Vitamins and memory ဗီတာမင်တွေက မှတ်ဉာဏ်တိုးစေနိုင်သလား


၁။ စိတ်ညစ်စရာတွေများပြီး အခု ကျွန်တော့် ဦးနှောက်က ပုံမှန်အကြောင်းအရာတွေတောင် စဉ်းစား ပြီးမှ ပြောလို့ရတယ် ဆရာ။ ဥပမာ လူနာမည်တို့ အရင်က ကျက်ဖူးထားတဲ့ English meaning တို့က အခုမေ့ကုန်တယ်ဆရာ။ မနေ့က အကြောင်းကို ဒီနေ့လိုကျရင် သိပ်မမှတ်မိချင်ဘူးဆရာ။ မနည်းစဉ်းစားနေရတယ်။ ကျွန်တော့် ဦးနှောက် ကြောင်သွားပြီလား မသိဘူး။ ဆရာ ကူညီပါဦးဗျာ။

၂။ ဆရာ သမီးက အသက် ၃၈ နှစ်ရှိပါပြီ။ သတိအရမ်းမေ့တတ်လို့ ဆေးညွှန်းပေးပါအုံးရှင့်။

ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေကို ဆယ်စုနှစ်နဲ့ သောက်ခဲ့ကြတဲ့ လူကြီးတွေမှာ မှတ်ဉာဏ်စမ်းသပ်မှု လုပ်ကြည့်တော့ ပိုကောင်းကြတာကို ပြင်သစ်မှာတွေ့လာရတယ်။ အသက်ကြီးလာသူတွေဟာ အစားအစာ လုံလောက် ပြည့်စုံအောင် စားသုံတော့ စဉ်းစားမှုနဲ့ မှတ်ဉာဏ်အတွက် ပိုကောင်းမယ်ဆိုတာ ဒိထက်ကျယ်ပြန့်တဲ့ လေ့လာမှုတွေတော့ လိုပါသေးတယ်။ အာဟာရပညာရှင်ပြောတာက ဗီတာမင်တွေကို လူတိုင်းသောက်သင့်ပါတယ်။

ဗီတာမင်နဲ့ ဓါတ်ဆား နည်းနေသူတွေအတွက်ကတော့ မှတ်ဉာဏ်တိုးစေနိုင်ပါတယ်။ အရင်ကလည်း အစာအာဟာရ ကောင်းမွန်ပြည့်စုံတာနဲ့ စဉ်းစားမှုနဲ့မှတ်ဉာဏ် ဆက်စပ်နေတာကို သိထားပြီးသားပါ။ ဒါပေမဲ့ အကြောင်းနဲ့အကျိုး ဆက်စပ်မှုသာ မသိခဲ့တာ။ အာဟာရအပေါ် စဉ်းစားတွေးခေါ်မှုကမှီတည်သလား၊ ပြောင်းပြန်လား။ သေခြာတာ အသိပညာ အတွေးအမြင် ကောင်းသူတွေက အစားအစာကိုလဲ ကောင်းမွန်တာ ရွေးတတ်တယ်လို့ သူကပဲ ဆက်ပြောပါတယ်။

ပြင်သစ်နိုင်ငံသူ နိုင်ငံသားပေါင်း ၄၅ဝဝ လောက်ကို စမ်းသပ်ခဲ့တာပါ။ ၁၉၉၄ ကတည်းက အစမ်းသပ်ခံမဲ့သူတွေကို အုပ်စု ၂ ခုခွဲပြီး တစုကို နေ့တိုင်း Vitamins C and E, Selenium, Zinc နဲ့ beta-carotene တွေကို (၈) နှစ်တာတိုက်ပေးခဲ့တယ်။ ကျန်တအုပ်စုကိုတော့ Placebo pill ခေါ်တဲ့ အဲလိုအာဟာရဓါတ်မပါတဲ့ ဆေးကိုသာ ပေးခဲ့တာဖြစ်တယ်။ ကာယကံရှင်တွေဟာ သူတို့သောက်တဲ့ဆေးက ဗီတာမင်ဆေး အတုလား အစစ်လား မသိကြပါ။ (၈) နှစ်ကြာတော့ သူတို့ သောက်ချင်တာကိုသာ သောက်စေခဲ့တယ်။ နောက် (၆) နှစ်အကြာမှာ ဓါတ်ခွဲခန်းကို ပြန်ခေါ်ပြီး တူညီတဲ့ မှတ်ဉာဏ်စမ်းသပ်မှုတွေ လုပ်ပါတယ်။ ရေရှည်မှတ်ဉာဏ် ပြိုင်ပွဲမှာ ဗီတာမင်ဆေး အစစ်ပေးခဲ့သူတွေက အနိုင်ရရှိတာ တွေ့ရတယ်။

မျှတကောင်းမွန်တဲ့ အဆိပ်အတောက် ဖယ်ပေးတဲ့ အာဟာရဆေးတွေကို သင့်လျှော်တဲ့အဆပေးပြီးစမ်းတာဖြစ်ပြီး၊ အသိတရားဆိုင်ရာအလုပ်၊ အထူးသဖြင့် စကားမှတ်ဉာဏ်အတွက် အကျိုးဖြစ်စေတယ်။ ဗီတာမင် သောက်တာဟာ ဦးနှောက်စွမ်းအားအတွက်ဆိုတာသိဘို့က ပိုအရေးကြီးပါတယ်။ ဗီတာမင်တွေဟာ မှတ်ဉာဏ်အတွက် ကောင်းတယ်။ ပိုအရေးကြီးတာက ဦးနှောက်ဉာဏ်သန်နေစေဘို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာစားသုံးဘို့နဲ့ တက်ကြွနေဘို့ပါဘဲ။

အသက်ကြီးလာသူတွေဟာ အစားအစာ လုံလောက် + ပြည့်စုံအောင်စားသုံတော့ စဉ်းစားမှုနဲ့ မှတ်ဉာဏ်အတွက် ပိုကောင်းမယ်ဆိုတာ ဒိထက်ကျယ်ပြန့်တဲ့ လေ့လာမှုတွေတော့ လိုပါသေးတယ်။ Vitamins ဗီတာမင် နဲ့ Minerals ဓါတ်ဆား နည်းနေသူတွေ အတွက် ကတော့ မှတ်ဉာဏ် တိုးစေနိုင်ပါတယ်။

အရင်ကလည်း အစာအာဟာရ ကောင်းမွန်ပြည့်စုံတာနဲ့ စဉ်းစားမှုနဲ့ မှတ်ဉာဏ် ဆက်စပ်နေတာကို သိထားပြီးသားပါ။ ဒါပေမဲ့ အကြောင်းနဲ့အကျိုး ဆက်စပ်မှုသာ မသိခဲ့တာ။ မြန်မာနိုင်ငံသားတွေ ဉာဏ်ကောင်း အကြံကောင်း ကံကောင်းကြပါစေ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ