နာတာရှည်မောပန်းနွမ်းနယ်တတ်သောရောဂါကို လူသိဂရုပြုကုသမှု နည်းပါးနေသေး။


ကမ္ဘာတစ်ဝန်းတွင် နာတာရှည်မောပန်းနွမ်းနယ်တတ်သောရောဂါဝေဒနာ ခံစားနေရသူများရှိနေသော်လည်း
၎င်းဝေဒနာကို လူအများသိရှိဂရုပြုကုသပေးမှု နည်းပါးနေသေးကြောင်း အမေရိကန်ဆေးသိပ္ပံမှ သုတေသီများက ပြောသည်။

နာတာရှည်မောပန်းနွမ်းနယ်တတ်တဲ့ရောဂါဝေဒနာ၊ တစ်နည်းအားဖြင့် အမောဖောက်လွယ်တဲ့ဝေဒနာကိုခံစားရသူ တွေဟာ သာမန်ရိုးရှင်းတဲ့အလုပ်ကိုလုပ်ဖို့ လည်း ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်စွာ အားစိုက်ထုတ်ရလေ့ရှိပါ တယ်။ တစ်ခုခုတွေးတော့မယ်ဆိုရင်လည်း ဦးနှောက်ခဲမှာ မြူခိုးတွေဝေသွားတဲ့အတိုင်း ဘာကိုမှ ဖြောင့်ဖြောင့် စဉ်းစားမရ ဖြစ်သွားတတ်ကြပါတယ်။ ဘယ်လောက်အိပ်အိပ်၊ ဘယ်လောက်စားစား၊ ဒီဝေဒနာသက်သာသွားလေ့ မရှိပါဘူးဟု သုတေသီတစ်ဦးက ပြောပြသည်။

အများစုက ဒီလိုအမောဖောက်လွယ်သူတွေကို ပျင်းတာ၊ အချောင်ခိုတာ အစရှိသည်ဖြင့်စွပ်စွဲတတ်ကြသလို ဆရာဝန်အများစုကလည်း အအေးမိနှာစေးပြီး ဆေးအရှိန်ကြောင့် နွမ်းနေတာ၊ နှုံးနေတာဖြစ်နိုင်တယ်လို့ ပဲ ယူဆ တတ်ကြပါတယ်။ ကြံရာမရတဲ့အဆုံး ကာယကံရှင်တွေဟာ ဘာကိုပဲလုပ်လုပ် သိပ်အားစိုက်မထုတ်ဘဲ လုပ်တဲ့ အကျင့်ကို ရသွားကြပြီး အများအမြင်မှာ ဘယ်နေရာမှာမှ အားရဖွယ်မရှိတဲ့ ပျော့ညံ့တဲ့လူတွေ ဖြစ်မှန်းမသိ ဖြစ်လာ ကြပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည်။

မောပန်းနွမ်းနယ်လွယ်သောရောဂါကို Myalgic Encephalomyelitis (ME) ဟု ခေါ်ကြောင်း၊ အလွန်နှုံးချိသည့် ဝေဒနာကို နာတာရှည်ခံစားရကြောင်း၊ နေ့ စဉ်ဘ၀ကို ပုံမှန်မနေနိုင်ကြကြောင်း၊ အနားယူပေးလျင်လည်းနှုံးချိသည့် ဒဏ် မသက်သာကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ME ဝေဒနာကိုခံစားနေရသူ ၁၇ သန်းထက်မနည်း ရှိနေပြီး အမျိုးသမီး များတွင် ME ဖြစ်ပွားမှုက လေးဆပိုကြောင်း သိရသည်။

ME ဆိုတာ ကိုယ်ခံအားရော၊ အာရုံကြောအားပါ ပြိုင်တူကျဆင်းတဲ့ ရောဂါဖြစ်ပါတယ်။ နာတာရှည်ခံစားရလေ့ရှိပြီး ဦးနှောက်စွမ်းရည်ကို ဆိုးရွားစွာထိခိုက်စေပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အထောက်အထား မရှိသေးပါဘူး။ ဖြစ်နိုင်တာက ဗိုင်းရပ်ပိုးတစ်မျိုးကြောင့်ဖြစ်ပြီး Glandular Fever လို့ ခေါ်တဲ့ အဖုအကျိတ်တွေထွက်စေတဲ့ဗိုင်းရပ်ပိုးကြောင့် အများဆုံးဖြစ်နိုင်ပါတယ်။ အကျိတ်ဆိုတာကလည်း တီဘီအကျိတ်၊ ကင်ဆာအကျိတ် အစရှိတာတွေပဲ ထင်မှတ်မှားတတ်ကြပြန်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။

ဖော်ပြခဲ့သည့်အတိုင်း နာတာရှည်မောပန်းနွမ်းနယ်သောရောဂါကို ရောဂါဟုမသိရှိကြဘဲ သာမန်အအိပ်ပျက်၊ အစားပျက်ခြင်းကြောင့် ဖြစ်ပေါ်သည့် အားနည်းသည့်ဝေဒနာဟု ထင်မှတ်မှားတတ်ကြသည့်အတွက် ဝေဒနာရှင် များအား အသိအမှတ်ပြုဂရုစိုက်တတ်ရန်လိုအပ်ကြောင်းနှင့် လိုအပ်သောဆေးဝါးကုသမှုများကို ပြုလုပ်ပေးရန် လိုအပ်ကြောင်း သိရသည်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ