မာမာလာပင်ကရတဲ့ သစ်ခေါက် ကနေ ထုတ်ထားတဲ့ ဆေးလက်ဖက် ရည်မှာ AIDS ကို
တိုက်ခိုက်နိုင်တဲ့ ဓာတ်ပေါင်းပါဝင်နေတယ်လို့ သိပ္ပံ ပညာရှင်တွေ
တွေ့ရှိခဲ့ပါတယ်။ ဒီ ဆေး လက်ဖက် ရည်ကို တောင်ပစိဖိတ် ကျွန်းတစ်ကျွန်းဖြစ်တဲ့
Samoa ကျွန်းမှာ တိုင်းရင်းဆေးဆရာတွေက အသည်း ရောင်ရောဂါကို
ကုသအောင်မြင်ခဲ့ ရာကနေ သုတေသနပြုဖော်ထုတ် နိုင်ခဲ့တာဖြစ်ပါတယ်။
မာမာလာ ( mamala tree )ရဲ့ သစ်ခေါက်ကနေ ဖော်စပ်ထားတဲ့ လက်ဖ...က်ရည်မှာ
ပါဝင်တဲ့ Prostratin ကြောင့် အခုလိုဗိုင်းရပ်တွေကို တိုက် ခိုက်နိုင်တာလို့
သုတေသီတွေက ယူဆခဲ့ပါတယ်။ ဓာတ်ခွဲခန်းမှာ Prostratin ကို စမ်းသပ်မှုများစွာ
ပြု လုပ်ခဲ့ရာမှာ HIV ဗိုင်းရပ်ကို လူသားတွေရဲ့ ဆဲလ်တွေလို ကူးစက်
ဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ခြင်း၊ ခိုအောင်းနေသော ကူးစက်ပြီး ဗိုင်း
ရပ်တွေကို တိုက်ခိုက်နိုင်ခြင်းတွေကို တွေ့ရှိခဲ့ပါတယ်။
လက်ရှိ
HIV/ AIDS မှာ အသုံးပြုနေတဲ့ ဆေးဝါးတွေဟာ လူနာရဲ့ သွေးထဲက active ဖြစ်နေတဲ့
ဗိုင်းရပ်ပမာဏကိုနည်းပါးစေဖို့ ပစ် မှတ်ထားတာကြောင့် ဆေးဝါးရပ် လိုက်တာနဲ့
ဗိုင်းရပ်တွေ လျင်မြန် စွာများလာနိုင်ပါတယ်။ Protratin မှာတော့ အဲဒီ
အာနိသင်ကိုချေ ဖျက် နိုင်ခြင်းရှိမရှိနဲ့ ကိုယ်ခန္ဓာထဲကနေ ဗိုင်းရပ်ကင်းစင်
အောင် ပြုလုပ်နိုင် စွမ်းရှိမရှိကိုသုတေသီတွေ လေ့လာ နေပါတယ်။ National
Cancer Institute ကတော့ အသည်းရောင် ခြင်း ကို Samoa တိုင်းရင်းဆေးနည်း
က ကုသနိုင်ခဲ့ခြင်းမှာ Prostratin က အဓိကပါဝင်ပစ္စည်းဖြစ်တယ်ဆို
တာအတည်ပြုထားပါတယ်။ သူ့ရဲ့ အားနည်းချက်ကတော့ Mamala အပင်ရဲ့ပင်စည်ကနေမှ
prostratin ပမာဏအနည်းငယ်သာ ရရှိနိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဒီလေ့လာမှုကို Stanford University မှ သုတေသီ Paul A Wender နဲ့အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ တာဖြစ်ပါတယ်။
ငြိမ်းအေး
Ref; PTI
Health Updates Journal
မာမာလာ လက်ဖက်ရည်နှင့် AIDS
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin