ည အဆိုင်းဖြင့်အလုပ်လုပ်သူများ မှတ်ဥာဏ်ကိုထိခိုက်စေနိုင်


ည အဆိုင်းဖြင့် အလုပ်လုပ်ရတဲ့သူတွေဟာ ညစာစားတာ နောက်ကျလေ့ရှိပါတယ်။ အဲဒီလို ညစာကို လွန်စွာနောက်ကျမှ စားဖြစ် တဲ့အခါ ဦးနှောက်ရဲ့ ဇီဝကမ္မဖြစ်စဉ်ဟာ၊ အိပ်ချိန်ရောက်သော်ငြား သွက်လက်တက်ကြွနေတာကြောင့် အိပ်စက်ချိန်နာရီကို နောက်ဆုတ် သွားပါတော့တယ်။ ရံဖန်ရံခါမှ ညလည်စာစားခြင်းက ပြဿနာမဟုတ်သော်လဲ၊ နေ့ စဉ်ရက်ဆက်ဆိုသလို အကျင့် တစ်ခုအဖြစ် ညလည်စာစားခြင်းက ဦးနှောက်ကို ကြီးစွာသော အနှောက်အယှက်ဖြစ်စေကာ အိပ်စက်ချိန်မလုံလောက် နိုင်တော့ ဘဲ မှတ်ဥာဏ်ကို ထိခိုက်စေပါတယ်။

လော့စ်အိန်ဂျလိရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဆေးသိပ္ပံပညာရှင်များအား ညလည်စာစားခြင်း နှင့် အိပ်ပျက်ခြင်းဖြစ်စဉ် ဆက်စပ်မှုနဲ့ ပတ်သက်၍ လေ့လာစမ်းသပ်မှုကို ကြွက်များဖြင့် အချိန်ကာလတော်တော်ကြာအောင် သုတေနသပြုလုပ်ခဲ့ကြ ပါတယ်။ ကြွက်များကို အုပ်စုခွဲ၍ ပုံမှန် ညစာကျွေးနေကျ အချိန်ထက် ၆ နာရီ နောက်ကျပြီး အစာကျွေးခဲ့ရာ၊ hippocampal (ခေါ်) ဦးနှောက် အလည်တည့်တည့် တ၀ိုက်တွင် ဇီဝကမ္မဖြစ်စဉ်ဟာ ပြောင်းလဲသွားပြီး အိပ်စက်ချိန်နာရီစက်ဝန်း နောက်ဆုံး သွားကာ၊ ဤကဲ့သို့  နေ့ ရက်ကာလတွေ ကြာလာတာနဲ့ အမျှ မှတ်ဥာဏ်အားနည်းသွာခြင်း၊ အနံ့ ခံအာရုံလျော့သွားခြင်း၊ ကိုယ် အလေးချိန် တိုးလာခြင်း၊ အ၀လွန်ခြင်း နှင့် ဆီးချိုရောဂါတို့ ဖြစ်စေနိုင်ကြောင်းကို လေလာတွေ့ ရှိခဲ့ပါတယ်။ ဒါ့အပြင် CREB (ခေါ်) ဦးနှောက်၏ hippocampal မော်လီကျူး အတွက် ပရိုတင်း အာဟာရ ဆုတ်ယုတ်သွားတာကြောင့် ဦးနှောက်ဇရာ အကြို ရောဂါ အယ်လ်ဇိုင်းမား ဖြစ်လာပါတယ်။

ဒါကြောင့် နေ့ /ည အဆိုင်းဖြင့် အချိန်ပြောင်းလဲ၍ အလုပ်လုပ်ရသူများ၊ အိပ်ချိန်စားချိန် မမှန်သူများ၊ သန်းခေါင်ချိန်ရောက်မှ ညစာ စားကြသူများမှာ ဦးနှောက်စွမ်းရည်ကို ကြီးစွာသော အဟန့် အတားဖြစ်စေနိုင်ပြီး၊ မှတ်ဥာဏ်အာရုံကို ထိခိုက်ပျက်စီးစေ နိုင်ပါသဖြင့် အထူး သတိပြုကြပါရန် အကြံပြုလိုက်ရပါတယ်။

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
(မှီခြမ်း… Mail Online)
HealthGuide
https://www.facebook.com/mmhealthguide/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ