ယာဉ်ကြောပိတ်ဆို့မှုနှင့် လေထုညစ်ညမ်းမှု ပြဿနာသည် ချိတ်ဆက်မှု ရှိနေကြောင်း ကာလီဖိုးနီးယား တက္ကသိုလ်မှ သုတေသီများက ထုတ်ပြန်


အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားတက္ကသိုလ်မှ သုတေသီများအဖွဲ့က ယာဉ်ကြောပိတ်ဆို့မှုနှင့် လေထုညစ်ညမ်းမှု ပြဿနာမှာ ချိတ်ဆက်မှု ရှိနေကြောင်း မေလ(၂၀) ရက်နေ့ထုတ် Occupational and Environmental Medicine ဂျာနယ်တွင် ရေးသားဖော်ပြသွားခဲ့သည်။ ၎င်းသုတေသီအဖွဲ့က ယာဉ်ကြော ပိတ်ဆို့မှုနှင့် လေထုညစ်ညမ်းမှု ပြဿနာ ချိတ်ဆက်မှုရှိကြောင်းကို သက်သေများနှင့် တကွရေးသားဖော်ပြ သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကာလီဖိုးနီးယားတက္ကသိုလ်မှ သုတေသီခေါင်းဆောင် တစ်ဦးဖြစ်သေူ ဒေါက်တာဂျွန်ဘယ်လ်မက်စ်က “ကျွန်တော်တို့ သုတေသနအဖွဲ့ဟာ ရုပ်ကြွင်းလောင်စာကြောင့် ဖြစ်ပေါ်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်၊ နိုက်ထရိုဂျင်ဓာတ်ငွေ့တွေနဲ့ ပတ်သက်ပြီး အသေးစိတ်လေ့လာမှုတွေ ပြုလုပ်လျက်ရှိပါတယ်၊ အခုနောက်ဆုံး ကျွန်တော်တို့ သုတေသန ရလာဒ်တွေအရ ယာဉ်ကြောပိတ်ဆို့မှုနဲ့ လေထု ညစ်ညမ်းမှုဟာ ချိတ်ဆက်နေပါတယ်၊ ယာဉ်ကြောပိတ်ဆို့တဲ့အချိန်မှာ မတူညီတဲ့ ရုပ်ကြွင်းလောင်စာတွေ အသုံးပြုထားတဲ့ မော်တော်ယာဉ်တွေ တစ်နေရာတည်း တစ်စုတစ်ဝေး ဖြစ်သွားတယ်၊ ဒီအချိန်မှာ မောေ်တ်ာကားတွေကနေ ထုတ်လွှတ်လိုက်တဲ့ ဓာတ်ငွေ့တွေဟာ ပတ်ဝန်းကျင်လေထုထဲကို အလုံးအရင်းနဲ့ ပျံ့နှံ့သွားတယ်၊ တစ်နေရာတည်းကနေ အစုအဝေးနဲ့ ဓာတ်ငွေ့တွေ ပျံ့လွှင့်တဲ့အတွက် အဲ့ဒီပတ်ဝန်းကျင်လေထုတစ်ခုလုံး သတ်မှတ် လေထုသန့်စင်မှု ပမာဏကို နိမ့်ကျသွားစေပါတယ်” ဟုပြောကြားသွားခဲ့သည်။

ဆက်လက်ပြီး ဒေါက်တာဂျွန်က “အဲ့ဒီပတ်ဝန်းကျင်မှာ နေထိုင်တဲ့ လူသားတွေ အနေနဲ့ ညစ်ညမ်းနေတဲ့ လေထုကို ရှုရှိုက်မိမယ်၊ အရွယ်ရောက်ပြီးသားသူတွေ အတွက်တော့ သိပ်ပြဿနာမရှိဘူး၊ အရွယ်မရောက်သေးတဲ့ ကလေးငယ် တွေ အတွက်ကတော့ ချက်ချင်းကို အကျိုးဆက်ခံစားရလိမ့်မယ်၊ နှလုံး၊ အဆုပ်၊ ဦးနှောက်နဲ့ အသက်ရှုလမ်းကြောင်း ပြဿနာတွေကို ချက်ချင်း ခံစားရလိမ့်မယ်” ဟုပြောကြားသွားခဲ့သည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ