တစ်နေ့ရေရှစ်ခွက်သောက်ဖို့ တကယ်လိုအပ်လား?



ခင်ဗျားသိထားတာကတော့ တစ်ရက်ကို ရေရှစ်အောင်စ ဒါမှမဟုတ် ရေရှစ်ခွက်လောက်သောက်ပေးဖို့ လိုအပ်တယ်ဆိုတာပါပဲ။ ကောင်းပါပြီ၊ တကယ်တော့ ဒါဟာ အပိုတွေပြောနေတာပါတဲ့။ 

တကယ်တော့ လူသားတွေအနေနဲ့ အဲ့လောက်များပြားတဲ့ ရေပမာဏသောက်သုံးဖို့ မလိုအပ်ပါဘူးတဲ့။ လူတစ်ယောက်နဲ့ တစ်ယောက် ရေဓာတ်ပမာဏလိုအပ်တာဟာ သူတို့ရဲ့ ကျန်းမာရေး၊ အရွယ်အစား၊ အစားရှောင်မှု၊ အချိုဓာတ်ပမာဏနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ဓာတ်တွေပေါ်မူတည်ပြီးကွဲပြားတာကြောင့် ရေကို ရှစ်ခွက်လောက်ထိတော့ သောက်သုံးဖို့ မလိုအပ်ဘူးလို့ သိရပါတယ်။ 

အဲ့ဒီအပြင် ရေသာမက ရေအရင်အမြစ်ကို ရယူနိုင်တဲ့ တခြား နေရာတွေလည်း ရှိပါသေးတယ်။ ဥပမာ အရက်သောက်တာနဲ့ တခြား သောက်စရာတွေသောက်တာဟာဆိုရင်လည်း သင့်ရေသောက်နှုန်းထဲမှာပါဝင်ပါတယ်။ အဲ့ဒီအပြင် အရည်သောက်တာသာမက ရေဓာတ်ဟာ သင့်စားစရာတွေရဲ့ ၂၀ရာခိုင်နှုန်းမှာလည်း ပါဝင်နေပါသေးတယ်။ 

အဲ့ဒီအပြင် လူ့ခန္ဓာကိုယ်ရဲ့ အခြေအနေဟာလည်း ရေဓာတ်ကို အဲ့လောက်ကြီးဖြည့်တင်းပေးစရာမလိုဘူးလို့ အမျိုးသား သိပ္ပံအကယ်ဒမီရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ အခြေခံအားဖြင့် သင်ရေဆာတယ်ဆိုရင် သင့်ပါးစပ်က ခြောက်သွေ့သွားမှာဖြစ်ပြီး သင့်ဆီးတွေဟာလည်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် နက်မှောင်သွားမှာပါ။ ဒါကြောင့် သင်ရေသောက်ရာမှာ ခွက်အရေအတွက်ကို ရေတွက်စရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ သင့်ခန္ဓာကိုယ်က ရေဓာတ်လိုမလို ခြေရာခံနိုင်လို့ ဖြစ်ပါတယ်။ 

 Bruce

#healthy.thithtoolwin.com

 Ref: The Verge

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ