လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းဟာ ကင်ဆာအကျိတ်တွေ ကြီးထွား လာမှုကို တားဆီးပေးနိုင်


ကင်ဆာရောဂါအတွက် ကုသမှု ခံယူနေစဉ်မှာ လေ့ကျင့်ခန်း ပုံမှန် လုပ်ဆောင်ခြင်းဟာ သိသာတဲ့ ကောင်းကျိုးသက်ရောက်မှုတွေ ရေရှည်မှာ ရရှိလာနိုင်တယ်လို့ လေ့လာမှု တစ်ခုက ဖော်ပြလိုက် ပါတယ်။

သုတေသီတွေဟာ ကြွက်တွေနဲ့ စမ်းသပ်ခဲ့ရာမှာ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ ဆက်တိုက် လုပ်ဆောင် ခြင်းဟာ ကင်ဆာ အကျိတ်အခဲ တွေရဲ့  အရွယ်အစားကြီးထွားလာမှု ကို ၅၀ ရာခိုင်နှုန်း တိတိ လျှော့ချလိုက်နိုင်တယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီလေ့လာမှုဟာ တိရိစ္ဆာန်တွေနဲ့သာ စမ်းသပ်ခဲ့တာ ဖြစ်ပေမယ့်လည်း သုတေသီတွေအခိုင်အမာ ဆိုထားတာကတော့ လေ့ကျင့်ခန်းဆက်တိုက်လုပ်ခြင်းဟာ လူသား ကင်ဆာ ရောဂါသည် တွေမှာလည်း တူညီတဲ့ ကောင်းကျိုးတွေသက်ရောက်စေနိုင်လိမ့်မယ်ဆိုတာပါပဲ။


ဒီလေ့လာမှုကိုတော့ Copenhagen တက္ကသိုလ်မှာရှိတဲ့ သုတေသီတွေက လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး သုတေသီအဖွဲ့ဟာ ကြွက်တွေကို အဖွဲ့ ၂ ဖွဲ့ ခွဲစေကာ ၁ ဖွဲ့ကိုတော့ လေ့ကျင့်ခန်း ဘီးလုံးတွေထဲ ၀င်နေစေပြီး ကျန်တစ်ဖွဲ့ကိုတော့ လေ့ကျင့်ခန်းမလုပ်ပဲနေစေခဲ့တာ ဖြစ်ပါတယ်။ ထိုကြွက်တွေ အားလုံးမှာ အဆုတ် ကင်ဆာ အကျိတ် ကိုယ်စီ ရှိနေကြပါတယ်။

ရလဒ်အနေနဲ့ကတော့ လေ့ကျင့်ခန်းလုပ်ခိုင်းခဲ့တဲ့ ကြွက်တွေဟာ လေ့ကျင့်ခန်းမလုပ်တဲ့ ကြွက်တွေထက် ကင်ဆာ အကျိတ်ကို သေးငယ်သွားစေနိုင်စွမ်း ၅၀ ရာခိုင်နှုန်း ပိုများလာခဲ့တာကို တွေ့ခဲ့ရပါတယ်။

“Natural Killer” လို့ခေါ်တဲ့ ဆဲလ်တွေဟာ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းမှာ ကင်ဆာ အကျိတ် တွေဆီကို ဦးတည် ထွက်ပေါ်သွားပါတယ်။ အတိအကျအားဖြင့်တော့ လေ့ကျင့်ခန်းဆက်တိုက် လုပ်နေစဉ်မှာ ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ် လှုံ့ဆော်မှုတွေဟာ ထို ခံခုအား ဆဲလ်တွေကို အသည်း ၊ ကျောက်ကပ် နဲ့ အရေပြားပေါ်မှာ ရှိတဲ့ ကင်ဆာ အကျိတ်တွေဆီကို ရောက်ရှိသွားစေခဲ့တာပဲ ဖြစ်တယ်လို့ သုတေသီတွေက ယုံကြည်နေကြပါတယ်။


( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com


Ref : Dailymail


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ