ဆယ်ကျော်သက်အရွယ် စိတ်ဓါတ်ကျခြင်းနှင့်စိုးရိမ်ပူပန်ခြင်းကြောင့် ခန္ဓာကိုယ်ကျန်းမာရေးကို ထိခိုက်စေနိုင်။
ဆယ်ကျော်သက်အရွယ်တွင် စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း အစရှိသည့်စိတ်ဖိစီးမှုတို့ ကြောင့် ခန္ဓာကိုယ် ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အစာအိမ်နာကျင်ခြင်း၊ အရေပြား ခြောက်သွေ့ ခြင်းနှင့်ပျက်စီးခြင်း တို့ ကို ဖြစ်စေနိုင်ကြောင်း အမေရိကန်သုတေသီများက ပြောသည်။
ဆယ်ကျော်သက်အရွယ်တွေအတွက် စိတ်မူမမှန်တာ၊ စိတ်ဓါတ်ကျတာ၊ စိတ်ဆိုးစိတ်ပျက်လွယ်တာ အစရှိတာ တွေဟာ သူတို့ ရဲ့ ပင်ကိုယ်အတွေးနဲ့ ခံယူချက်တွေကြောင့်ပဲ မဟုတ်ပါဘူး။ နောက်ပြီး အဲဒီစိတ်ဖိစီးမှုတွေဟာ စိတ်ကိုပဲဒုက္ခပေးတာမဟုတ်ဘူး။ ခန္ဓာတစ်ကိုယ်လုံးကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီလို စိတ်ထွေပြားရှုပ်ထွေးမှုကြောင့် တိုက်ရိုက်ထိခိုက်စေနိုင်တဲ့ ခန္ဓာကိုယ်အင်္ဂါအစိပ်အပိုင်းတွေကို ရှာဖွေကြည့်တဲ့အခါ အဲဒီ စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်စိတ်များခြင်း၊ စားသောက်မှုပုံမမှန်ခြင်း အစရှိတာတွေကြောင့် ခန္ဓာကိုယ်ရဲ့  ရူပလက္ခဏာတွေမှာ ထိခိုက်မှု တွေ များတာကိုတွေ့ ရပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။
စိတ်ဓါတ်ကျဆင်းမှုကြောင့် အစာခြေအင်္ဂါအဖွဲ့ အစည်းမှာ အားနည်းချက်တွေရှိလာသလို အဆစ်အမြက်နာကျင် ကိုက်ခဲမှုတွေလည်း ပိုလာတာကိုတွေ့ ရပါတယ်။ စိုးရိမ်ပူပန်မှုများတဲ့ဆယ်ကျော်သက်တွေမှာဆိုရင် အရေပြားခြောက်သွေ့ မှုနဲ့ ပျက်စီးမှု ပိုလာတာကိုတွေ့ ရပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။
အမေရိကန်ပြည်ထောင်စုတွင် ဆယ်ကျော်သက် ငါးလျင်တစ်ဦးနှုန်းသည် စိတ်ကျဝေဒနာ၊ စိုးရိမ်မှုလွန်ကဲသည့် ဝေဒနာနှင့် စိတ်ဖိစီးမှုများသည့်ဝေဒနာ အစရှိသည့် စိတ်ရှုပ်ထွေး မှုကြောင့်ဖြစ်သောဝေဒနာများကို ခံစားရလေ့ ရှိကြောင်း၊ အသက် ၁၃ နှစ်မှ ၁၈ နှစ်အရွယ် ဆယ်ကျော်သက်များတွင် စိတ်ဖိစီးမှုဖြစ်သည်က ပို၍များကြောင်း သိရသည်။
ဆယ်ကျော်သက်အရွယ်မှာ စိတ်ဖိစီးမှုက အတွင်းစိတ်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဖွံ့ ထွားကြီးပြင်းဆဲကာလမှာ ပတ်ဝန်းကျင်ရဲ့ ဝေဖန်သုံးသပ်မှုကို ခံစားလွယ်၊ ထိခိုက်လွယ်ကြပါတယ်။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့  တန်းတူ မဖြစ်မှာကိုလည်း အလွန်စိုးရိမ်တတ်ကြပါတယ်။ တစ်ဖက်မှာ ကျောင်းစာကိစ္စ၊ မိသားစုကိစ္စ၊ မိဘခိုင်းတဲ့ကိစ္စ၊ ကိုယ်ဖြစ်ချင်တဲ့ကိစ္စ အစရှိတာတွေအားလုံးအတွက် တစ်ကိုယ်ရည်တည်းစိုးရိမ်ပူပန်ခြင်း၊ အဖွဲ့ လိုက်စိတ်သောက ရောက်ခြင်း၊ မဖြစ်သေးတာတွေကို ကြိုတွေးပြီးပူခြင်း အစရှိတာတွေကြောင်း ဆယ်ကျော်သက်တွေမှာ အစာမကြေ တာ၊ အရေပြားမကျန်းမာတာတွေဖြစ်ပြီး ၀က်ခြံတွေပိုထွက်တာ၊ မျက်နှာအဆီပြန်တာ၊ အစရှိတဲ့ ဘေးထွက်ဆိုးကျိုး တွေကို ခံစားရလေ့ရှိပါတယ် ဟု သုတေသီများက ပြောပြသည်။
Myawady Health
https://www.facebook.com/pg/myawadyhealth
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin