ကျန်းမာရေးအတွက် မေးခွန်းလွှာ

မေး။ ။ ဖျားနာရင် ကိုယ်လက် ကိုက်ခဲ ညောင်းညာရင်၊ တုပ်ကွေးမိရင် စားသင့်တဲ့ ဓာတ်စာကို ပြောပေးပါဆရာ။
မောင်မောင်(ရန်ကင်း)
ဖြေ။ ။ ဖျားနာခြင်း၊ ကိုယ်လက် ကိုက်ခဲ နာကျင်ခြင်း၊ တုပ်ကွေးမိခြင်းမှာ ပုံမှန် စားသောက်နေကျ အစားအစာ၊ ပျော့ပြောင်းတဲ့ ဆန်ပြုတ်၊ စွပ်ပြုတ်၊ မြူစွမ်ပြုတ်၊ ခေါက်ဆွဲပြုတ် စားနိုင်တယ်။
အချိုရည်၊ ဓာတ်ဆားရည်၊ သစ်သီးများ၊ မလိုင်ထုတ်ပြီး ပုံသွင်းထားတဲ့ ဒိန်ခဲ၊ တဆေးနဲ့လုပ်တဲ့ ပေါင်မုန့်၊ အစားအစာများ စားနိုင်ပါတယ်။ စားပြီး နာရီဝက်၊ တစ်နာရီကြာမှ ညွှန်ကြားတဲ့ ဆေးသောက် သင့်တယ်။ အဆီ ထုတ်ထားတဲ့ ဒိန်ချဉ်မှ အက်ဆီဒိုဖိလစ်နဲ့ ဘိုင်ဖီးတပ်(Acidophilis, Bifetus) ပါဝင်သလို နာနတ်သီးမှာ ဘရိုမလင် (Brome Lain) အင်ဇိုင်းပါလို့ အစာကြေမှုကို အထောက်အကူ ဖြစ်စေလို့ စားသင့်တယ်။ ဂေါ်ဖီထုပ်၊ မုန်လာဥနီမှာ အင်ဆူလင်ပါပြီး မိတ်ဆွေ ပိုးမွှားတိုးပွား စေတယ်။ ကြက်သွန်ဖြူကတော့ ပိုးမွှား သေစေတယ်။ ဒိန်ချဉ်ထဲ ပါတဲ့ အက်ဆီဒိုဖိလစ်နဲ့ ဘိုင်ဖီးတပ်ဆေးကို တစ်ခါသောက် နှစ်လုံးနဲ့ ပဋိဇီဝဆေး သောက်ပြီး ခြောက်ပတ်ကြာတဲ့ အခါ သောက်သင့်တယ်။ ဘိုင်အိုတင်း (Biotin) ပါတဲ့ ဗီတာမင်ဘီ ဆေးပြား သောက်ရမယ်။ စပျစ်သီးက ထုတ်တဲ့ အဆီ၊ သံလွင်ဆီနဲ့ မစ်တက်စတေး (Mith Thistle) သောက်သင့်တယ်။ ပန်းဝတ်မှုန် ဖြည့်စွက် အာဟာရဟာ သဘာဝ ပဋိဇီဝဆေး ဖြစ်တယ်။ ခုခံအား စနစ်ကောင်း စေပြီး ရောဂါကာကွယ် စေတယ်။ သီးခြား အကြံပြု ချင်တာက လမ်းဘေး ဆေးဆိုင်၊ ကွမ်းယာဆိုင်က တွဲပေးတဲ့ စပ်ဆေး သောက်တာ ရှောင်ရှားပြီး မိမိ ကျန်းမာရေး အတွက် တတ်သိနားလည်တဲ့ ဆရာဝန်၊ ဆေးခန်း၊ ဆေးရုံများကို အားကိုးပါလို့။

ဒေါက်တာလွင်သန့်(ဆေး-၂)

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ