ပင်ပန်းစွာ ဝိတ်မချရဘဲ သွယ်လျနေသူတွေရဲ့ လျှို့ဝှက်ချက်


လေ့ကျင့်ခန်းနဲ့ အစားအသောက် လျှော့စားမှုတွေ ပင်ပန်းကြီးစွာ လုပ်စရာမလိုဘဲ ဝိတ်မတက် သွယ်လျ လှပနေသူတွေကို အားကျပါလိမ့်မယ်။

ပင်ပန်းစွာ ဝိတ်မချရဘဲ သူတို့ သွယ်လျလှပနေတဲ့ လျှို့ဝှက်ချက် (၄) ခုကို ဖော်ပြထားပါတယ်။ ဒီ လျှို့ဝှက်ချက်တွေက သွယ်လျလှပသူတွေကို မေးမြန်းလေ့လာထားတဲ့ သုတေသနရလဒ်လည်း ဖြစ်ပါတယ်။

မနက်စာ

လေ့လာမှုစစ်တမ်းမှာ ပါဝင်တဲ့ သွယ်လျနေသူ ၉၆ ရာခိုင်နှုန်းဟာ မနက်စာကို ပုံမှန် စားလေ့ရှိပါတယ်။ သုတေသီတွေရဲ့ တွေ့ရှိချက်အရ မနက်စာစားခြင်းက နေ့လည်စာ စားချိန်မှာ ကယ်လိုရီလောင်ကျွမ်းမှု ပိုဖြစ်စေပါတယ်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း

သွယ်လျလှပနေသူတွေဟာ အပတ်စဉ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ၅ ကြိမ်နဲ့အထက် ပြုလုပ်လေ့ရှိပါတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်းက ခန္ဓာကိုယ်နဲ့ ဦးနှောက်အတွက် ကောင်းမွန်သလို စိတ်ဖိစီးမှုနဲ့ ဆီးချိုရောဂါ ဖြစ်ပွားမှုကိုလည်း လျော့ကျစေပါတယ်။ သုတေသန အစီအစဉ်မှာ ပါဝင်သူ ၄၂ ရာခိုင်နှုန်းက အပတ်စဉ် လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်သူတွေပါ။

ကိုယ်အလေးချိန် ဆန်းစစ်ခြင်း

ခန္ဓာကိုယ် သွယ်လျလှပသူတွေဟာ သူတို့ကိုယ် သူတို့ ဂရုစိုက်လေ့ ရှိပါတယ်။ အထူးသဖြင့် အပတ်စဉ် ကိုယ်အလေးချိန် တိုင်းတာပါတယ်။ သွယ်လျသူတွေကို ပြုလုပ်ထားတဲ့ စစ်တမ်းအရ ၅၀ ရာခိုင်နှုန်းက တစ်ပတ်လျှင် တစ်ကြိမ် ကိုယ်အလေးချိန် တိုင်းတာကြပါတယ်။

အစားအစာ

သွယ်လျနေသူ ၄၄ ရာခိုင်နှုန်း အစားအစာနဲ့ ပတ်သက်ပြီး အထူးအထွေ ကန့်သတ်ထားလေ့ မရှိဘဲ ၇၄ ရာခိုင်နှုန်းဟာ အစားလျှော့စားမှု မရှိသလောက် ရှားပါတယ်။

အောင်မြင့်မြတ်(Myanmar Youths)
Myawady Health
https://www.facebook.com/myawadyhealth/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ