အများသုံးရေကူးကန်နှင့် ရေကစားဥယျာဉ်များမှ မစင်ပိုးများကူးစက်ပြီး ၀မ်းရောဂါဖြစ်ပွားနိုင်။


အများသုံးရေကူးကန်များ၊ ရေကစားဥယျာဉ်များ အစရှိသည်တို့ တွင် လူပေါင်းစုံ ၀င်ရောက် ကူးခတ်ဆော့ကစား ကြရာဝယ် ၄င်းတို့ ၏ခန္ဓာကိုယ်တွင်ကပ်တွယ်နေသည့် မစင်များ ရေထဲတွင်ပျော်ဝင်ပြီး ရေကစားသူအချင်းချင်း အား ပိုးကူးစက်စေရာမှ ၀မ်းရောဂါဖြစ်ပွားနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနှင့်တား ဆီးကာကွယ်ရေးဌာန CDC က ထုတ်ပြန်ကြေညာသည်။

ရေကူးကန်တွေ၊ ရေကစားဥယျာဉ်တွေထဲမှာ လူတစ်ဦး၊နည်းနည်းနှုန်းနဲ့  မစင်ပိုးတွေ ပျံ့ နှံ့ နေနိုင်ပါတယ်။ အဲဒီ မစင်ပိုးဆိုတာ Cryptosporidium ဖြစ်ပါတယ်။ လူတွေကို အလွယ်တကူကူးစက်နိုင်ပြီး ရက်သတ္တပတ် ၃ ပတ် အထိ ၀မ်းလျှောဝမ်းပျက်စေနိုင်ပါတယ်။ အစကတည်းက ၀မ်းလျှောဝမ်းပျက်နေသူတစ်ဦးက ရေဆင်းကူးလိုက် ခြင်းဖြင့် အဲဒီရေကန်ရေကို ညစ်ညမ်းစေနိုင်ပါတယ်ဟု CDC အကြီးအကဲ Michele Hlavsa က ပြောပြသည်။
၂၀၁၆ ခုနှစ်တွင် ရေကူးကန်နှင့်ရေကစားဥယျာဉ်များမှ စတင်ခဲ့သည့် ၀မ်းလျှောဝမ်းပျက်မှု ၃၂ ကြိမ်ဖြစ်ခဲ့ ကြောင်း၊ ၂၀၁၄ ခုနှစ်က အလားတူဖြစ်စဉ် ၁၆ ကြိမ်သာရှိခဲ့ကြောင်း၊ ယမန်နှစ်က အိုဟိုင်းယိုးတစ်မြို့ တည်း၌ အများသုံးရေကန်မှ ၀မ်းလျှောဝမ်းပျက်ပိုးကူးစက်ခံရသူ ၂၀၀၀ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရသည်။

Crypto Virus ဟု အတိုကောက် သုံးနှုန်းကြသည့် ၀မ်းလျှောဝမ်းပျက်ပိုးကူးစက်ခံရလျင် ၀မ်းလျှောခြင်း၊ အစာ အိမ်နံရံများ နာကျင်ခြင်း၊ မူးဝေအော့အန်ခြင်း၊ ရေဓါတ်ခမ်းခြောက်ခြင်း အစရှိသည်တို့ ကို ခံစားရလေ့ရှိ ကြောင်း၊ တစ်ဦးမှနောက်တစ်ဦးသို့ ကူးစက်မှုလျင်မြန်လွန်းပြီး ကာလ၀မ်းရောဂါကူးစက်မှု ဖြစ်ပွားသွားနိုင် ကြောင်း၊ အများသုံးရေကူးကန်နှင့် ရေကစားဥယျာဉ်တို့ က သန့် ရှင်းမှုကို အထူးဂရုပြုရန်လိုအပ်ပြီး ရေကစား သူများကိုလည်း ထိရောက်စွာပညာပေးနိုင်ရန်လိုအပ်ကြောင်း သိရသည်။

ကိုယ်က ၀မ်းလျှောနေတယ်ဆိုရင် ရေကူးကန်ထဲမဆင်းခြင်းဖြင့် လူအများကို ကယ်တင်သင့်ပါတယ်။ ရေကန် ထဲ မဆင်းခင် ရေချိုးတယ်ဆိုတာလည်း သဘောလောက်ချိုးတာမျိုးမဟုတ်ဘဲ ကိုယ့်ခန္ဓာကိုယ်မှာ မစင်တွေ ကပ်ပါမသွားအောင် ဂရုတစိုက် ဆေးကြောသင့်ပါတယ်။ ရေကစားနေတုန်းမှာလည်း ရေကိုပါးစပ်ထဲမ၀င် အောင် အစွမ်းကုန်ကာကွယ်ရမှာဖြစ်ပြီး ရေထဲမှာ အညစ်အကြေးစွန့် တာ၊ ရေကန်အနီးကို ဖိနပ်စီးပြီးသွားတာ၊ ရေကန်ထဲ ဖိနပ်ဆေးတာ၊အ၀တ်လျှော်တာ အစရှိတာတွေကို လုံးဝရှောင်ကြဉ်ရပါမယ် ဟု CDC က သတိပေး ချက် ထုတ်ပြန်ထားသည်။

Lashio News Diary
https://www.facebook.com/LNDLashio/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ