သင်လုံးဝသတိမထားမိဘဲ သင့်ကို အ၀လွန်စေသောအချက်များ

(၁) စိတ်ဖိစီးမှု
စိတ်ဖိစီးမှု များခြင်းကတော့ သင်ဘာလို့ လွယ်လွယ်နဲ့ အလေးချိန် မကျတာလဲဆိုတဲ့ အကြောင်းထဲမှာ တစ်ခုအပါအ၀င်ပါပဲ။ စိတ်ဖိစီးမှုများခြင်းအားဖြင့် အစာစားချင်စိတ်ကို ပိုဖြစ်ရုံသာမက Cortisol  လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို ထွက်စေပြီး ယင်းက ၀မ်းဗိုက်တစ်ဝိုက်မှာ အဆီပိုတွေ ပိုမိုစုဆောင်းမိစေနိုင်ပါတယ်။

(၂) အပြင်းအထန် အစားအသောက်လျော့ချခြင်း
ကိုယ်အလေးချိန်ကျဖို့အတွက် အပြင်းအထန် အစားအသောက် လျော့ချတာက အဆီသာမက ကြွက်သားတွေနဲ့တစ်သျှူးတွေပါ လျော့ကျသွားပါတယ်။ ရလာဒ်ကတော့ ခန္ဓာကိုယ်ရဲ့ဇီဝရုပ်ဖြစ်စဉ် နှေးကွေးသွားပြီး သင့်အစားလျော့ချမှုကို ရပ်လိုက်တဲ့အခါမှာ ဇီဝရုပ်ဖြစ်စဉ် နှေးကွေးနေတဲ့အတွက် အလေးချိန် သိသာစွာတိုးလာနိုင်ပါတယ်။

ဘာလုပ်ကြမလဲ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာစားမှုအလေ့အကျင့်ကို တဖြည်း ဖြည်းကျင့်ယူပါ။ ခန္ဓာကိုယ်က ဖြည်း ဖြည်းနှေးနှေးပြောင်းလဲမှုကို ပိုပြီး ကောင်းကောင်းမွန်မွန် တုံ့ပြန်ပါ တယ်။

(၃) ဘုံဘိုင်ရေ 
အင်္ဂလန်မှာတော့ ဘုံဘိုင်ရေ အားလုံးရဲ့ ၁၀% ခန့်ဟာ ဖလိုရိုက်ခတ်ထားပြီး ယင်းက သင့်သွားကျန်းမာရေးအတွက် အဆင်ပြေသော်လည်း ကိုယ်အလေးချိန်ကျဖို့ အတွက်တော့ အဆင်မပြေပါဘူး။ အကြောင်းကတော့ ဖလိုရိုက်က ခန္ဓာကိုယ်ကနေ ဘိုင်အိုဒင်းမစုပ်ယူနိုင်အောင် တားထားတဲ့အတွက် သိုင်းရွိုက်ဟော်မုန်းထုတ်မှုအား လျော့ကျစေပြီး  ရလဒ်အနေနဲ့ ဇီဝရုပ်ဖြစ်စဉ် နှေးကွေးသွားတာပါပဲ။

ဘာလုပ်ကြမလဲ
ဖလိုရိုက်ခတ်ထားတဲ့ရေအစား သဘာဝရေသန့်ကို ပြောင်းသောက်ပါ။

(၄) allergy   (ဓာတ်မတည့်မှု)
အလာဂျီရှိတတ်တဲ့သူတွေဟာ ဓာတ်မတည့်မှု သက်သာစေဖို့အတွက်  (antihistamine)  ဆေးတွေသုံးလေ့ရှိပြီး ယင်းဆေးတွေက အစား အသောက်စားချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေပါတယ်။

ဘာလုပ်ကြမလဲ
ဓာတ်မတည့်မှု သက်သာဖို့ ဆေးသောက်မယ့်အစား   သဘာဝနည်းနဲ့ရင်ဆိုင်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။

(၅)အိပ်စက်ချိန်မလုံလောက်ခြင်း
အိပ်စက်ချိန်မလုံလောက်ခြင်းကလည်း သင့်ရဲ့ဇီဝရုပ်ဖြစ်စဉ်ကို နှေးကွေးစေပြီး ကယ်လိုရီလောင်ကျွမ်းမှု နည်းစေကာ ပင်ပန်းနွမ်းနယ်မှုဖြစ်ပေါ်စေပြီး ယင်းကိုသက်သာစေရန်အတွက် အချိုဓာတ် ပိုမိုစားမိစေကာ ကိုယ်အလေးချိန်ပိုတိုးစေပါတယ်။

ဘာလုပ်ကြမလဲ
တစ်ရက်ကို ၇ နာရီမှ ၈ နာရီထိ အိပ်ဖြစ်အောင် ကြိုးစားသင့်ပါတယ်။

အပိန်လေး
ref:Netdoctor.co.uk
Health Updates Journal 

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ