ချစ်တင်းနှောရင်း ချစ်တဲ့အကြောင်းတွေပြောတာဟာ အိမ်ထောင်ရေးသုခ ပြည့်ဝစေ



ချစ်တင်းနှောနေစဉ်မှာ ကိုယ့်ရဲ့ လက်တွဲဖော်ကို ဘယ်လောက်ချစ်တဲ့အကြောင်းပြောပြခြင်းဟာ မိမိရော လက်တွဲဖော်ပါ အိမ်ထောင်ရေးသုခ ပြည့်ဝ စေနိုင်မယ့် နည်းလမ်းတစ်ခုပဲ ဖြစ်တယ်လို့ သိရပါတယ်။

လေ့လာမှုတစ်ခုက ရှာဖွေတွေ့ ရှိခဲ့တာကတော့ အိပ်ယာထဲမှာ အချစ်အကြောင်းပြောချင်းဟာ ကြိုတင်နူးနှပ်ခြင်း နဲ့ ဆက်ဆီ အောက်ခံတွေကို ၀တ်ဆင်ခြင်းတို့ထက် ကောင်းမွန်တဲ့အချိန်တွေကို ပိုင်ဆိုင်ခွင့်ရစေနိုင်တာ သေချာတယ်ဆိုတာပါပဲ။

ချစ်တင်းနှောရာမှာ စိတ်ကျေနပ်မှု ရရှိခဲ့တဲ့ အမျိုးသား ပေါင်း ၇၅ ရာခိုင်နှုန်းခန့်နဲ့ အမျိုးသမီး ၇၄ ရာခိုင်နှုန်းတို့က သူတို့ဟာ အဲဒီလို လုပ်ရပ်တွေကို လုပ်ခဲ့ကြတယ်လို့ ၀န်ခံထားကြပါတယ်။

အမေရိကန် ပြည်ထောင်စု မှာ ရှိတဲ့ Chapman တက္ကသိုလ် က သိပ္ပံပညာရှင်တွေဟာ လက်တွဲဖော်နဲ့ အတူတူ နေထိုင် ချစ်တင်းနှောလာခဲ့တာ ၃ နှစ်ခန့် ရှိပြီဖြစ်တဲ့ အမျိုးသား အမျိုးသမီး ၃၉၀၀၀ ယောက်ကို စစ်တမ်းကောက်ယူ လေ့လာခဲ့ကြပါတယ်။

သူတို့ရဲ့ ပျမ်းမျှ အသက်အရွယ်တွေကတော့ အမျိုးသမီးတွေဟာ ၄၀ နှစ်ဖြစ်ကြပြီး အမျိုးသားတွေကတော့ အသက် ၄၆ နှစ်ခန့် ရှိနေကြပါပြီ။
ရလဒ်ကတော့ ချစ်တင်းနှောနေစဉ်မှာ ရိုမန်တစ် ဆန်တဲ့ စကားတွေ ပြောခဲ့တဲ့ စုံတွဲတွေဟာ အခြားစုံတွဲတွေထက် အိမ်ထောင်ရေးသုခ ပိုမို ပြည့်ဝကြတယ်ဆိုတာပါပဲ။

ချစ်တင်းနှောခြင်းကို ပိုမို ကောင်းမွန်စေတဲ့အရာတွေထဲမှာတော့ ကိုယ့်ရဲ့ လက်တွဲဖော်ကို သူအိပ်ယာထဲမှာ ဘာတွေလုပ်ခဲ့တယ်ဆိုတာ ပြန်ပြောရင်း ချီးကျူးတာမျိုး သင်လိုချင်တာကို တောင်းဆိုတာမျိုးတွေလည်း ပါဝင်ပါတယ်။

လိင်ဆက်ဆံတဲ့အကြောင်းတွေကို တစ်နေကုန် ဖုန်းထဲမှာ ပြောတာ (သို့ ) အီးမေးလ် ပို့နေတာမျိုးတွေဟာလည်း အိပ်ယာထဲမှာ ကောင်းမွန်တဲ့အချိန်တွေရဖို့ သေချာစေနိုင်တယ်လို့ သိရပါတယ်။


( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail



မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ