ကလေးငယ်များ အမေရိကန်ဘောလုံးကို တစ်ရာသီခန့် ကစားရုံဖြင့် ဦးနှောက်ကိုထိခိုက်ပြောင်းလဲစေနိုင်။


အမေရိကန်ဘောလုံးကစားခြင်းသည် တစ်ဦးနှင့်တစ်ဦး တွန်းတိုက်ရခြင်း၊ ဦးခေါင်းကို အချိန်မရွေး ထိခိုက်နိုင်ခြင်း အစရှိသည်တို့  ကို ရှောင်လွဲမရနိုင်သောအားကစားတစ်မျိုးဖြစ်သည့်အတွက် ကလေးငယ်များဘောလုံးကို တစ်ရာသီခန့် ကစားရုံမျှ ဖြင့် ဦးနှောက်ကိုထိခိုက်ပြောင်းလဲစေနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနှင့် တားဆီး ကာကွယ်ရေးဌာန CDC က သတိပေးချက် ထုတ်ပြန်ထားသည်။

ဘောလုံးလောက ကနေ အနားယူပြီးသွားတဲ့ ကစားသမားဟောင်းတွေနဲ့  လက်ရှိ ဘောလုံး ကစားနေကြတဲ့ ကမ္ဘာ ကျော် အားကစားသမားတွေကို စူးစမ်းလေ့လာကြည့်ရာမှာ ဦးနှောက် ထိခိုက်ပြောင်းလဲမှုတွေ ဖြစ်ထားတာကိုတွေ့ ရ ပါတယ်။ ဒါပေမယ့် ဘောလုံးကစားတဲ့သက်တမ်း နှစ်ပိုင်းလောက်ပဲရှိတဲ့ကလေးငယ်တွေကို လေ့လာကြည့်ရာမှာ လည်း ဦးနှောက်ထိခိုက်မှုတွေ၊ ပြောင်းလဲမှုတွေ၊ မူမမှန်မှုတွေ ဖြစ်ထားတာကိုတွေ့ ရပါတယ်။ အထူးသဖြင့် ဦးနှောက်ထဲမှာ အပြင်းအထန်တိုက်ခိုက်လှုပ်ရှားလို့ ဖြစ်ထားတဲ့ဒဏ်တွေကိုတွေ့ ရပါတယ်ဟု နယူးယောက် ပြည်နယ်၊ Winston Salem ဆေးတက္ကသိုလ်မှ ဦးနှောက်နှင့်အာရုံကြောပါမောက္ခ ဒေါက်တာခရစ္စတိုဖာတီ က ပြောပြသည်။

သုတေသီများသည် အသက် (၈)နှစ်မှ (၁၃)နှစ်အရွယ် ဘောလုံးကစားသူယောက်ျားလေးငယ် (၂၅) ဦးကို အခြေခံ ကာ စူးစမ်းလေ့လာခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းတို့ ၏ ဦးခေါင်းအားထိခိုက်မိသည့်အကြိမ်ရေ၊ ဦးခေါင်းအားထိခိုက်မှုကို ဒဏ်ခံဦးထုပ်က ကာကွယ်ရာမှ ထပ်ဆင့်ဖြစ်ပေါ်လာသောဆောင့်အားကြောင့် ဦးနှောက်ဒဏ်ခံပုံ အစရှိသည်တို့ ကို မှတ်တမ်းတင်ခဲ့ကြောင်း၊ တစ်ရာသီခန့် ကစားရုံမျှဖြင့် ယင်းကလေးငယ်များ၏ဦးနှောက်တွင် အပြင်းအထန် တိုက်ခိုက်လှုပ်ရှား၍ဖြစ်သောဒဏ်များကို မတွေ့ ရသော်လည်း ဘောလုံးရာသီ တစ်ရာသီကျော်သွားလျင် ယင်းဒဏ် များကို မြင်တွေ့ ရမြဲဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဦးခေါင်းထိခိုက်မှုကြောင့် ဦးနှောက်တွင် အပြင်းအထန်တိုက်ခိုက်လှုပ်ရှား၍ဖြစ်သောဒဏ်များ ဖြစ်ပေါ် သည့်အကျိုးဆက်အားဖြင့် ဦးနှောက်တွင်းရှိ အဖြူရောင်အပိုင်းများ၏ဖွဲ့ စည်းပုံများ ပြောင်းလဲ ကုန်ကြောင်း၊ ကျန်း မာသောဦးနှောက်ထဲတွင် ရေမော်လီကျူးစီးဆင်းလှုပ်ရှားမှုသည် တည်ငြိမ်သော်လည်း ထိခိုက်ထားသောဦးနှောက် တွင် ယင်းမော်လီကျူးများလှုပ်ရှားမှုမှာ ဟန်ချက်ပျက်နေသည့်အတွက် ဦးနှောက်၏စွမ်းဆောင်ရည် ကျဆင်းလာ သည်ကိုတွေ့ ရှိရကြောင်း သိရသည်။

ဒီဦးနှောက်တွင်းပြောင်းလဲမှုတွေက ရေရှည်အကျိုးသက်ရောက်မှာလား၊ ရေရှည် အကျိုးသက်ရောက် ရင်ကော ကာယကံရှင်ကို ဘယ်လောက်အထိ နစ်နာထိခိုက်စေမှာလဲ ဆိုတာတွေကို ကျွန်တော်တို့  ဆက်လက်စူးစမ်း လေ့လာနေပါတယ်ဟု ခရစ္စတိုဖာ က ပြောပြသည်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ