ရေခဲပြင်အရည်ပျော်ခြင်းကြောင့် တိမ်မြုပ်ပျောက်ကွယ်နေသည့် ဗိုင်းရပ်ပိုးများ ပြန်လည်ပျံ့ နှံ့ နိုင်


ကမ္ဘာဦးအစ သမိုင်းဦးကာလကတည်းက လူဆိုတာ ဗက်တီးရီးယားတွေ၊ ဗိုင်းရပ်တွေရဲ့ တိုက်စစ်ကို ခုခံ ကာကွယ်ရင်း ဒီနေ့ ဒီအချိန်အထိ ရောက်လာခဲ့တာပါ။ တစ်ချိန်က ပလိပ်ရောဂါ၊ ကျောက်ရောဂါ တွေကနေ
အခုနောက်ဆုံး ဇီကာ၊ အီဘိုလာ အထိပေါ့။ လူတွေကလည်း ဗိုင်းရပ်တွေ၊ ဗက်တီးရီးယားတွေကို နည်းမျိုးစုံ နဲ့  သုတ်သင်ရှင်းလင်းဖို့ ကြိုစားရသလို ပိုးတွေကလည်း ဒီနည်းနဲ့ မရ၊ နောက်တစ်နည်းနဲ့  ဆက်လက်တိုက် ခိုက်လာခဲ့တာပါပဲ။ ဒီအခြေအနေကို ပိုပြီးဆိုးရွားစေမယ့်ပြဿနာတစ်ခုကလည်း အစပျိုးနေပါပြီ။ အဲဒါ ကတော့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ၀င်ရိုးစွန်းရေခဲပြင်တွေ အရည်ပျော်ရာကနေ အဲဒီရေခဲပြင်တွေထဲ ပိတ်မိနေခဲ့တဲ့ ဗိုင်းရပ်တွေပါ ပြန်လည်အသက်ဝင် ပျံ့ နှံ့ လာတော့မယ့် ပြဿနာ၊ တစ်နည်းအားဖြင့် တစ်ကမ္ဘာလုံးက ရင်ဆိုင်ကြုံတွေ့ ရဖွယ်ရှိတဲ့ ဗိုင်းရပ်ကူးစက်မှုအသစ်၊အသစ်တွေ ဖြစ်ပါတယ်။

အက်လက်ဇန်းဒါးဖလက်မင်း ပင်နီစလင်ကို ထုတ်လုပ်နိုင်ခဲ့တဲ့အချိန်ကစပြီး ဒီနေ့ ဒီအချိန်အထိ လူသားတွေ ပဋိဇီဝဆေးကိုသုံးတတ်လာခဲ့ပါတယ်။ နှစ်ပေါင်းအားဖြင့် ရာနဲ့ ချီပါပြီ။ သို့ ပေမယ့်လည်း ဗက်တီးရီးယားတွေ ကို ခံစစ်ပဲကစားနိုင်တာဖြစ်ပြီး အခုဆိုရင် ဆေးယဉ်ပါးဗက်တီးရီးယားတွေကြောင့် ခံစစ်တောင် အနိုင်နိုင် ဖြစ်နေပါတယ်။ အဆိုးဆုံးကတော့ အလက်ဇန်ဒါးနောက်ပိုင်း ပဋိဇီဝဆေးအသစ် ဆိုပြီး ထင်ထင်ရှားရှား မထုတ်လုပ်နိုင်ခဲ့တာပဲဖြစ်ပြီးတော့ ဒီအချိန်မှာများ ၀င်ရိုးစွန်းရေခဲပြင်တွေထဲ ခိုအောင်းနေခဲ့တဲ့ ဗိုင်းရပ်တွေ အားပါးတရ ပျံ့ နှံ့ လာရင် ခုခံကာကွယ်ဖို့ ဆိုတာ ဆေးတောင်ရှိမှာမဟုတ်ပါဘူး။

နှစ်ပေါင်းထောင်ပေါင်းများစွာ ခဲနေခဲ့တဲ့ ရေခဲပြင်တွေ အရည်ပျော်နေပါပြီ။ အဲဒီအောက်မှာ ခိုအောင်းနေတဲ့၊ လူတွေ တစ်ကြိမ်တစ်ခါမှ မကြုံဖူး၊မသိဖူးတဲ့ ဗိုင်းရပ်တွေ၊ ဗက်တီးရီးယားတွေ အသက်ဝင် ရှင်သန် ပျံ့ နှံ့ စ ပြုလာပါပြီ။ အထောက်အထားရှိသလား ဆိုရင် ရှိပါတယ်။

၂၀၁၆ သြဂုတ်မှာ အာတိတ်စက်ဝိုင်းဒေသ၊ ယမယ်ကျွန်းဆွယ်ထဲက ရေခဲကန္တရထဲမှာ အသက် ၁၂ နှစ် အရွယ် ကောင်လေးတစ်ယောက် သေဆုံးခဲ့ပြီး နောက်ထပ် လူအယောက် ၂၀ ထက်မနည်းကို ဆေးရုံ တင်ပို့ ကုသပေးခဲ့ရပါတယ်။ ဒေါင့်သန်းရောဂါပိုး ကူးစက်မှုပါ။ ဒီနေရာကို ဒေါင့်သန်းရောဂါပိုး ဘယ်က ရောက်လာတာလဲ။ သီအိုရီဆွဲကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ၇၅ နှစ်ခန့် က ဒေါင့်သန်းရောဂါပိုးကူးစက်ခံထား ရတဲ့ ရေခဲပြင်နေ ရိန်းဒီးယားသမင် တစ်ကောင် သေဆုံးခဲ့ပါလိမ့်မယ်။ အဲဒီအသေကောင်အပေါ် ရေခဲဖုံး သွားပါလိမ့်မယ်။ ဒါပေမယ့် ၂၀၁၆ မှာ အပူလှိုင်းဖြတ်တော့ အဲဒီသမင်အသေကောင်ပေါ်က ရေခဲတွေ အရည်ပျော်သွားပြီး အဲဒီသမင်အသေကောင်စီက ဒေါင့်သန်းရောဂါပိုးတွေက အနီးဝန်းကျင်က ရေနဲ့ မြေ တွေထဲ ပျံ့ နှံ့ ရောက်ရှိသွားပါလိမ့်မယ်။ အဲဒီကနေတစ်ဆင့် အစားအစာတွေထဲ ရောက်သွားမှာပေါ့။ အကျိုးဆက်အားဖြင့် အဲဒီဒေသမှာ ကျက်စားတဲ့ သမင် အကောင် ၂၀၀၀ ထက်မနည်း ရောဂါပိုးကူးစက် ခံခဲ့ရပြီး လူတွေကိုလည်း ကူးစက်ခဲ့လို့  ဖော်ပြပါအတိုင်း ကလေးတစ်ယောက်သေဆုံး၊ အယောက် ၂၀ ဆေးရုံရောက်တာမျိုး ဖြစ်ခဲ့တာပါ။

အခု ရေခဲပြင်အရည်ပျော်တာမျိုး ဆက်တိုက်ဖြစ်နေပါတယ်။ ပုံမှန်အခြေအနေမှာတောင် နွေတစ်နွေကို ရေခဲ ၅၀ စင်တီမီတာအနက်အထိ အရည်ပျော်ပါတယ်။ ဒီတော့ တဖြည်းဖြည်းနဲ့  နှစ်ပေါင်းထောင်နဲ့ ချီ ခဲနေခဲ့တဲ့ ရေခဲပြင်အလွှာတွေဟာ အရည်ပျော်စပြုနေပါပြီ။ အဲဒီရေခဲပြင်ကြီးအောက်က အအေးခန်းသဖွယ်အနေ အထား မှာ သိမ်းဆည်းခံထားရတဲ့ ဗက်တီးရီးယားနဲ့ ဗိုင်းရပ်တွေလည်း စတင်ပျံ့ နှံ့ လာနေပြီလို့  ဆိုနိုင် တယ်လို့  သုတေသီများက အထိတ်တလန့်  ဖြစ်နေကြတာပါ။

၁၉၁၈ ခုနှစ် စပိန်တုပ်ကွေးဗိုင်းရပ်က အာလာစကာရေခဲကန္တာရအောက်မှာ ပိတ်မိနေခဲ့တဲ့ သင်္ချီုင်းကြီးကနေ ပျံ့ နှံ့ ခဲ့တာပါ။ ရေခဲပြင်အောက်မှာ အမျိုးအမည်မသိ ဗက်တီးရီးယားနဲ့ ဗိုင်းရပ်တွေက နှစ်ပေါင်း သန်းနဲ့ ချီ ရှင်သန်နေနိုင်ပါတယ်။ ရေခဲလည်းအရည်ပျော်ရော၊ တံခါးဖွင့်ပေးလိုက်တဲ့အတိုင်း စိတ်ကြိုက်ပျံ့ နှံ့ နိုင်ပြီပေါ့ လို့  သုတေသီတစ်ဦးက ပြောပါတယ်။

၂၀ရာစုတစ်ခုထဲမှာ ရိန်းဒီးယားသမင် အကောင် ၁ သန်းကျော် ဒေါင့်သန်းရောဂါကြောင့် သေဆုံးခဲ့တာတွေ ဟာ ရုရှားနိုင်ငံမြောက်ပိုင်းမှာ ပြန့် ကျဲနေတဲ့ သင်္ချီုင်းပေါင်း ၇၀၀၀ ကျော်က ပိုးမွှားတွေကြောင့် ဖြစ်ပါတယ်။ သုတေသီများက အာလာစကာရေခဲအောက်မှာ နှစ်ပေါင်း ၃၂၀၀၀ ကျော် အေးခဲပြီးရှင်သန်နေတဲ့ ဗက်တီး ရီးယားတွေကို ထုတ်ယူအသက်သွင်းစမ်းသပ်နိုင်ခဲ့ပါတယ်။

၁၈၉၀ တုန်းကလည်း ဆိုက်ဘေးရီးယားမှာ ကျောက်ရောဂါဖြစ်ပွားပြီး မြို့ တစ်မြို့ ထဲက လူ ၄၀ ရာခိုင်နှုန်း သေဆုံးခဲ့ပါတယ်။ သူတို့ ရဲ့ ရုပ်အလောင်းတွေကို မြုပ်ထားတဲ့နေရာက ကိုလိုင်မာမြစ်နားမှာပါ။ နှစ်ပေါင်း ၁၂၀ ကြာတော့ မြစ်တိုက်စားမှုကြောင့် ဒီရုပ်အလောင်းတွေကိုဖုံးထားတဲ့ရေခဲထုကြီးလည်း အရည်ပျော် လာပါတယ်။ အဲဒီရုပ်အလောင်းတွေက ကျောက်ရောဂါပိုးတွေ ပြန်လည်ပျံ့ နှံ့ လာနိုင်ပါတယ်။

ဒီတော့ ကမ္ဘာကြီးပူနွေးလာတာနဲ့ အမျှ ရေခဲပြင်အရည်ပျော်မှုတွေ ပိုဖြစ်လာပြီး တိမ်မြုပ်ပျောက်ကွယ်နေတဲ့ ဗိုင်းရပ်နဲ့ ဗက်တီးရီးယားတွေ ပြန်လည်အသက်ဝင် ပျံ့ နှံ့ နိုင်မယ့် အန္တရာယ်နဲ့  ကမ္ဘာကြီးဟာ လက်တစ် ကမ်းကို ရောက်နေပြီဖြစ်ကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

Lashio News Diary
https://www.facebook.com/LNDLashio/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ