အချို့ ကုထုံးများ အကျိုးသက်ရောက်မှု မရှိသလောက်နည်းပါးသည်ဟုဆို။


ဆေးပညာလောကတွင် လက်ခံကျင့်သုံးနေသော ကုထုံးနှင့်စမ်းသပ်ပုံအချို့ သည် အကျိုးသက်ရောက်မှု မရှိသလောက်နည်းပါးနေကြောင်း UK ရှိ Academy of Medical of Royal College (AMRC)မှ သုတေသီများက ပြောသည်။

ဥပမာ အသက် (၄၅)နှစ်ကျော်သွားပြီဖြစ်တဲ့အမျိုးသမီးတွေ သွေးဆုံး၊မဆုံးသိရှိဖို့  သွေးစစ်ဆေးဖို့ မလိုအပ်ပါဘူး။ ခါးနာ၊ခါးကိုက်သူတွေကို ဓါတ်မှန်ရိုက်ခိုင်းလို့ လည်း ဘာမှအထောက်အကူမပြုပါဘူး။ ဒီလိုမျိုး လူနာအတွက် အကျိုးသက်ရောက်မှု မရှိသလောက်နည်းပါးနေတဲ့ကုထုံးတွေ အမျိုးပေါင်း (၄၀) ထက်မနည်း ရှိနေပါတယ်ဟု AMRC ၏ အကြီးအကဲ ပါမောက္ခ Dame Sue Bailey က ပြောပြသည်။
လူနာနဲ့ ဆရာဝန်ကြားမှာ လူနာတွေကလည်း မလိုအပ်တဲ့ကုသမှုနဲ့ စမ်းသပ်မှုပုံစံတွေကို တောင်းဆို တတ်သလို ဆရာဝန်တွေကလည်း လူနာအကြိုက် စမ်းသပ်ပေးတာ၊ အချို့ ကလည်း ဓါတ်ခွဲခန်းနဲ့ အပေး အယူ ရှိလေတော့ မလိုအပ်ဘဲ များများစစ်ခိုင်းတာတွေ ရှိနေပါတယ်။ ဆေးကုသမှုမှာ မလိုအပ်တဲ့ စမ်းသပ်မှုနဲ့ ကုထုံးတွေကို အတတ် နိုင်ဆုံးလျှော့ချဖို့ ရည်ရွယ်ချက်နဲ့  ဒီစစ်တမ်းကိုကောက်ခဲ့ရာမှာ မလိုအပ်ဘဲလုပ်နေကြတဲ့ကုထုံးတွေ၊စမ်းသပ်မှုတွေ ဟာ ထင်ထားတာထက်တောင်များနေပြီး အမျိုးပေါင်း (၄၀) ကျော် ရှိနေတာကိုတွေ့ ရပါတယ်။ လူနာတွေအနေနဲ့  ကိုယ့်ကိုကုတော့မယ့်ကုထုံးနဲ့ ပါတ်သက်ပြီး မသိနားမလည်တာရှိရင် အားမနာတမ်းမေးဖို့ လိုအပ်သလို ဆရာဝန် တွေမှာလည်း ရှင်းပြဖို့ တာဝန်ရှိပါတယ်ဟု သူမက ဆက်လက်ပြောပြသည်။


သုတေသီများက ဆေးပညာနယ်ပယ် (၁၁) ခုမှ ပါရဂူများကို ၄င်းတို့ ပုံမှန်အသုံးပြုလေ့ရှိသည့် ကုသမှုပုံစံ (၅)မျိုး ကို မေးမြန်းကာစစ်တမ်းကောက်ယူခဲ့ကြောင်း၊ ၄င်းတို့ ၏အဖြေများထဲတွင် ဖော်ပြပါအတိုင်း မလိုအပ်သည့်အဆင့် များကို တွေ့ ရကြောင်း၊ ထို့ ကြောင်း လူနာအနေဖြင့် ဆရာဝန်ကို ပွင့်လင်း စွာမေးမြန်းရန် အလွန်လိုအပ်နေကြောင်း သူမက ထပ်လောင်းပြောကြားသည်။
ဒဏ်ရာကို ရိုးရိုးရေနဲ့ ဆေးလည်းရပါတယ်၊ ဆလိုင်းအရည်နဲ့ ဆေးမှ မဟုတ်ပါဘူး။ ကလေးငယ်လေးတွေမှာ လက်ကောက်ဝတ်အဆစ်လွဲသွားတာလောက်ကို ကျောက်ပတ်တီးကိုင်ဖို့ မလိုပါဘူး။ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ဝေဒနာကိုခံစားနေရတဲ့ကလေးတွေကို ဘာဆေးမှ မတိုက်လည်း သက်သာပျောက်ကင်းပါတယ်။ မွေးဖွားစဉ် မှာ ကလေးရဲ့ နှလုံးကို အီလက်ထရွန်းနစ် စက်တွေနဲ့  တည်ငြိမ်အောင်ထိန်းထားတယ်ဆိုတာ အမေရဲ့ အသက် ရှင်ဖို့  မသေချာတော့အောင် အခြေအနေရှုပ်ထွေးနေမှ လိုအပ်ပါတယ်။ ဓာတုကုထုံးဆိုတာ ကင်ဆာရဲ့ လက္ခဏာ တွေကိုပျောက်စေပြီး ကင်ဆာကိုပျောက်စေတာမဟုတ်တဲ့အတွက် လူနာဟာ ကင်ဆာဝေဒနာအပြင် အဲဒီဓာတ် ကင်ထားတဲ့ ဝေဒနာတွေကိုပါ ဆိုးဆိုးရွားရွားခံစားရပြီး သေခါနီးလေ ဝေဒနာပြင်းထန်လေ ဖြစ်ပါလိမ့်မယ်ဟု သူမ က ဖြည့်စွက်ရှင်းပြသည်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ