ကင်ဆာကိုတိုက်ဖျက်နိုင်သည့်ပဋိပစ္စည်း ထုတ်လုပ်နိုင်တော့မည်


အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်ရှိ Brigham and Women’s Hospital ဆေးရုံကြီးမှ အာရုံကြောအထူးကုဆရာဝန်ကြီး Howard Weiner ဦးဆောင်သည့်သုတေသီများက ခန္ဓာကိုယ်ရှိ ရောဂါ
ခုခံသည့် T-cell များကို ကင်ဆာဆဲလ်များကိုသတ်နိုင်အောင် ပဋိပစ္စည်းထုတ်လုပ်စေရန် တိကျစွာထိန်းချုပ်
ပေးနိုင်မည့်စနစ်ကို တွေ့ ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ ဖော်ပြပါနည်းဖြင့်ထုတ်လုပ်လိုက်သည့် ပဋိပစ္စည်းဖြင့် ကင်ဆာအကျိတ်ကို ဆက်လက်ကြီးထွားမလာအောင် ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ အထူးသဖြင့် အရေပြားကင်ဆာ၊ ဦးနှောက်ကင်ဆာ၊ အူမကြီးကင်ဆာ အစရှိသည်တို့ ၌ ကင်ဆာဆဲလ်များ ဆက်လက်ပျံ့ နှံ့ မသွားအောင် ထိန်းချုပ်ရာ၌ အားရဖွယ်ရလာဒ်များကို ရရှိခဲ့ကြောင်း Howardကပြောပြသည်။

ကျွန်တော်ကအာရုံကြောအထူးကုပါ။လေဖြတ်လူနာတွေရဲ့ အာရုံကြောပြဿနာတွေကို စူးစမ်းလေ့လာ ရာက နေ မထင်မှတ်ဘဲ T-cell တွေကို ထိန်းချုပ်ပြီး ကင်ဆာဆဲလ်တွေကိုတိုက်ဖျက်နိုင်မယ့် ပဋိပစ္စည်း ထုတ်လုပ်နိုင် မယ့် နည်းလမ်းကို တွေ့ ရှိခဲ့ခြင်းဖြစ်ပါတယ်။ T-Cell တွေရဲ့ အလုပ်က အလို အလျောက်ပျောက်ကင်း သက်သာ စေနိုင်တဲ့ ရောဂါတွေကို မဖြစ်ပွားအောင် တားဆီးရတာပါ။ တကယ်လို့ များ ကင်ဆာဆဲလ်တွေကိုလည်း အလို အလျောက် ပျောက်ကင်းသက်သာသွားစေနိုင်မယ့်အုပ်စုထဲကို ထည့်သွင်းနိုင်မယ်ဆိုရင် အကျိုးထူးမယ်ဆိုပြီး ဆက်လက်စမ်းသပ်ခဲ့ခြင်း ဖြစ်ပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။

ကင်ဆာဆဲလ်များက ခန္ဓာကိုယ်၏ရောဂါခုခံစနစ်မှ ပုန်းအောင်းနိုင်ကြောင်း၊ T-cell များက ၄င်းကင်ဆာဆဲလ် များကို တွေ့ လည်းမတွေ့ ၊ တိုက်လည်းမတိုက်ခိုက်နိုင်ကြောင်း၊ သို့ သော် ယင်း T-cell များကို ပဋိပစ္စည်းတစ် မျိုး နှင့် ထိတွေ့ ပေးလိုက်လျင် T-cell များပေါ်ရှိ မော်လီကျူးဖွဲ့ စည်းပုံများ ပြောင်းလဲသွားကြောင်း၊ ယင်းပြောင်း လဲမှုဖြစ်ပွားပြီးနောက် ၄င်း T-cell များက ကင်ဆာဆဲလ်များကို စတင်ထိန်းချုပ်လာခြင်းဖြစ်ကြောင်း ၄င်းက ဖြည့်စွက်ရှင်းပြသည်။ အဆိုပါ ပဋိပစ္စည်းမှာ anti-Lap ဖြစ်ကြောင်း၊ ၄င်းပဋိပစ္စည်းများက T-cell များ အလုပ်လုပ်ပုံကိုထိန်းချုပ်ပြီး ကင်ဆာဆဲလ်များကို သိရှိတိုက်ခိုက်တိုက်ဖျက်အောင် လုပ်ဆောင်ပေးနိုင်သည်ကို စမ်းသပ်တွေ့ ရှိခဲ့ပြီးဖြစ် ကြောင်း၊ သို့ ဖြစ်၍ အနာဂါတ်တွင် ကင်ဆာဆဲလ်များကိုတိုက်ဖျက်နိုင်မည့် ဆေးဝါး ထွက်ပေါ်လာနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ