Baby Sex Determination အထီး-အမ ပြင်မရပါ


ဆရာရှင့် ကိုယ်ဝန်လနုချိန်မှာ အစားအစာနဲ့ ကလေးရဲ့ sex ကို ပြောင်းလို့ရတယ်ဆိုတာ ဟုတ်ပါသလားရှင်။ သူငယ်ချင်းတွေက ဆရာ့ wall မှာ တင်ထားပေးတယ်ဆိုလို့ သမီးရှာတာမတွေ့လို့ပါရှင်။

မဟုတ်ပါ။ သန္ခေဖြစ်ကတည်းက ကျား-မ ပြဋ္ဌာန်းပြီးဖြစ်တယ်။ သန္ခေသားတခုဟာ ယောက်ျားလေးဖြစ်မလား မိန်းကလေးဖြစ်မလားဆိုတာ လူတိုင်းမှာ တစုံစီရှိကြတဲ့ ခရိုမိုဇုမ်းတွေကနေပြဋ္ဌာန်းတယ်။ မိန်းကလေးတိုင်းမှာ XX နဲ့ ယောက်ျားလေးတိုင်းမှာ XY ပါတယ်။ လူတိုင်းမှာ ခန့်မှန်းချေ ခရိုမိုဇုမ်း ၂၅ဝဝဝ စီရှိကြတယ်။

ဖခင်ရဲ့သုက်ပိုးတွေထဲမှာ တခချို့က X နဲ့ တချို့က Y ကိုသယ်ဆောင်လာကြတယ်။ မိခင်မျိုးဥကို X နဲ့တွေ့မှာလား Y နဲ့ တွေ့မှာလားအပေါ်မူတည်ပြီး မွေးလာမယ့်ကလေးဟာ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ဖြစ်လာမယ်။ တနည်းအားဖြင့် သုက်ပိုးတွေက မမျိုးဥဆီကို ကူးခတ်သွာလာရာမှာ ဘယ်သုက်ပိုးက အရင်ဆုံးရောက်ပြီ ပေါင်းစပ်သလည်းဆိုတာအပေါ်မှာ မူတည်နေတယ်။ အဲလိုဖြစ်မှာကို ဘာနဲ့မှထိန်းချုပ်လို့မရပါ။

အဲဒီနောက်မှာ ကျားဟော်မုန်းနဲ့ မဟော်မုန်းတွေကနေ ပြောင်းလဲမှုတွေကိုဖြစ်လာစေတယ်။ ကိုယ်ဝန် ၇ ပါတ်မှာအဲလို မတူတော့တာတွေ (ကျားလိင်အင်္ဂါ၊ မလိင်အင်္ဂါ) စဖြစ်တယ်။ အာလ်ထွာဆောင်းရိုက်ရင် ၁၆ ပါတ်ထက်စော မသိနိုင်ဘူး။ အသင့်ဆုံးက ၁၈ ပါတ်နဲ့ ၂ဝ ပါတ်မှာရိုက်မှသေချာတယ်။ အာလ်ထွာဆောင်းရိုက်ချိန်မှာ ကလေးအနေအထားအပေါ် မူတည်ပြီး ထင်ရှားမှုဖြစ်နိုင်တယ်။

စောသိချင်ရင် Amniocentesis ခေါ်တဲ့ရေမြွာရည်စုပ်ယူပြီး Chromosomes ခရိုမိုဇုမ်းကိုစစ်ရတယ်။ ၇ ပါတ်မှာစမ်းရင် ၉၅% သေချာတယ်။ ၂ဝ ပါတ်မှာစမ်းရင် ၉၉% သေချာတယ်။ ဒီနည်းကို အသက် ၃၅ နှစ်ကျော်မှ ကိုယ်ဝန်ရသူတွေကို လုပ်တယ်။ မျိုးဗီဇချို့ယွင်းချက်တွေ ပါနေမနေသိဘို့ဖြစ်တယ်။ ဥပမာ Down syndrome ဒေါင်းဆင်းရုမ်းနဲ့ကလေး။
အရင်တင်ထားဘူးတာတွေက ခန့်မှန်းချက်တော့နဲ့ စိတ်ကူးယဉ်ဘို့သာဖြစ်ပါတယ်။

မိခင် မျိုးဥဆီက Pronuclei နဲ့ ဖခင်သုက်ပိုးဆီက Pronuclei နှစ်ခုဟာ ထိစပ်ယုံသာဖြစ်တယ်။ တခုတည်းအဖြစ် ပေါင်းစပ်လိုက်ကြတာတော့ မဟုတ်ပါ။ ခရိုမိုဇုမ်းတွေလည်း အီကွောတာမျဉ်းတဖက်စီမှာ ခုထိစပ်တာသာ ဖြစ်ကြတယ်။ ဆက်ပြီး ခရိုမိုဇုမ်းတွေက အညီအမျှခွဲလာရာကနေ ပထမဆုံး ဆဲလ် တွေဖြစ်တာတယ်။ ဆဲလ် ၂ ခု ဖြစ်လာဘို့ရာ ၂၂-၂၆ နာရီသာကြာတယ်။ အဲလိုဖြစ်လတာကို Zygote ခေါ်တယ်။ သန္ခေလို့ပြောနိုင်ပြီ။

ဒါကြောင့် အရေးပေါ်ကိုယ်ဝန်တားဆေးသောက်တာနဲ့ပတ်သက်ပြီး သန္ခေဖြစ်စဉ်ကို တိတိကျကျသိကြသူတွေက ကိုယ်ဝန်ကိုတားတာဟုတ် မဟုတ် ငြင်းချက်ထုတ်ကြတာဖြစ်ပါတယ်။ Ecee-2 လိုအရေးပေါ်ကိုယ်ဝန်တေားဆေးကို အတူနေပြီး ၇၂ နာရီအတွင်းမှာ သောက်ရတာဖြစ်လို့ အဲဒီအချိန်မှာ ရှင်းပြခဲ့တဲ့ဖြစ်စဉ်အဆင့် ကျော်လာခဲ့ပြီဆိုတာကို မှန်းကြည့်နိုင်ပါတယ်။ ဒါပေမယ့် သားအိမ်နံရံကိုတော့လာပြီး တွယ်ကပ်တာမဖြစ်သေးချိန်မို့ အပြစ်ကင်းတယ်လို့ ရှင်းထားပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ