ခန္ဓာကိုယ်အတွက် အကောင်းဆုံးသော အစားအသောက် ၅ မျိုး



မိမိကျန်းမာရေးအတွက် အဟာရပြည့်ဝတဲ့အစားအသောက်တွေကို ရွေးချယ်စားသောက်ဖို့ နည်းလမ်း ၂သွယ် ရှိပါတယ်။ ပထမတစ်မျိုးကတော့ အမျှင်ဓါတ်များစွာ ပါဝင်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်၊ အသားဓါတ်နဲ့ ကယ်လိုရီနည်းပါးပြီး ကျန်းမာသန်စွမ်းစေတဲ့ အဆီဓါတ်တွေကို ရွေးချယ်စားသောက်ပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Antioxidants လို အကျိုးရှိတဲ့ ဓါတ်တိုးပစ္စည်းတွေပါဝင်တဲ့ အစားအသောက်တွေကို စားသောက်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုကို ရရှိစေမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်းကိုရော ပြင်ပကိုပါ အကျိုးဖြစ်ထွန်းစေမယ့် အစားအသောက် ၅မျိုးကို ဖော်ပြလိုက်ပါတယ်။




ပဲသီးစိမ်းများ

ပဲသီးစိမ်းနဲ့ အခြားအမျှင်ဓါတ်များစွာပါဝင်တဲ့ အစားအသောက်တွေကို စားသောက်ခြင်းဖြင့် ကိုယ်အလေးချိန်တက်ခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်နေ့ကို အမျှင်ဓါတ် ၈ ဂရမ် စားသောက်ခြင်းဖြင့် အမျိုးသမီးအများစုအတွက် အလေးချိန်လျှော့ချပေးတဲ့ နည်းတစ်နည်းဖြစ်ပါတယ်။


ဆယ်လမွန်ငါး

အိုမီဂါ-3 ဖက်တီအက်ဆစ်ကို ဆယ်လမွန်ငါးနဲ့ တူနာငါးလို အဆီဓါတ်များတဲ့ ငါးတွေမှာ တွေ့ရှိရပြီး UV လှိုင်းတွေကြောင့်ဖြစ်ပွားတဲ့ အသားအရည်ပျက်စီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေအဆိုအရ အိုမီဂါ-3 ဟာ ဆဲလ်နံရံတွေပျက်စီးခြင်းကို တံတိုင်းအဖြစ်အကာအကွယ် ပေးထားတယ်လို့ သိရပါတယ်။

 



ဘလူးဘယ်ရီသီး

အနီရောင် ရက်စ်ဘယ်ရီ၊ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီစတဲ့ ဘယ်ရီသီးအစုံတစ်ခွက်လောက် သောက်ခြင်းဖြင့် ကိုလက်စထရောတွေကို ကျဆင်းစေတဲ့အပြင် သွေးအားလည်ပါတ်မှုကိုလည်း အထောက်အကူပြုစေပါတယ်။



ဖရဲသီး

ဖရဲသီးလို ရေဓါတ်များစွာပါဝင်တဲ့ အသီးအနှံတွေကို စားသုံးခြင်းဟာလည်း ကယ်လိုရီတွေကိုလည်း လျော့ကျစေပါတယ်။ ရေဓါတ် ၉၂ ရာခိုင်နှုန်းပါဝင်တဲ့ ဖရဲသီးဟာ ဗိုက်တာမင် စီဓါတ် အပြည့်အ၀ပါဝင်ပါတယ်။ နှလုံးရောဂါကို ကာကွယ်ပေးနိုင်တဲ့ Antioxidant ဓါတ်တိုးပစ္စည်းတွေလည်း ပါဝင်တဲ့အတွက် တစ်ချို့သော ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။




ခရမ်းချဉ်သီး

ဗိုက်တာမင် စီဓါတ်ပြည့်ဝတဲ့ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီးနဲ့ ပန်းပွင့်စိမ်းလို အစားအသောက်တွေက အသားအရည်ချောမွေ့တောက်ပစေတဲ့ လျှို့ဝှက်ချက်တွေပဲဖြစ်ပါတယ်။ ဗိုက်တာမင် စီဟာ အသားအရည်ကို ကျစ်လစ်နုပျိုစေတဲ့ Collagen ဓါတ်တွေကိုလည်း UV ဓါတ်ရောင်ခြည်တွေက အကာအကွယ်ပေးနိုင်ပါတယ်။



( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Eatingwell

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ