Beat the summer heat အပူဒဏ်ကာကွယ်ရန်


နွေအပူဒဏ်ကာကွယ်ဘို့ရာ အရိပ်ထဲမှာသာနေပါ။ နားနိုင်သမျှ နားနေပါ။ အိမ်ထဲ-ကျောင်းထဲ-ရုံထဲ-ရုံးထဲမှာသာနေပါ။ ပြင်းထန်တဲ့အလုပ်မျိုးတွေ ရှောင်ထားပါ။ ဖြစ်နိုင်ရင် အဲယားကွန်နဲ့ နေပါ။ အပြင်မှာအလုပ်လုပ်ရရင် အရိပ်ခိုတာ မကြာခဏလုပ်ပါ။ နေနဲ့တွေ့ချိန် နည်းနိုင်သမျှနည်းအောင်လုပ်ပါ။ အပြင်ထွက်စရာရှိရင် ပြင်ဆင်ပါ။ ချည်ထည် လက်ရှည်ဝတ်ပါ။ အနက်ရောင်မသင့်ပါ။ ထီး၊ ဦးထုပ်၊ ခမောက် ဆောင်းပါ။ နေကာမျက်မှန်တပ်ပါ။

ရေယူသွားပါ။ ရေကို အေးနေအောင်စီမံပါ။ ဖြစ်နိုင်ရင် လေအေးစက်ပါယာဉ်သုံးပါ။ ရေပန်း-ဖြန်းစရာသုံးနိုင်ပါတယ်။ ရေ တနေကုန်သောက်ပါ။ မဆာလည်းသောက်ပါ။ ဆာလာပြီဆိုတာ ရေနဲ့ ဓါတ်ဆား ခမ်းလာလို့ဖြစ်တယ်။ ORS ဓါတ်ဆားထုပ် သောက်ပါ။ သိပ်အေးတဲ့အရည်ကို မသောက်ပါနဲ့။ အစာအိမ်ကြွက်တက်သလို ဖြစ်စေနိုင်လို့ပါ။

အနာသက်သာဆေးတွေနဲ့ ဝမ်းနုပ်ဆေးတွေကို သိပ်လိုမှသာသောက်ပါ။ အကိုက်အခဲပျောက်ဆေးတွေက ချွေးထွက်စေတာ သတိထားပါ။ ရေဓါတ်နည်းစေတယ်။ အပူဒဏ်ခံရရင်ဘာတွေဖြစ်လာမလဲ၊ ဘယ်လိုလုပ်ရမလဲ သိထားပါ။ သူများဖြစ်ရင် အကူအညီပေးပါ။ Heat stroke အပူဒဏ်ဘယ်လိုခံမလဲစာရေးထားပါတယ်။

အရေပြားခြောက်နေရင် ဘာလုပ်ရမလဲ
အကြောင်းခံဆေးဝါးတွေဆိုရင် ဆေးဖြတ်တာနဲ့ သက်သာလာမယ်။ Emollient ဆေး နေ့စဉ်သုံးပါ။ Moisturizer စနစ်တကျသုံးပါ။ အပျော့စားတွေက Cetaphil lotion, Lubriderm lotion နဲ့ AmLactin 12% lotion ဆေးတွေ သုံးနိုင်တယ်။ အပြင်းစားတွေက Vaseline နဲ့ Aquaphor တွေဖြစ်တယ်။ Vaseline တနေ့ ၂-၃ ကြိမ်လိမ်းပါ။ Moisturizer နဲ့ Foundation တွေဟာ Sunscreen SPF 15 အနည်းဆုံးရှိသင့်တယ်။ နေကောင်းကောင်း ထွက်နေချိန်တွေ နေရောင်နဲ့ ထိတွေ့တာကို ရှောင်နိုင်သမျှရှောင်ပါ။ ရေဟာ လူ့အသက်ဖြစ်တယ်။ အရေပြားရဲ့အသက်လည်း ဖြစ်တယ်။ အစိုဓါတ်က အောက်ကနေအထက်ကို လာရတာ ဖြစ်တယ်။ ရေဓါတ်နည်းရင် အရေပြား ခြောက်သွေ့နေလို့ Moisturize သုံးရတယ်။ အဲတာတွေနဲ့ မရသေးရင် စတီရွိုက်ပါတဲ့လိမ်းဆေးတွေသုံးနိုင်တယ်။ Hydrocortisone 1% cream အပျော့စား၊ Pramosone 2.5% cream အပျော့စား၊ Triamcinolone 0.1% cream အလတ်စား၊ Clobetasol 0.05% cream အပြင်းစားတွေဖြစ်တယ်။ စတီရွိုက်ဆေးတွေက တာရှည်သုံးရင် အရေပြားကို ပါးစေတယ်။

ယားရင် Diphenhydramine (Benadryl), hydroxyzine (Vistaril, Atarax), Loratidine (Claritin) နဲ့ Cetirizine တွေ သောက်နိုင်တယ်။ အထူး Moisturizers တွေကိုလဲ သုံးနိုင်တယ်။ လက်တစ်အက်စစ်ပါတဲ့ (Amlactin, Lac-Hydrin) နဲ့ ယူရီယာပါတဲ့ (Urix or Carmol) တွေဖြစ်တယ်။ ရေမွှေးမပါတာက ကောင်းတယ်။

Calamine lotion လိမ်းဆေးက အရေပြားမှာအနေရခက်တာတွေကို သက်သာဆေးတယ်။ ယားတာသက်သာမယ်။ အင်းဆက်လို အကောင်ကိုက်တာ သက်သာမယ်။ ဆေးနဲ့မတည့်သူက မသုံးရပါ။ ကိုယ်ဝန်ဆောင်နေချိန်၊ ကလေး နို့တိုက်နေချိန်တွေမှာ မသုံးရပါ။ မျက်စိထဲမဝင်ရ။ အရေပြားနုကိုမလိမ်းရပါ။ ၆ လအောက်ကလေးတွေကို မသုံးရပါ။ ဆေးနဲ့မတည့်ရင် ဆေးလိမ်းရာမှာ နီရဲပြီး ယားလာမယ်။ သိပ်ဆိုးရင် အသက်ရှူခက်တာဖြစ်မယ်။

ရေအေးနဲ့သာ ရေချိုးပါ။ အဝတ်အစား ချောင်ချိတာနဲ့ ချည်ထည်သာ ဝတ်ဆင်ပါ။ အသက်ကြီးသူတွေ ပိုသတိထားပါ။ အရက်မသောက်ပါနဲ့။ မိုးလေဝသသတင်း နားထောင်နေပါ။ အကြံပြုချက်တွေကို လိုက်နာပါ။ ဆပ်ပြာ အပျော့စားသုံးပါ။ ဥပမာ Dove soapless cleanser, Aveeno cleanser, Cetaphil cleanser တွေဖြစ်တယ်။ အစားအသောက် လုံလောက် မျှတအောင် စားသုံးရမယ်။ အိုမီဂါ သရီးနဲ့ ဗီတာမင် (အေ) ကောင်းတယ်။ သနပ်ခါးစစ်စစ်ထက် ကောင်းတာ မရှိပါ။ သခွါးသီးလို အသီးအနှံတွေက ကြော်ငြာကောင်းကောင်း တံဆိပ်လှလှလေးတွေနဲ့ ဈေးကြီးကြီးပေးရတာတွေထက် အစစ်ကိုသာသုံးပါ။

နေကလည်း ဆူနေအောင်ပူ၊ လူသုံးစရာ သောက်စရာ ရေကရှား၊ သဘာဝတရားကပေးထားတဲ့ အေးစရာတွေရှာပါ။ အမိုးမှာထန်းရွက်၊ လက်ဖြစ်ဝါး၊ ကြမ်းကြားကလေ၊ ဗူးခါးရေ၊ စိတ်အနေ အေးဆေးပါစေ။ ဓါတ်ဆားရေ မှီဝဲပါလေ။ ကံတရား အားကိုးနိုင်ကြစေ။


ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ