ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းနိုင်မယ့် နည်းလမ်းများ

လူတွေမှာ အင်အားတွေကုန်ခမ်းပြီး အရမ်းပင်ပမ်းနွမ်းနယ်တဲ့ အချိန်တွေရှိတတ်ပါတယ်။ ဒီလိုခံစားရတာဟာ ရုပ်ပိုင်းဆိုင်ရာစွမ်းအင်တွေ လျော့နည်းသွားတာကြောင့် ဖြစ်တတ်ပါတယ်။

အိပ်ရေးမ၀တဲ့အခါ၊ နားချိန်အပြည့်အ၀မရှိတဲ့အခါ၊ စိတ်ဖိစီးမှုတွေရှိတဲ့အခါ၊ ကျန်းမာရေးမကောင်းတဲ့အခါမျိုးတွေမှာ ဒီလိုပင်ပမ်းနွမ်းနယ်တာတွေ ပိုပြီးဖြစ်လေ့ရှိကြပါတယ်။ ဒီတော့ ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ

ပင်ပမ်းနွမ်းနယ်မှုနဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေနဲ့အကြား ဆက်သွယ်မှုတွေကို မှားယွင်းစွာနားလည်ထားတတ်ကြပါတယ်။ တကယ်တော့ လေ့ကျင့်ခန်းပြုလုပ်တာဟာ လိုအပ်တဲ့စွမ်းအင်တွေကို ပိုမိုထုတ်လုပ်ပေးနိုင်တာပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ နှလုံးကြွက်သားတွေက အောက်ဆီဂျင်တဲ့ အဟာရဓါတ်တွေကို သွေးကြောတွေထဲကို ပိုမိုထုတ်လွှတ်ပေးနိုင်တာမို့ ခန္ဓာကိုယ်ကို ပိုမိုသွက်လက်စေပြီး ဦးနှောက်ကိုလည်း ပိုမိုကြည်လင်လန်းဆန်းစေပါတယ်။

သမ်းဝေပါ
သမ်းဝေခြင်းကလည်း ဦးနှောက်ကို အနားပေးတဲ့ ခန္ဓာကိုယ်ရဲ့နည်းစနစ်တစ်ခုပဲ ဖြစ်တာမို့ အရေးကြီးတဲ့ အပြုအမူတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် သမ်းဝေတာကိုလည်း အောင့်ထားတာမျိုးမလုပ်သင့်ပါဘူး

တစ်မှေးအိပ်စက်အနားယူပါ

ဦးနှောက်ကို အနားပေးပြီး ကြည်လင်လန်းဆန်းနေစေဖို့ ၁၀ မိနစ်မှ မိနစ် ၂၀ခန့်အထိ တစ်မှေးလောက် အိပ်စက်အနားယူသင့်ပါတယ်။

အားရပါးရရယ်မောပါ

သူငယ်ချင်းတွေနဲ့ စကားပြောတာပဲဖြစ်ဖြစ်၊ ဟာသဗီဒီယိုကြည့်တာပဲဖြစ်ဖြစ် အားရပါးရရယ်မောဖို့ လိုအပ်ပါတယ်။ ရယ်မောခြင်းက နှစ်လုံးခုန်နှုန်းကို တိုးစေပြီး သွေးဖိအား ပိုမိုမြန်ဆန်သွက်လက်လာစေတဲ့အတွက် လူကိုလည်း သွက်လက်တက်ကြွလာစေနိုင်ပါတယ်။





( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : ideadigezt

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ