နံနက်အစောပိုင်းမှာ နေထိုင်မကောင်းတာက ကိုယ်ဝန်ဆောင်ထားတဲ့ အစောပိုင်းလတွေမှာ ဖြစ်မယ်ဆိုရာ ရင်သွေးလေးရဲ့ ကျန်းမာရေးနဲ့ အနေအထား ကောင်းမွန်တယ် ဆိုရမှာပါ။
နံနက်အစောပိုင်းမှာ ပုံမှန်လို ပျို့တက်တာ အန်တာတွေ ဖြစ်တဲ့ မိခင်လောင်းတွေက ၅၀ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအထိ ကိုယ်ဝန်ပျက်မယ့် ရာခိုင်နှုန်း လျော့ကျပါတယ်။
အမျိုးသမီး ၅ ယောက်မှာ ၄ ယောက်က ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ပျို့အန်တာတွေ ဖြစ်ကြပါတယ်။
ဒါပေမယ့် နံနက်အစောပိုင်းမှာ ပျို့အန်မှု မကြာခဏဖြစ်တာက ကျန်းမာတဲ့ကိုယ်ဝန် လွယ်ထားရတဲ့ လက္ခဏာ ဆိုတာကိုတော့ သိတဲ့သူနည်းပါတယ်။
၂၀၀၇ခုနှစ် ဂျွန်လ ကနေ ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်း ကိုယ်ဝန်ဆောင် ၇၉၇ ယောက်ကို လေ့လာခဲ့ပြီး နံနက်အစောပိုင်း ပျို့အန်တာ ကောင်းမွန်တဲ့ လက္ခဏာ ဖြစ်တယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။
နံနက်အစောပိုင်း ပျို့အန်တာတွေကြောင့် ဆေးလိပ်အရက်သောက်သုံးလေ့ရှိတဲ့ မိခင်တွေအနေနဲ့ မလုပ်ဆောင်ဖို့ တွန်းအားပေးသလိုဖြစ်ပြီး ရင်သွေးအတွက် ကောင်းမွန်တဲ့ အနေအထား ကျန်မာရေး ရရှိဖို့ အထောက်အကူဖြစ်ပါတယ်။
ဒါပေမယ့် နံနက်အစောပိုင်းမှာ ပျို့အန်တာမျိုး မဖြစ်ရင်လည်း ရင်သွေး တစ်ခုခု မှာယွင်းနေပြီလို့ ယူဆလို့မရပါဘူး။
ကိုယ်ဝန်ဆောင်တွေ အားလုံးက တစ်ယောက်နဲ့ တစ်ယောက်မတူဘူး၊ ကွဲပြားတယ်ဆိုတာကိုတော့ နားလည်ထားဖို့လိုပါတယ်။
( Michelle )
#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)
Ref : UPI