ခေါက်ဆွဲထုပ်ကို အန္တရာယ်ကင်းအောင် ဘယ်လိုချက်ပြုတ်စားသောက်မလဲ


ခေါက်ဆွဲထုပ်ကို အများကြီး စား ရင် အစာမကြေဖြစ်တတ်ပါတယ်။ ခေါက် ဆွဲထုပ်ကို အဆင်သင့်အစာ (Junk Food) အဖြစ် ကျန်းမာရေးနဲ့ မညီညွတ် တဲ့ အစာလို့ ဝေဖန်ကြပါတယ်။ ခေါက် ဆွဲထုပ်တစ်ထုပ်မှာ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီပါဝင်မှု များပေမယ့် အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှုက လျော့နည်းပါတယ်။

ခေါက်ဆွဲထုပ်ကို ဖောက်ပြီး ခေါက် ဆွဲတွေကို အရင်ဆုံး ရေနွေးထဲ ထည့် ပြုတ်ပါ။ ပြီးရင် ရေကို သွန်ပစ်လိုက်ပါ။ ဒါဆိုရင် ခေါက်ဆွဲတွေ မကပ်ငြိအောင် ကာကွယ်ပေးတဲ့ ဖယောင်း (Wax)ကွာ ကျသွားပါ လိမ့်မယ်။ ပြီးမှ ဟင်းအရည်နဲ့ စားချင်ရင် ရေနွေး ထပ်ထည့်ရပါ

မယ်။ ခေါက်ဆွဲကျက်မှ ဆီ၊ ဆား စတဲ့ ပါဝင်တဲ့ အရသာအမှုန့်တွေကို ထည့်ပေးရမှာ ဖြစ် ပါတယ်။ ဒီနည်းက လုံးဝ အန္တရာယ်ကင်း တာတော့ မဟုတ်ပါဘူး။ အရင်က လူအ များစုဟာ ရေနွေးပြုတ်ထဲ ခေါက်ဆွဲနဲ့ ပါဝင်တဲ့ ပစ္စည်းတွေ အကုန်ထည့်ပြီး ခေါက်ဆွဲကျက်ရင် စားလေ့ရှိကြပါတယ်။

 ဒီနည်းနဲ့ စာရင် အခုပြောပြတဲ့ ချက်ပြုတ် နည်းက အန္တရာယ် ပိုလျော့ပါးသွားတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က လတ်ဆတ်တဲ့ ဟင်းသီးဟင်း၇ွက်တွေ ထည့်ပြီး ပြုတ်စားရင် ခေါက်ဆွဲထုပ်မှာ ပါဝင်မှု နည်းတဲ့ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် တွေကို ရရှိစေနိုင်တာကြောင့် ကျန်းမာ ရေးအတွက် ကောင်းပါတယ်။

အန္တာရယ်ကင်းချင်ရင် ခေါက်ဆွဲ ထုပ်ကို နေ့တိုင်း မစားသင့်ပါဘူး။ တစ်နေ့ သုံး-လေးထုပ်စားတာကို ရှောင်ရပါမယ်။ ကြိုက်လို့ စားချင်ရင် သုံးရက်ကြာမှ တစ် ထုပ်လောက်ပဲ စားပါလို့ ပြောချင်ပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : Food Recipe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ