ဇီဝကမ္မအားနည်းသူများ အိပ်စက်ချိန် ၆ နာရီထက်နည်းလျင် သေဆုံးနိုင်ခြေနှစ်ဆပိုမြင့်မားနိုင်


နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ရောဂါ အစရှိသည်တို့ ကို ခံစားနေရသူများသည် ဇီဝကမ္မဖြစ်စဉ် အားလည်း နည်းသူများဖြစ်သောကြောင့် ညအိပ်စက်ချိန် အနည်းဆုံး ၆ နာရီပြည့်အောင် အိပ်စက် သင့်ကြောင်းနှင့် တစ်ဆက်တစ်စပ်တည်းအိပ်စက်ချိန် ၆ နာရီထက်နည်းနေလျင် အချိန်မတန်ဘဲ အသက်သေဆုံးနိုင်ခြေ ၂ ဆ ပိုမိုမြင့်မားနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု၊ Northwell Health တက္ကသိုလ်မှ သုတေသီဒေါက်တာ Tara Narula က ပြောသည်။ အမေရိကန်ပြည်ထောင်စုတွင် သက်ကြီးရွယ်အိုအရေအတွက်၏ သုံးပုံတစ်ပုံထက်မနည်းတို့ တွင်ဇီဝကမ္မဖြစ်စဉ် အားနည်းသည့် လက္ခဏာများ ရှိကြောင်း ၊ အိပ်ရေးမ၀လျင် ဦးနှောက်အတွင်းရှိ့  hypothalamus အပိုင်း၌ ပြောင်းလဲမှုများကို ဖြစ်စေနိုင်ကြောင်း၊ ၄င်းအပိုင်းသည် ခန္ဓာကိုယ်တွင်း လိုအပ်လေ့ရှိသည့် ဟိုမုန်းများကိုထုတ်လုပ်ပေးခြင်းနှင့် အစာစားချင်စိတ်ကိုဖြစ်ပေါ်စေခြင်းတို့ အား ထိန်းချုပ်ပေးသည့် အပိုင်းဖြစ်ကြောင်း၊ ၄င်းအပိုင်း ပုံမှန်အလုပ်မလုပ်လျင် လူ့ ခန္ဓာကိုယ်တွင်း သွေးပေါင် ချိန် တက်စေခြင်း ကိုဖြစ်စေပြီး ခန္ဓာကိုယ်ကြီးထွားဖွံ့ ဖြိုးစေသည့် ဟိုမုန်းနှင့် ထုတ်လုပ်မှုတို့ ကို အနှောက် အယှက်ပေးကြောင်း ၊ ထို့ အပြင် စိတ်ဖိစီးမှု ကိုဖြစ်စေသည့် ကော်တီစောဟိုမုန်းကို ပို၍ထွက် စေကြောင်း၊ ထိုအခါ သွေးတွင်း ဂလူးကို့ စ်ပမာဏ ကမောက်ကမဖြစ်ပြီး ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို ပို၍အားနည်းစေခြင်းဖြစ်သည့်အတွက် မူလကတည်းက ဇီဝကမ္မဖြစ်စဉ် အားနည်းသည့်လူနာများတွင် အသက်သေဆုံးနိုင်ချိန်မှာလည်း နှစ်ဆပို၍ မြှင့်တက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ကိုယ့်မှာ ဇီဝကမ္မဖြစ်စဉ်အား နည်းသလားဆိုတာသိချင်ရင် ရောဂါရှာဖွေတဲ့အတိုင်း ရှာဖွေနိုင်ပါတယ်။ ခါးအရွယ်အစား ပိုပိုကြီးလာမယ်၊ တစ်ကိုယ်လုံး အချိုးအစားကျကျနဲ့ ဝလာတာမဟုတ်ဘဲ ၀မ်းဗိုက်ပိုင်း ပဲ ပိုထွက်လာမယ်ဆိုရင် ကောင်းတဲ့ကိုလက်စထရော HDL ပမာဏနည်းနေပြီး မကောင်းတဲ့ကိုလက် စထရော Triglyceride တွေ များနေတာဖြစ်တဲ့အတွက် သွေးပေါင်ချိန်တက်နေမယ်၊ သွေးတွင်းသကြား ပမာဏ များနေမယ်ဆိုတဲ့ လက္ခဏာတွေဖြစ်ပြီး ဒါဟာ ဇီဝကမ္မဖြစ်စဉ် အားနည်းနေတဲ့လက္ခဏာဖြစ်ပါ တယ် ဟု သုတေသီတစ်ဥိးက ရှင်းပြသည်။ ထို့ ကြောင့် နှလုံး၊သွေးတိုးနှင့်ဆီးချိုဝေဒနာရှင်များ၊ ဗိုက်ရွှဲသူများ အစရှိသည့် ဇီဝကမ္မဖြစ်စဉ်အားနည်း သူ တို့ သည် ညစဉ် အိပ်ချိန် အနည်းဆုံး ၆ နာရီ ပြည့်အောင် အိပ်စက်ပေးရန် လိုအပ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ