Alcohol & Hepatitis C အသည်းရောင်စီနှင့် အရက်


Alcohol & Hepatitis C အသည်းရောင်စီနှင့် အရက် မတွဲသင့်ပါ။ အသည်းရောင်စီရှိနေသူ အသည်းဆဲလ်တွေရောင်နေတယ်။ ပျက်စီးနေတယ်။ ကြာလေပျက်နေတာက များလာလေ။ အရက်နဲ့တွဲလိုက်ရင် ဆိုးနေတာတွေကိုပိုဆိုးစေတယ်။ ပြန်မကောင်းနိုင်တော့တဲ့ အသည်းအမာရွတ် ခေါ် အသည်းခြောက်တာဖြစ်လာမယ်။

တခြားအသည်းရောဂါတွေနဲ့ အရက်လည်းမတွဲသင့်ပါ။ အသည်းကနေ အဆိပ်အတောက်ဖြစ်စရာတွေကို ရှင်းလင်းပေးနေတယ်။ အရက်ထဲကအဆိပ်ကိုနိုင်အောင်မရှင်းနိုင်ဖြစ်လာနိုင်တယ်။

နာတာရှည်အသည်းရောင်ဖြစ်လာရင် အသည်းအဆီဖုံးခြင်းလည်းဖြစ်လာနိုင်တယ်။ အရက်အသည်းရောင်ခြင်းလည်း ဖြစ်လာနိုင်တယ်။ အရက်အသည်းခြောက်ခြင်းလည်း ဖြစ်နိုင်တယ်။ အသည်းအဆီဖုံးခြင်းဟာ အရက်အသည်းရောင်ခြင်း အစောပိုင်းအဆင့်ဖြစ်တယ်။ အဲတာကဆိုးရင် အသည်းခြောက်သလိုပဲ ရင်းစားပြန်မရတော့ပါ။

အသည်းရောင်စီက သွေးကနေကူးစက်တယ်။ သူတို့ထဲက ၆ဝ% ကနေ ၇ဝ% ဟာ နာတာရှည်အသည်းရောင်ရောဂါ ဖြစ်လာနိုင်တယ်။ ၅% ကနေ ၂ဝ% တို့ဟာ အသည်ြးောခက်ရောဂါဖြစ်တယ်။

၁၉၉၇ ခုနှစ်ကလေ့လာမှုအရ တနေ့မှာ အရက် (အယ်လ်ကိုဟော) 50 gm (3.5 drinks) သောက်ရင် အသည်းအမာရွတ် နဲ့ အသည်းခြောက်တာဖြစ်ဘို့အခွင့်အလမ်းများတယ်လို့တွေ့ရတယ်။ ပြင်သစ်မှာ လူပေါင်း ၆၆ဝဝ ကို လေ့လာမှုတခု လုပ်တယ်။ အရက်သောက်များသူတွေရဲ့ ၃၅% တို့မှာ အသည်းခြောက်တာဖြစ်လာကြတယ်။ အရက်သောက်မများသူတွေ ထဲကတော့ ၁၈% မှာသာ အသည်းခြောက်တယ်။

အရက်ဟာ အသည်းရောင်စီကုသနေတာကိုလည်း ခက်ခဲစေတယ်။ Interferon အင်တာဖရွန်ထိုးဆေးက အသည်းခြောက်မှာကို နှေးစေတယ်။ အရက်သော်ရင် ဆေးထိုးနေသူတွေ အသည်းခြောက်တာကိုမြန်စေတယ်။ ၁၉၉၄ ခုက ဂျပန်မှာလေ့လာမှုတခုလုပ်တော့ အရက်မသောက်တဲ့ အသည်းရောင်စီရှိသူတွေ ၃ဝ% မှာ အင်တာဖရွန်ထိုးတော့ အသည်းအင်ဇိုင်းမ်တွေ ပုံမှန်ရောက်လာတာတွေ့ရတယ်။ အရက်များသူတွေမှာတော့ ၆% သာ အဲလိုတိုးတက်မှုရှိတယ်။

အသည်းရောင်စီနှင့် အရက် မတွဲသင့်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ