အိပ်ရေးမ၀သည့်ကာလရှည်ကြာလာလျင် ဦးနှောက်က မိမိကိုယ်ကို ဖျက်ဆီးလေ့ရှိ


အိပ်ရေးမ၀သည့်ကာလ ရှည်ကြာလာသောအခါ ဦးနှောက်အတွင်းရှိ ဆဲလ်အိုဆဲလ်ဟောင်းများကို ၀ါးမြို ဖျက်ဆီးပေးသည့် ဦးနှောက်ဆဲလ်များသည် အလုပ်လုပ်မှုလွန်ကဲသွားပြီး ဆဲလ်အကောင်းများကိုလည်း ဖျက်ဆီးပစ်လေ့ရှိသည်ကိုတွေ့ ရှိရကြောင်း အီတလီနိုင်ငံ၊ Marche Polytechnic University မှ သုတေ Michele Bellesi က ပြောသည်။ အိပ်ရေးပျက်တာကြာလာရင် ဦးနှောက်က ဆဲလ်အသေတွေကို စားပစ်တဲ့နှုန်း ပိုမြန်လာသလို စားပစ် တဲ့ ဆဲလ်အရေအတွက်လည်း ပိုများလာပါတယ်။

အဲဒီထက်ပိုကြာအောင် အိပ်ရေးပျက်လာမယ်ဆိုရင် တော့ ဦးနှောက်ဆဲလ်အကောင်းတွေကိုပါ ၀ါးမြိုဖျက်ဆီးပစ်လိုက်တာကို တွေ့ ရပါတယ်။ တစ်နည်းအား ဖြင့် အိပ်ရေးမ၀တဲ့အတွက် ဦးနှောက်ရဲ့ ဝန်ဆောင်မှု လွန်ကဲသွားပြီး ဆဲလ်အကောင်းတွေကိုပါ ဖျက် ဆီးပစ်ခြင်း ဖြစ်ပါတယ် ဟု ၄င်းက ပြောပြသည်။ Bellesi သည် ကြွက်များတွင်စမ်းသပ်ကာ အထက်ပါအတိုင်း တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ကြွက်များကို အုပ်စုနှစ်စုခွဲကာ ပထမတစ်စုကို အိပ်ချိန်တန်လျင် အိပ်စက်ခွင့်ပေးလိုက်ကြောင်း၊ ဒုတိယတစ်စုကိုမူ အိပ်ချိန်တန်သော်လည်း အိပ်ခွင့်မပေးဘဲ နောက်ထပ် ၈ နာရီ နိုးနေအောင် ထားရှိခဲ့ကြောင်း၊ အကျိုး ဆက်ကို ဆက်လက်လေ့လာကြည့်သောအခါ အိပ်ရေးပျက်ချိန်ကြာလာသည် နှင့်အမျှ ဦးနှောက်တွင်းရှိ ဆဲလ်အဟောင်းများကို ၀ါးမြိုစားသောက်သည့်နှုန်း ပို၍မြန်ဆန်လာပြီး ၄င်းမြန်ဆန်လာသည့်ဖြစ်စဉ်တွင် ဆဲလ်အဟောင်းများအပြင် ဆဲလ်အကောင်းများကိုလည်း ၀ါးမျိုဖျက်ဆီးပစ်ခြင်းဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် ဦးနှောက်၏ သန့် ရှင်းရေးကိုပြုလုပ်သည့် Glial ဆဲလ်များတွင် ၄င်းအပြောင်းအလဲမှာ သိသာထင်ရှားခဲ့ကြောင်း၊ ၄င်းဆဲလ်များကိုထိန်းချုပ်ပေးသည့် ဗီဇဓါတုပစ္စည်းများသည် အိပ်ရေး မ၀လျင် ပို၍အလုပ်လုပ်ကြောင်း၊ တစ်နည်းအားဖြင့် အိပ်ရေးမ၀လျင် ဦးနှောက်တွင်း၌ ဆဲလ်ပျက်စီးမှု ပိုများ လာလေ့ရှိသည့်အတွက် ဆဲလ်သန့် ရှင်းရေးကို ပို၍ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင် ရွက်စဉ်ဝယ် ဆဲလ်အကောင်းများလည်း ပျက်စီးခြင်းဖြစ်ကြောင်း၊ ထို့ ကြောင့် ကာလရှည်ကြာအောင် အိပ်ရေး အပျက်ခံခြင်းများ မပြုလုပ်သင့်ကြောင်းနှင့် ည ၁၂ နာရီမထိုးမီ အိပ်ချိန်အနည်းဆုံး ၁ နာရီရ အောင် အိပ်စက်သင့်ကြောင်း သုတေသီိများက အကြံပြုထားသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ