အမျိုးသားများ၏ မျိုးပွားမှုစွမ်းရည်အတွက် အကောင်းဆုံး သဘာဝဆေးဝါး

သုတေသီများ၏ အဆိုအရ မုန်လာဥနီနှင့် အချို့သော လိမ္မော်ရောင်ရှိသည့် သစ်သီးသစ်ဥများသည် အမျိုးသားများ၏ မျိုးပွားမှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ကြောင်း သိရှိရသည်။

အမျိုးသားများ၏ မျိုးပွားမှုစွမ်းရည်အတွက် အကောင်းဆုံး သဘာဝဆေးဝါး
ပေါက်တီးပေါက်ရှာ တွေးကြည့်မည်ဆိုလျှင် ယုန်များ သားပေါက်နှုန်း အလွန်ကောင်းခြင်းက ယခုသုတေသန ရလဒ်ကို ထောက်ခံပေးနေသည်ဟု ယူဆရပေမည်။ သုတေသီများ၏ အဆိုအရ မုန်လာဥနီနှင့် အချို့သော လိမ္မော်ရောင်ရှိသည့် သစ်သီးသစ်ဥများသည် အမျိုးသားများ၏ မျိုးပွားမှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ကြောင်း သိရှိရသည်။ အထူးသဖြင့် မုန်လာဥနီသည် အမျိုးသား တစ်ဦး၏ သုက်သွေးကို အကျန်းမာဆုံး၊ အသန်စွမ်းဆုံး စွမ်းအင်မျိုး ဖြစ်တည်လာအောင် ကူညီပေးလေ့ရှိကြောင်း လည်း ပညာရှင်များက ထောက်ခံခဲ့သည်။ အမျိုးသားများ၏ သုက်သွေးကို ကျန်းမာသန်စွမ်းအောင် မြှင့်တင်ပေးနိုင်သည့် ဓာတ်ကူ အစားအစာများတွင် မုန်လာဥနီသည် ထိပ်ဆုံးတန်းမှ ပထမချိတ်လိမ့်မည်ဟု ဟားဗက် တက္ကသိုလ်မှ ပညာရှင်များက ယုံကြည်ထားကြသည်။

ယခုသုတေသန ရလဒ်သည် သုက်ပိုးအရေအတွက် တိုးပွားမှုကို ဦးတည်ခြင်း မရှိဘဲ အမျိုးသား တစ်ဦး၏ သုက်ပိုးတစ်ကောင်ချင်းစီ၏ ကျန်းမာကြံ့ခိုင်မှု အစွမ်းကို အဓိက လေ့လာထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သုက်ပိုးများက အမျိုးသမီး မျိုးဥထံ ဦးတည်ကူးခတ်နိုင်သည့် အင်အားမျိုး တိုးပွားခြင်း ရှိမရှိကို ဇောက်ချ သုတေသနပြုခြင်း ဖြစ်သည်။ အမေရိကန် အမျိုးသား (၂၀၀)၏ နေထိုင်စားသောက်မှု ပုံစံများကို အသေးစိတ် မေးမြန်းပြီးနောက် ပညာရှင်များက ၎င်းတို့ထံမှ သုက်နမူနာများကို ရယူခဲ့ကြသည်။

ထိုအခါ အဝါရောင်၊ လိမ္မော်ရောင် သစ်သီးသစ်ဥများ အများအပြား စားလေ့ရှိသည့် အမျိုးသားများ၏ သုက်ပိုးများက သိသိသာသာနိုးကြား တက်ကြွနေသည်ကို တွေ့ရှိခဲ့သည်။ အထူးသဖြင့် မုန်လာဥနီကို ကြိုက်နှစ်သက်သူ၊ မုန်လာဥနီ ဖျော်ရည်ကို ပုံမှန်သောက်လေ့ရှိသူများ၏ သုက်ပိုးများကို ပိုမို၍ အားကောင်းလာတတ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ မုန်လာဥနီနှင့် အချို့သော လိမ္မော်ရောင် သစ်သီးသစ်ဥများသည် ကျန်းမာရေးကို အထောက်အကူပြုသည့် Antioxidantများ ကြွယ်ဝစွာ သိုလှောင်ထားသည်။ ယင်းတို့အနက် Beta-Caoteneများ ပါဝင်ပြီး Antioxidant ဗီတာမင်Aကို ပံ့ပိုးပေးသည်။

ရလဒ်အားဖြင့် မျိုးပွားမှုနှင့် ဆက်နွယ်သည့် ဆဲလ်များနှင့် DNAများ၊ ဇီဝကမ္မအလွှာများကို ပျက်စီးစေတတ်သည့် ဓာတ်ပြုမှုများကို သိသာစွာ တိုက်စား လျော့နည်းသွားစေသည်။ ထို့ကြောင့်လည်း သုက်ပိုးများကို ဟန့်တား ပိတ်ဆို့မည့် အတားအဆီးမျိုး နည်းပါးသွားခြင်း ဖြစ်သည်။ မုန်လာဥနီ ပမာဏ အနည်းငယ်ကို တစ်ခါတစ်ရံ စားလေ့ရှိသူများသည် ပင်လျှင် သုက်ပိုးသန်စွမ်းမှုသည် သာမန်ထက် (၆.၅)ရာခိုင်နှုန်းမှ (၈)ရာခိုင်နှုန်းထိ မြင့်မားတတ်ပြီး များများစားလျှင် ပိုမို၍ အာနိသင် ရှိနိုင်ကြောင်း ယခုသုတေသန ရလဒ်က ညွှန်ပြလျှက်ရှိသည်။

အခြားစစ်တမ်းများအရ ငါးများနှင့် အချို့သော အင်များတွင် တွေ့ရှိရသည့် Omega-3 အဆီအက်ဆစ်သည်လည်း အမျိုးသားများ၏ သုက်သွေး ကျန်းမာရေးကို ကောင်းကျိုးပြုကြောင်း သိရသည်။ မုန်လာဥနီသည် မျက်စိကျန်းမာရေးအတွက် သင့်တော်ကြောင်းလည်း ပညာရှင်များက ယူဆထားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ