ပူလွန်းသော သောက်စရာများသောက်သုံးခြင်းက ကင်ဆာဖြစ်စေနိုင်



အလွန်ပူတဲ့ ကော်ဖီ၊ လက်ဖက်ရည်တို့လို သောက်သုံးစရာတွေကို သောက်သုံးတာဟာ ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်တယ်လို့ သိရပါတယ်။ အပူချိန် ၆၅ဒီဂရီစင်တီဂရိတ်နဲ့ အထက်ရှိတဲ့ သောက်စရာတွေဟာ ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်တယ်လို့ ယုံကြည်ရတာဖြစ်ပါတယ်။

ဒီကော်ဖီနဲ့ ကင်ဆာဆိုတဲ့ ခေါင်းစဉ်ကို သိပ္ပံပညာရှင်တစ်ထောင်လောက် လေ့လာခဲ့ပြီး အခုလိုမျိုးထုတ်ပြန်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ နိုင်ငံတကာကင်ဆာသုတေသနအေဂျင်စီ (IARC) က နေပြီးတော့ အခုလိုလေ့လာသုတေသနပြုချက်ကို ထုတ်လုပ်ပေးခဲ့တာပါ။

အေဂျင်စီရဲ့ ဒါရိုက်တာဖြစ်သူ Christopher Wild က “ကျွန်တော်တို့အနေနဲ့ သုတေသနပြုလုပ်ရမှာ ရလဒ်တွေက အလွန်ပူတဲ့ သောက်စရာတွေကို သောက်တာဟာ လည်ချောင်းကင်ဆာဖြစ်နိုင်ခြေ ရှိတယ်လို့ တွေ့ရပါတယ်” လို့ဆိုခဲ့တာပါ။

သူတို့အနေနဲ့ ဒီသုတေသနကို လက်ဘက်ရည်နဲ့ ရိုးရာသောက်သုံးစရာတွေကို အလွန်ပူတဲ့အခြေအနေ (၇၀ C) မှာ သောက်သုံးလေ့ရှိတဲ့ တရုတ်၊ အီရန်၊ တူရကီနဲ့ တောင်အမေရိက နိုင်ငံတွေမှာ လေ့လာခဲ့ရာမှာ အခုလိုမျိုးတွေ့ရှိခဲ့ရတာပါ။

ဒါကြောင့် ကော်ဖီအပါအဝင် သောက်စရာတွေကို အလွန်ပူပြင်းတဲ့ အခြေအနေမှာ မသောက်သုံးသင့်ပဲ အနည်းငယ် အအေးခံပြီးမှ သောက်သုံးသင့်ကြောင်း အကြံပေး တိုက်တွန်းခဲ့ပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Independent




မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ