မိခင်နို့ တိုက်ကျွေးမှုကို စောလျင်စွာရပ်ဆိုင်းရန်မသင့် ဟုဆို။


မွေးကင်းစကလေးငယ်များကို အသက် (၆)လပြည့်သည်အထိ မိခင်နို့ တိုက်ကျွေးရန်လိုအပ်သော်လည်း အမေရိကန်ပြည်ထောင်စုတွင် သားသည်မိခင်အများစုသည် ကလေးကိုနို့ တိုက်ကျွေးမှုအား စောလျင်စွာ
ရပ်ဆိုင်းနေကြသည့်အတွက် တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ပညာပေးခြင်းလုပ်ငန်းအား
ကျယ်ပြန့် စွာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မွေးကင်းစကလေးကို မိခင်နို့ တိုက်ကျွေးခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ပြီးဖြစ်သည့် အကျိုးကျေးဇူးကို ရရှိကြောင်း၊ အမေရိကန်အစိုးရက ၂၀၂၀ ခုနှစ်တွင် တစ်မျိုးသားလုံးကျန်းမာရေး လှုပ်ရှားမှုကို ရည်မှန်းကာ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ ယင်းလှုပ်ရှားမှုဖြင့် မွေးကင်းစကလေးကို မိခင်နို့  တိုက်ကျွေးသူ ဦးရေ ၈၁.၉ ရာခိုင်နှုန်း ရှိလာစေရေး၊ ၄င်းတို့ အနက် ၆၀.၆ ရာခိုင်နှုန်းက (၆)လပြည့်သည်အထိ နို့ တိုက်ကျွေးကာ ၃၄.၁ ရာခိုင်နှုန်းက တစ်နှစ်ပတ်လုံး နို့ တိုက်ကျွေးရေး ကို ရည်မှန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် မိခင်စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းက ကလေးကိုနို့ တိုက်သော်လည်း (၆)လအထိ နို့ တိုက်သူဦးရေမှာ ၅၁.၄ ရာခိုင်နှုန်း သာ ရှိကြောင်း၊ ၄င်းတို့ အနက် ၂၉.၂ ရာခိုင်နှုန်းကသာ ကလေးကို တစ်နှစ်ပတ်လုံး နို့ တိုက်သည်ကိုတွေ့ ရှိရ ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
မိခင်နို့ စတင်တိုက်ကျွေးသူဦးရေနှင့် ခြောက်လအထိနို့ တိုက်ကျွေးသူဦးရေမှာ ကွာဟလွန်းနေသည်ကို လျော့ချရန် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ကလေးမမွေးမီမှာပင် မိခင်နို့ တိုက်ကျွေးရန်လိုအပ်ကြောင်း နားဝင်အောင် ရှင်းပြ ထားရန် လိုအပ်ကြောင်း၊ မီးဖွားပြီးလျင်လည်း မိခင်များကို တစ်ဦးခြင်းပညာပေးဆွေးနွေးကြောင်း၊ မိခင်များအနေဖြင့် စိတ်ပိုင်းဆိုင်ရာအားနည်းချက်ရှိပါက တာဝန်ရှိသူများက စိတ်ဓါတ်မြှင့်တင်ရေးလုပ်ငန်းများကိုလည်း အိမ်တိုင် ယာရောက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိခင်တစ်ယောက်က ကလေးကိုနို့ မတိုက်ဘူးဆိုပြီးငြင်းရင်တော့ ကျွန်တော်တို့ က အတင်းအကျပ်လုပ်လို့ မရပါဘူး။ ဒါဟာ သူ့ ရဲ့ လူ့ အခွင့်အရေးဖြစ်ပါတယ်။ နို့ တိုက်မယ်ဆိုရင်တော့ အနည်းဆုံး ခြောက်လအထိပြည့်အောင် တိုက် ဖို့  လိုပါတယ်။ ခြောက်လပြည့်အောင် နို့ မတိုက်ဘူးဆိုရင် ကလေးရဲ့ ခန္ဓာကိုယ်တွင်း ရောဂါခုခံအားကစပြီး အားနည်းသွားနိုင်ပါတယ်ဟု သုတေသီတစ်ဦးက ရှင်းပြသည်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ