အမေရိကန်တွင် အသက် ၃၀ ကျော်အမျိုးသမီးများ သားဖွားမှုပိုမိုများပြား


အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံးအကြိမ်အဖြစ် ငယ်ရွယ်သည့်အမျိုးသမီးများထက် အသက် သုံးဆယ်ကျော်သည့်အမျိုးသမီးများက သားဖွားမှုနှုန်း ပိုမိုများပြားလာကြောင်းနှင့် ထိုသို့ များလာရ သည်မှာ အမျိုးသမီးထုအကြား ကလေးယူရန်စောင့်ဆိုင်းကြသည့်နှုန်း ပိုလာခြင်းကြောင့်ဖြစ်သည်ဟု နယူးယောက်အခြေစိုက် ကျန်းမာရေးသုတေသီများက သုံးသပ်သည်။ အိမ်ထောင်ပြုပြီးသားအမျိုးသမီးတွေက အရင်လိုကလေးချက်ခြင်းမယူဘဲ နှစ်ပေါင်းများစွာစောင့်ဆိုင်း လာကြတာကို တွေ့ ရပါတယ်။ နောက်ပြီး ဆယ်ကျော်သက်တွေကြားမှာလည်း လက်မထပ်ဘဲ အတူ ပေါင်းသင်းနေထိုင်မှုတွေ လျော့နည်းလာပါတယ်။ ဒါကြောင့် အရင်ကလို ဆယ်ကျော်သက်အရွယ် မိခင်တွေကို တွေ့ ရတဲ့နှုန်း တဖြည်းဖြည်းလျော့ပါးသွားပြီး အသက် ၃၀ ကျော် မိခင်တွေကို ပိုပြီးတွေ့  လာရခြင်းဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပါသည်။

 အမေရိကန်ပြည်ထောင်စုတွင် လွန်ခဲ့သော ဆယ်စုနှစ်သုံးစုခန့် က အသက် ၂၀ အရွယ် အမျိုးသမီး များက သားဖွားမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ သို့ သော် ယမန်နှစ်ကစတင်ကာ သားဖွားမှုအများဆုံး အမျိုးသမီးများအသက်အရွယ်၌ ပြောင်းလဲမှုများဖြစ်ပွားခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးနှင့်တားဆီး ကာကွယ်ရေးဌာန CDC မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ အသက် ၃၀ မှ ၃၄ အရွယ်အမျိုးသမီးများအကြား သားဖွားမှုနှုန်းမှာ အယောက် ၁၀၀၀၀၀ လျင် ၁၀၃ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အသက် ၂၅ မှ ၂၉ အရွယ် အမျိုးသမီးများတွင် အယောက် ၁၀၀၀၀၀ လျင် ၁၀၂ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ထို့ ကြောင့် အသက် ၃၀ အရွယ် အမျိုးသမီးများ သားဖွားမှုနှုန်းမှာ ပို၍ များလာခြင်းဖြစ်ကြောင်း သိရသည်။ ကလေးတွေရဲ့ မိခင်တွေက အသက်ပိုကြီးတဲ့အမျိုးသမီးတွေဖြစ်လာကြပါပြီ။

မူလတန်းတွေမှာ တစ်ချိန်က မိခင်ငယ်ငယ်လေးတွေက ကလေးလက်ဆွဲပြီးရောက်လာခဲ့ကြရာကနေ အခုဆိုရင် လူလတ်ပိုင်းအရွယ်အမျိုးသမီးတွေပိုများလာတာကို တွေ့ ရပါတယ်။ အသက် ၃၀ အရွယ်လောက်မှာ သိပ်မသိသာသေးပေမယ့် ဒီထက်ပိုအသက်ကြီးမှ ကလေးယူကြမယ်ဆိုရင် ကလေးရဲ့ အသက်နဲ့  မိဘရဲ့ အသက်ကြား ကွာခြားမှုသိပ်ကြီးမားနေမှာဖြစ်ပြီး ကလေးအရွယ်မတိုင်မီ မိဘသေဆုံးသွားနိုင် သလို အဲဒီမိဘကို ပြုစုစောင့်ရှောက်ရမယ့်ကလေးကလည်း အရွယ်မရောက်သေးတာဖြစ်နိုင်ပါတယ် ဟု သုတေသီများက သုံးသပ်ပြသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ