အိန္ဒိယ ဆရာဝန်များက နိုင်ငံ၏ ပထမဆုံး သားအိမ်အစားထိုး ကုသမှုကို အောင်မြင်စွာ ပြုလုပ်


အိန္ဒိယနိုင်ငံမှ ဆရာဝန် အဖွဲ့တစ်ဖွဲ့သည် နိုင်ငံ၏ ပထမဆုံး သားအိမ် အစားထိုး ကုသမှုကို အောင်မြင်စွာ ပြုလုပ်လိုက်နိုင်ကြောင်း သိရသည်။ ယင်းကုသမှုတွင် အသက် ၄၄ နှစ်ရှိ အမျိုးသမီး တစ်ဦး၏ သားအိမ်ကို မွေးရာပါ သားအိမ် မပါသည့် အသက် ၂၁ နှစ်ရှိ ၎င်း၏ သမီးထံသို့ လွှဲပြောင်းပေးခြင်း ဖြစ်သည်။

ဒေါက်တာ ရှေလက်ပန်တမ်ဘီကာ ဦးစီးသည့် ဆရာဝန် ၁၂ ဦးပါ အဖွဲ့တစ်ဖွဲ့သည် အဆိုပါ သားအိမ်အစားထိုး ကုသမှုကို မေ ၁၈ ရက်ညနေပိုင်းတွင် ပူနေးခရိုင်ရှိ ဂလက်ဆီကဲ ဆေးရုံ၌ စတင်ပြုလုပ်ခြင်း ဖြစ်ပြီး ကိုးနာရီကျော် ကြာမြင့်သည်။ မေ ၁၉ ရက်တွင်မူ သားအိမ်လက်ခံသူ လူနာနှင့် သားအိမ်ပေးလှူသူ လူနာတို့နှစ်ဦး စလုံးသည် ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက် ရှိကြောင်း သိရသည်။ မွေးရာပါ သားအိမ် မပါသည့် အသက် ၂၁ နှစ်ရှိ သမီးသည် အိမ်ထောင်ပြုသည့်အခါ ကိုယ်တိုင်မွေးသည့် ကလေးကိုသာ လိုချင်ပြီး မွေးစားခြင်း သို့မဟုတ် အငှားကိုယ်ဝန်ဆောင်ဖြင့် မွေးဖွားခြင်းကို မလိုလားပေ။

ထို့နောက် ၎င်းတို့သည် သားအိမ် အစားထိုး ကုသနိုင်မှုကို သိရှိပြီးနောက် ဆရာဝန်များထံလာ၍ တိုင်ပင်ဆွေးနွေးကာ ခွဲစိတ်ကုသမှုကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေါက်တာ ပန်တမ် ဘီကာ၏ ပြောဆိုချက်ကို ကိုးကား၍ PTI သတင်းဌာန ကဖော်ပြထားသည်။ ထို့ပြင် သားအိမ် လှူသည့် အသက် ၄၄ နှစ်ရှိ မိခင်၏ ကျန်းမာရေးသည်လည်း ကောင်းမွန်သောကြောင့် ယခုကဲ့သို့ ခွဲစိတ်ကုသမှုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်း ဖြစ်ကြောင်းနှင့် သားအိမ် လက်ခံထားသည့် သမီးမှာမူ ကျန်းမာရေး ကောင်းမွန်သော်လည်း အထူးကြပ်မတ် ကုသဆောင်တွင် ရက်အနည်းငယ်နေကာ စောင့်ကြည့် ကုသမှုများ ခံယူရမည် ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ ပထမဆုံး သားအိမ်အစားထိုး ကုသမှုကို ဆွီဒင်နိုင်ငံ၌ ၂ဝ၁၂ ခုနှစ်တွင် အောင်မြင်စွာ လုပ်ဆောင်နိုင်ပြီး အဆိုပါ အစားထိုးထားသည့် သားအိမ်မှ ကမ္ဘာ့ ပထမဆုံး ကလေးမွေးဖွားမှုကို ၂ဝ၁၄ ခုနှစ်တွင် အောင်မြင်စွာ လုပ်ဆောင်နိုင်ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ