ကျောက်ချဉ်များများ ထည့်တဲ့ ဂျုံခေါက်ဆွဲ ကြိုက်သူများ သတိထား

ကျောက်ချဉ်များများ ထည့်တဲ့ ဂျုံခေါက်ဆွဲ ကြိုက်သူများ သတိထား တရုတ် အစားအစာများ၏ ၃၀ ရာခိုင်နှုန်း မကတွင် အလူမီနီယမ် သတ္တုများ  စားသုံးသင့်သည် ထက် ပို၍ပါဝင်နေကြောင်း ပီကင်း သုတေ သနဌာနမှ တွေ့ရှိခဲ့သည်ဟု သိရ သည်။ အလူမီနီယမ် သတ္တုဓာတ်ဆား လွန်ကဲစွာ စားသုံးမိပါက ဦးနှောက် နှင့် အာရုံကြော ဆိုင်ရာနှင့် အသက် ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ များနှင့် အရိုးဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ ပြဿနာများ ဖြစ်ပွား ခံစားလာနိုင် သည်ဟု ဆိုသည်။ အလူ မီနီယမ်ဓာတ် အလွန်အမင်း ပါရှိတဲ့ တရုတ် အစားအစာ များ၏ ၄၀ ရာခိုင် နှုန်းမှာ ဂျုံမှုန့်ထဲမှာဖြစ်ကြောင်း အစားအစာဘေးကင်း စိတ်ချလုံခြုံရေး နှင့် အာဟာရဓာတ် ကျွမ်းကျင်ပညာ ရှင် ချန်းဂျန်းရှိက အစားအစာ ဘေး ကင်းစိတ်ချ လုံခြုံရေး ဖိုရမ်တစ်ခုမှာ ပြောကြား လိုက်ခြင်းဖြစ် ပါသည်။

မုန့်ဖုတ်ပေါင်ဒါများ အဖြစ် သုံးတဲ့ ကျော်ကချဉ်ကို ဂျုံမှုန့်ထဲက အဓိကအား ဖြင့် ထည့်လေ့ရှိတာကိုပဲ အပြစ်တင် စရာရှိတယ်လို့ ချန်းက ရှင်းပြပါသည်။ တရုတ်အစားအစာ ထုတ်လုပ် သူများ က ဂျုံမှုန့်ထဲကို အရသာကောင်း၊ အရောင်လှအောင် ကျောက်ချဉ်တွေ ထည့်ခြင်းဟာ ထည့်သင့်တာထက် လွန်မင်းစွာ ထည့်ခြင်းကြောင့်ဖြစ်တယ် လို့ သိရပါသည်။

မုန့်ဖုတ်ပေါင်ဒါတွေက ပိုပြီး ဈေးကြီး လှသဖြင့် တရုတ်ထုတ်လုပ်သူအများ စုဟာ အလူမီနီယမ်လွန်ကဲစွာ မထည့် ဘဲ ဂျုံမှုန့်ထုတ်လုပ်ရန် လက်တွန့် နေကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ကိုယ် အလေးချိန် ၁ ကီလိုဂရမ်လျှင် အလူ မီနီယမ် ၂ မီလီဂရမ်ထက်ပို၍ မစား ရလို့ သတ်မှတ်သတိပေးထားပေမယ့် တရုတ်လူမျိုး ၃၂.၅ ရာခိုင်နှုန်းမှာ ၄င်းပမာဏထက် ပို၍စားသုံးနေ ကြောင်း သုတေသီများက တွေ့ရှိခဲ့ သည်။

တရုတ်ရိုးရာ နံနက်စာ အဖြစ် စားသုံးလေ့ရှိတဲ့ ဂျုံနဲ့လုပ်တဲ့ မုန့်ပေါင်း တွေ ဥပမာ-ပေါက်စီ၊ ဖက်ထုပ် စသည်တို့မှာ ၂၄ ရာခိုင်နှုန်း၊ ဂျုံမှုန့် ညက်နဲ့ အကြော်အလှော်များတွင် ၁၀ ရာခိုင်နှုန်း၊ ဂျုံမှုန့်များတွင် ၄၄ ရာခိုင် နှုန်းစသည်ဖြင့် အလူမီနီယမ်ဓာတ် များပြားစွာ ပါဝင်နေသည်။

တရုတ်ပြည်မြောက်ပိုင်းသား များဟာ ရိုးရာအစား အစာအဖြစ် ဂျုံနဲ့ ပြုလုပ်သည့် ခေါက်ဆွဲများကို နှစ်နှစ် သက်သက် စားသုံးကြသဖြင့် တရုတ် ပြည် တောင်ပိုင်းမှာ နေထိုင်သူများ ထက် အလူမီနီယမ်ဓာတ် ၄ ဆ ပိုများနေကြောင်း တွေ့ရသည်။ ဤသုတေသနကို အစားအစာ ၁၁ မျိုး၏ နမူနာပေါင်း ၆၆၀ဝ မှအခြေ ခံ၍ သုတေသနပြုခဲ့သည်ဟု ဆို၏။ 

မေ
By Health Digest

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ