အလွန်အကျူး စားသောက်ခြင်းကြောင့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်


အစားအစာကို အလွန်အကျူး စားသောက်ခြင်းကြောင့် ကျန်း မာရေးပြဿနာ အများအပြားဖြစ်ပေါ်လာနိုင်သည်ဟု ကျွမ်းကျင် သူများက ပြောကြားသည်။

အလွန်အကျူး စားသောက်ခြင်းဆိုသည်မှာ အစားအသောက် နှင့်ပတ်သက်၍ ထိန်းမနိုင်သိမ်းမရ ခံစားနေရပြီး စားသောက်မှု ရပ် တန့်နိုင်စွမ်းမရှိသော အခြေအနေကို ဆိုလိုသည်။

စိတ်ဓာတ်ကျခြင်း၊ စိတ်မကောင်းဖြစ်ခြင်း၊ နာကျင်ခြင်း (သို့ မဟုတ်) စိတ်ခံစားချက် ထိခိုက်မှုဖြစ်ပေါ်နေချိန်တွင် အစားအစာ ကို အလွန်အကျွံစားသောက်ပစ်လေ့ရှိကြသည်။

အစားအစာကို အလွန်အကျွံစားသောက်ခြင်းကြောင့် ချက် ချင်းဖြစ်ပေါ်လာနိုင်သော လက္ခဏာများတွင် အသားအရေမွဲခြောက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဟော်မုန်းများ ဟန်ချက်မညီခြင်း၊ အက်စစ်ဓာတ်လွန်ကဲခြင်းနှင့် ၀မ်းချုပ်ခြင်းတို့ ပါဝင်သည်ဟု အစားအစာကျွမ်းကျင်သူ ဒီဗာနီရှန်က ပြောကြားသည်။

ဗီတာမင်ချို့တဲ့မှုများ၊ ကြွက်သားထုထည် ဆုံးရှုံးမှုများနှင့် အ ရိုးသိပ်သည်းဆ လျော့နည်းခြင်းတို့မှာ အလွန်အကျွံစားသောက် ခြင်း၏ ရေရှည်ထိခိုက်မှုလက္ခဏာများဖြစ်သည်။

အစားအသောက် အလွန်အကျွံစားသောက်ခြင်းမှာ အစားအစာနှင့် သက်ဆိုင်မှုနည်းပါးပြီး ခံစားချက်များနှင့်ပို၍ သက်ဆိုင် သည်။

အလွန်အကျွံစားသောက်ပြီးနောက် ယင်းခံစားချက်များ ပိုမို ဆိုးရွားလာလေ့ရှိပြီး စိတ်ခံစားချက်များကို ပိုအားနည်းစေနိုင်သည်။

ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်မှုကြောင့် ကိုယ့်ကိုယ်ကိုယ် ထိခိုက် စေခြင်း၊ ကိုလက်စထရောများ ပုံမှန်မဟုတ်ဘဲ မြင့်တက်ခြင်းနှင့် သကြားဓာတ်ပမာဏ မြင့်တက်ခြင်း၊ ဟော်မုန်းများ ဟန်ချက်မညီ ဖြစ်ခြင်း၊ အပြုအမူများ ထိန်းချုပ်မရဖြစ်ခြင်းတို့ဆီသို့ ဦးတည်သွား နိုင်သည်။

အလွန်အကျွံစားသောက်ခြင်း၏ အပြင်းထန်ဆုံး အခြေအနေ များတွင် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများလည်း ဖြစ်ပွားလေ့ရှိ သည်။

အစားအစာကို အလွန်အကျွံစားသောက်သူများစွာသည် စိတ် ဓာတ်ကျသည့် ရာဇ၀င်ရှိကြောင်း မကြာခဏ တွေ့ရလေ့ရှိသည်။ လူများစွာသည် ဒေါသထွက်ခြင်း၊ ၀မ်းနည်းခြင်း၊ ပျင်းရိခြင်း၊ စိုးရိမ် စိတ်ကြီးခြင်း (သို့မဟုတ်) အခြားသော အနုတ်သဘော စိတ်ခံစား ချက်များကြောင့် အစားအစာ အလွန်အကျွံစားခြင်း ဖြစ်လာနိုင် သည်။

ကလေးဘ၀တွင် အခြေအနေဆိုးများနှင့် ကြုံတွေ့ရမှု၊ ဆက် ဆံရေးပြဿနာများ (သို့မဟုတ်) မိသားစုပြဿနာများကြောင့် အ စားအသောက် အလွန်အကျွံ စားသောက်မှု ဖြစ်ပေါ်လာနိုင်သည်။

လူတစ်ဦးသည် ကျန်းမာရေးနှင့် ညီညွတ်သည်ဟု ခံစားရ အောင် ပထမဆုံးအနေဖြင့် ပျော်ရွှင်နေသည်ဟု ခံစားရရန် လိုအပ် ကြောင်း ပညာရှင်များကပြောသည်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ