ရေသောက်သုံးခြင်းက ဦးနှောက်ကို များစွာအကျိုးပြု


ရေသောက်သုံးခြင်းက လူသားတွေရဲ့ အတွေးနဲ့စိတ်အာရုံကို လန်းဆန်းစေပြီး ပြဿနာတွေကိုဖြေရှင်းရာမှာ ပိုပြီး စိတ်အေးအေးနဲ့ ရလဒ်ကောင်းအောင် ဖြေရှင်းနိုင်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် လူတွေဟာ ရေဆာလောင်နေရင် အခက်အခဲ ၊ ပြဿနာများကို ဖြေရှင်းရာမှာ နှေးကွေးလေ့ရှိပြီး ရေဆာပြေချိန်တွင် ဌင်းတို့ ၏စိတ်အာရုံမှာ လန်းဆန်းလာသောကြောင့် အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရာတွင်ထက်မြက်လာတာဖြစ်တယ်လို့ သုတေသီတွေက ကောက်ချက်ဆွဲခဲ့တာပါ။

ဒါ့အပြင် ရေကိုလုံလောက်စွာ သောက်သုံးမှု မရှိတာဟာ လူသားတွေရဲ့ တွေးခေါ်လုပ်ဆောင်မှုကိုပိုပြီးခက်ခဲ့စေတယ်လို့ သိရပါတယ်။

သုတေသီများ၏လေ့လာစမ်းသပ်မှု့ မှာတော့ စက်ဘီးကို နာရီဝက်ကြာစီးနှင်းခဲ့ကြသည့် ဆယ်ကျော်သက်များ၏ ဦးနှောက်ကို စကင်ဖတ်၍ စစ်ဆေးခြင်းနှင့် ဌင်းတို့ ၏ ချွေးထွက်မှု ပမာဏကို လေ့လာခဲ့ကြပါတယ်။

ဒီလို လေ့လာရာမှာတော့ ချွေးထွက်မှု ပမာဏများပြားသူများ၏ ဦးနှောက်အတွင်းရှိ တစ်သျှုးများသည့် ရှု့ံသွားတာကို တွေ့ခဲ့ရပါတယ်။ အဲ့အချိန်မှာ  ရေတစ်ခွက် သို့ မဟုတ် နှစ်ခွက်သောက်သုံးပြီးချိန်တွင် ဌင်းတို့ ၏ ဦးနှောက်များမှာ မူလအနေအထားကို ပြန်ပြီးရောက်ရှိသွားတယ်လို့ သိရပါတယ်။

သုတေသီတွေရဲ့ အဆိုအရ မိနစ် ၉၀ ကြာပုံမှန်ချွေးထွက်နေမည်ဆိုပါက ဦးနှောက်သည် အသက်တစ်နှစ်ပိုမို ကြီးသွားသကဲ့ သို့ ရှုံ့ သွားနိုင်ကြောင်းလည်း သိရပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)


Ref : Recipe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ