိစေရန် အထူးသတိပြုသင့်ပါကြောင်းထပ်လောင်းအကြံပြုလိုက်ရပါတယ်။

ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်။
Health Guide
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ